လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Top Ten Android Launchers Ever

စက်ရုပ်ချစ်သူတို့အတွက် အလှူအိမ် ရဲ့ အထူးဝန်ဆောင်မှုအနေနဲ့ ပထမတစ်ခါ
Play Store မှာ ပိုက်ဆံပေးဝယ်ရတဲ့ Paid Version Go SMS Theme တွေကို
စုစည်းမှုအနေနဲ့ Theme 32ခု တင်ပေးခဲ့ပါတယ် ။
အခု . . . ဒုတိယမြောက်စုစည်းမှုလေးတစ်ခုပေါ့ ။
Phone Magazine တွေ ၊ Developer တွေ ၊ အကဲဖြတ်သုံးသပ်သူတွေ ၊ User တွေရဲ့
ရွေးချယ်မှုတွေကို ရှာဖွေလေ့လာပြီး ကျွန်တော်ကိုယ်တိုင် အကုန်လုံးကိုစမ်းသုံးကြည့်ခဲ့ပြီး
အားလုံးရဲ့ အကြိုက်တူ ( ဘုံ ) ဖြစ်နေတဲ့ Android Launcher 10 ခုကိုရွေးထုတ်တင်ဆက်မှာ
ဖြစ်ပါတယ် ။ Free ရနိုင်တဲ့ Launcher တွေပါသလို ပိုက်ဆံပေးဝယ်ရတဲ့ Launcher တွေလဲပါပါတယ် ။
တကယ်တော့ ပိုက်ဆံပေးဝယ်ရတယ်ဆိုတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး ။
အသုံးဝင်မှု နဲ့ အသုံးလွယ်မှုပေါ်မူတည်ပြီး ပေါ့ပါးသွက်လက်မှု ၊ စိတ်ကြိုက်ပြုပြင်နိုင်မှု စတာတွေနဲ့
ချိန်ထိုးရွေးချယ်ထားခြင်းဖြစ်ပါတယ် ။

The Best Ten Android Home Launchers Ever

1 . Go Launcher EX
Requires Android  - 2.0 and Up
Play Store Price - Free
လူကြိုက်များ Home Launcher တစ်ခုဖြစ်ပါတယ် ။ 
Free ရတယ်ဆိုပေမဲ့ တော်တော်ကောင်းတဲ့ Launcher တစ်ခုပါ ။ ပေါ့ပါးသွက်လက်ခြင်း ၊
အသွင်အပြင်လှပသေသပ်ခြင်း ၊ Folder ဖန်တီးနိုင်ခြင်း ၊ App Icon ပြောင်းနိုင်ခြင်း ၊
App Name ပြောင်းနိုင်ခြင်း ၊ ဘာသာစကား ( မြန်မာစာအပါအ၀င် ) တော်တော်များများကို
Support လုပ်နိုင်ခြင်း စတာတွေကြောင့် လူကြိုက်များလွန်းတဲ့ Launcher တစ်ခုအဖြစ်
ရပ်တည်နေပါတယ် ။ ဒါ့အပြင် Go SMS ၊ Go Locker Go Widget စတဲ့ အရာတွေကိုလဲ
တဆက်တည်းထုတ်လုပ်ထားပြီး အလွယ်တကူရယူနိုင်အောင် Launcher မှာ Go Store ကို
Built in ထည့်သွင်းပေးထားပါသေးတယ် ။ Free ရယူနိုင်တဲ့ Theme ပေါင်းမြောက်များစွာ ၊
Widget ပေါင်းမြောက်များစွာ နဲ့ Go Launcher Ex ဟာ ထိပ်ဆုံးနေရာမှာ ရှိနေဖို့ 
လုံလောက်ပါတယ် ။ 
Download >>>>  Go Launcher Ex Download Link !!     

2 . Launcher PRORequires Android - 2.0 and UP
Play Store Price - 3.5$
 ပေါ့ပါးသွက်လက်ခြင်း ၊ စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း ၊ Home Screen စိတ်ကြိုက်ပေးနိုင်ခြင်း ၊
Dock Shortcut စိတ်ကြိုက်ထားနိုင်ခြင်း ၊ 2D , 3D App Drawer စသည်တို့ဖြင့်
LauncherPro ဟာလဲ လူကြိုက်များ Launcher တစ်ခုဖြစ်ခဲ့ပါတယ် ။ 
Free ပေးထားပေမဲ့ Function အစုံသုံးနိုင်ဖို့ကိုတော့ Unlock Key လိုအပ်ပါတယ် ။
Unlock Key ကိုတော့ Play Store မှာ 3.5$ နဲ့ရောင်းပါတယ် ။ 
Phone Arena ရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ Launcher 
ဖြစ်ပါတယ် ။ တော်တော်ကို ပေါ့ပါးပြီး သုံးရတာအဆင်ပြေပါတယ် ။
ကျွန်တော် Unlock Key ပါ တွဲတင်ပေးထားပါတယ် ။ LauncherPro ကို အရင်သွင်းပါ ။ 
ပြီးရင် Unlock Key ကိုသွင်းပါ ။ ပြီးရင် LauncherPro Setting ထဲမှ Launcher Restart 
လုပ်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်။   
Download >>> LauncherPro Download Link !!     
                                  LauncherPro Plus Unlock Download Link!! 

 3 . Apex Launcher Pro
Requires Android - 4.0 and Up
Play Store Price - 4.00 $
Android 4.0 ဖုန်းတွေရဲ့ Stock Launcher နေရာမှာ အခန့်သားနေရာဝင်ယူနေတဲ့
Launcher တစ်ခုဖြစ်ပါတယ် ။ 
Scrollable Dock Shortcut  ၊ Fancy Transition Effect စတာတွေအပြင် 
Home Screen များစွာဖန်တီးနိုင်မှု ၊ ပေါ့ပါးသွက်လက်ခြင်း ၊ ဒီဇိုင်းသေသပ်ခြင်း ၊
Theme များစွာရယူနိုင်ခြင်းတို့ကြောင့် နာမည်ကျော် Launcher တစ်ခုဖြစ်လာပါတယ် ။
Free ပေးထားပေမဲ့ Full Version Unlock Key ကိုတော့ 4$ နဲ့ရောင်းချပါတယ် ။
ရေခဲညှပ်သမားတွေ သုံးကြည့်သင့်တဲ့ Launcher တစ်ခုဖြစ်ပါတယ် ။
Download >> Apex Launcher Download Link !!                                  Apex Launcher Pro Unlock Download Link!!

4 . TSF Shell 3D PRO ***
Requires Android - 2.1 and Up
Play Store Price - 16.80$
Traditional Operating System နဲ့ Launcher တွေကို မေ့ပစ်လိုက်ပါတော့ လို့ ညွှန်းရမဲ့အထိ
ကောင်းမွန်ဆန်းသစ်လွန်းတဲ့ အသွင်အပြင် Brand New Operating System စနစ်သုံး
Launcher တစ်ခုဖြစ်ပါတယ် ။ 3D စတိုင် Launcher တစ်ခုဖြစ်တာနဲ့အညီ 
3D ရဲ့ အရသာကို ပြည့်ပြည့်၀၀ခံစားနိုင်ပါလိမ့်မယ် ။ Play Store မှာရှိတဲ့ Launcher တွေထဲမှာ
ဈေးအကြီးဆုံး Launcher တစ်ခုလဲဖြစ်ပါတယ် ။ 3D Gallery , Music Widget ,
New Style Memo Widget , New Style Weather Widget , မိမိနှစ်သက်ရာဓါတ်ပုံကို
Home Screen မှာ ချိတ်ထားတဲ့ဟန်ပြုလုပ်နိုင်တဲ့ Pandent Widget , စသည်ဖြင့်
မည်သည့် Launcher နဲ့မျှမတူညီတဲ့ အမြင်မျိုး သင်မြင်ရနိုင်ပါတယ် ။ 
အလှူအိမ်ရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် နေရာမှာရှိတဲ့ Launcher တစ်ခုပါ ။ 
Theme ပေါင်းမြောက်များစွာ ရယူနိင်မှု ကလဲ သင့်ကိုစိတ်ကျေနပ်ပါစေမယ် ။
ပေါ့ပါးသွက်လက်မှု ၊ ဒီဇိုင်းဆန်းသစ်မှု ၊ စိတ်ကြိုက်ဖန်တီးနိုင်မှု စတဲ့အချက်တွေနဲ့ ပြည့်စုံနေတဲ့
TSF Launcher Pro ဟာလဲ Top Ten စာရင်းထဲမှာ အခိုင်အမာနေရာရနေဖို့ လုံလောက်ပါတယ် ။
Download >>> TSF Shell 3D PRO Download Link !!         


5 . Nova Launcher Prime
Requires Android - 4.0 and Up
Play Store Price - 4$
 Android 4.0 ဖုန်းတွေရဲ့ Home Screen မှာ Apex Launcher နဲ့အပြိုင် နေရာယူထားတဲ့
နောက်ထပ် Launcher တစ်ခုဖြစ်ပါတယ် ။ ဆန်းသစ်တဲ့ ဒီဇိုင်းအသွင်အပြင်နဲ့
ပေါ့ပါးသွက်လက်မှုကလဲ Nova ရဲ့ အားသာချက်တစ်ခုဖြစ်စေခဲ့ပါတယ် ။
Custom Icon Support လုပ်နိုင်မှု ၊ အသုံးပြုရလွယ်ကူမှု ၊ စိတ်ကြိုက်အရောင်ပြောင်းလဲနိုင်မှု
စတဲ့အချက်တွေနဲ့ Nova ဟာ နံပါတ်ငါးနေရာမှာ ရှိနေတာထက် ပိုသင့်ပါတယ် ။
Free Version နဲ့ Premiun Unlock Key ဆိုပြီး ရှိပါတယ် ။ Unlock Key ကိုတော့
၎ဒေါ်လာနဲ့ရောင်းချပါတယ် ။
Download >>> Nova Launcher Download Link !!
                     Nova Launcher Prime Unlock Download Link!!

6 . ADW Launcher EX
Requires Android - 1.6 and Up
Play Store Price - 3.03$
Android Version တော်တော်နိမ့်နိမ့်တွေအထိ အသုံးပြုနိုင်တဲ့ ADW Launcher ဟာ
Go Launcher Ex လောက် လူကြိုက်မများပေမဲ့ Go Launcher Ex ထက် စွမ်းဆောင်ရည်
မနိမ့်လှပါဘူး ။ Theme ပေါင်းများစွာ ရယူနိုင်မှု ၊ Icon Pack ပြောင်းလဲနိုင်မှု ၊
စိတ်ကြိုက်ဖန်တီးနိုင်မှု ၊ ပေါ့ပါးသွက်လက်မှု နဲ့ ဒီဇိုင်းအသွင်အပြင် ရိုးရှင်းသေသပ်ခြင်းတို့ကြောင့်
ADW Launcher Ex ဟာ Top Ten စာရင်းထဲမှာအခိုင်အမာ နေရာရနေပြီဖြစ်ပါတယ် ။
Free Version နဲ့ EX Version ဆိုပြီး နှစ်မျိုး ရှိပြီး Ex Version ကို Play Store မှာ
၃ဒေါ်လာကျော် နဲ့ ရောင်းချပါတယ် ။ ကျွန်တော့ဆီမှာတော့ Free Version ကို မတင်ပေးတော့ပဲ
Ex Version တစ်ခုထဲသာ တင်ထားပါ့မယ် ။ သူက Unlock Key ပုံစံမဟုတ်ပဲ
Free Version က သပ်သပ် ၊  Ex Version က သပ်သပ် ဖြစ်တာကြောင့်ပါ ။ 
Download >>> ADW Launcher EX Download Link!!   
7 . MX Home 3D Launcher  Requires Android - 2.1 and Up
Play Store Price - Free
     Mx Home အကြောင်း စပြောဆိုရင် ချစ်စရာကောင်းတဲ့ Icon Design လေးတွေက
စပြောရပါလိမ့်မယ် ။ 3D Style ဒီ Launcher လေးဟာ စိတ်တိုင်းကျ အလှဆင်နိုင်မှုတွေ
တော်တော်များများလုပ်နိုင်ပါတယ် ။
App name ပြောင်းလဲနိုင်မှု ( မြန်မာစာဖြင့် ပြောင်းနိုင်သည် ) ၊ Folder တည်ဆောက်နိင်မှု ၊
App Drawer တွင် အမျိုးအစားအလိုက် ခွဲထားနိုင်မှု ၊ စတာတွေအပြင် လှပတဲ့
Battery Widget လေးကလဲ ဆွဲဆောင်နေပါတယ် ။ ပေါ့ပါးသွက်လက်မှုမှာလဲ
ဒိပြင် Launcher တွေထက် မညံ့ပါဘူး ။ Play Store မှာလဲ Free ရယူနိုင်တဲ့ MX Home ဟာ
Theme ထောက်ပံ့မှုများစွာလဲ ရှိနေပါသေးတယ် ။ 
Download >>> MX Home 3D Launcher Download Link!!       
8 . SPB Shell 3D Launcher  
Requires Android - 2.1 and Up
Play Store Price - 14.95$
Play Store ရဲ့ တန်ဖိုးကြီး Launcher တွေထဲက တစ်ခုပါ၁၅ဒေါ်လာနီးပါး တန်ကြေးရှိပါတယ် ။
Real 3D Home Screen , 3D Widget တွေနဲ့ ဒီ Launcher ဟာလဲ 3D အရသာကို
ထိထိမိမိရရှိစေမဲ့ Launcher တစ်ခုဖြစ်ပါတယ် ။
Widget Panel များခွဲထားခြင်း ၊ ဇိုင်းအသွင်အပြင်ဆန်းသစ်လွန်းခြင်း ၊ ပေါ့ပါးသွက်လက်ခြင်း ၊
Smart Folder System စသည်တို့ကြောင့် ဈေးကြီးပေးရကျိုးနပ်ပြီး ဖုန်းတိုင်းမှာ ရှိသင့်တဲ့
Launcher လို့ Developer တွေက ညွှန်းပါတယ် ။ ဒါပေမဲ့ အသုံးပြုရာတွင် 
အနည်းငယ်ရှုပ်ထွေးနေဟန်က အဆင့်သတ်မှတ်ချက်ကို နိမ့်ကျသွားစေခဲ့ပါတယ် ။
သုံးတတ်သွားရင်တော့ အရမ်းကိုကောင်းတဲ့ Launcher တစ်ခုဖြစ်ပါတယ် ။
Download >>> SPB Shell 3D Launcher Download Link!!        
9 . Window 8 For Android
Requires Android - 2.1 and Up
Play Store Price - 1.99$
  နောက်ဆုံးပေါ် Window ဖုန်းတွေရဲ့ အသွင်အပြင်နဲ့ ဒီ Launcher 8 ဟာ
သင့်ဖုန်းပေါ်မှာ Window 8 စတိုင် စွမ်းဆောင်ပေးပါလိမ့်မယ် ။ အရင်ကတော့ ဒီနေရာမှာ
Window 7 Style Launcher 7 ကနေရာယူထားခဲ့ပေမဲ့ အခုတော့ Window 8 က
ပြောင်းလဲနေရာယူတော့မှာဖြစ်ပါတယ် ။ ပေါ့ပါးသွက်လက်မှု နဲ့ အသွင်အပြင်ဆန်းပြားနေမှုက
အားသာချက်တစ်ခုလိုဖြစ်နေတဲ့ ဒီ Launcher ဟာ သင့်စက်ရုပ်လေးကို နောက်ဆုံးပေါ်အကျီ င်္
ဝတ်ဆင်ပေးထားပါလိမ့်မယ် ။
Download >>> Window 8 For Android Download Link !!
                     Window 7 For Android Download Link !!     

10 . Regina 3D Pro Launcher
Requires Android - 2.1 and Up
Play Store Price - Free
  3D Style ခပ်ရိုးရိုးလေးနဲ့ Regina ဟာ Landscape Mode မှာ အလုပ်မလုပ်တာကြောင့်
အဆင့်သတ်မှတ်ချက်မှာ အောက်ဆုံးရောက်နေခဲ့ရတာဖြစ်ပေမဲ့ ဒီဇိုင်းအသွင်အပြင်ဆန်းပြားမှုနဲ့
ပေါ့ပါးသွက်လက်မှုမှာတော့ Top Ten အဆင့်ဝင် Launcher တစ်ခုဖြစ်ပါတယ် ။
Workspace ခွဲထားနိုင်မှု ။ မိမိရဲ့ စိတ်ကြိုက် WorkSpace ကို Hide လုပ်ထားနိုင်မှု ၊
3D Widget စတဲ့အချက်အလက်တွေ ပိုင်ဆိုင်ထားတဲ့ Regina ဟာ Play Store မှာလဲ
Free ရယူနိုင်တဲ့ Launcher လေးတစ်ခုဖြစ်ပါတယ် ။
Download >>> Regina 3D Launcher Pro Download Link!!

ကဲ . . . ဒါပါပဲဗျာ ။ စက်ရုပ်ချစ်သူ ကိုကို မမ တို့လဲ ကျွန်တော်ရွေးပေးထားတာတွေက
Top Ten အဆင့်ရှိ မရှိဆိုတာ ကိုယ်တိုင်သုံးကြည့် ရွေးကြည့်နိုင်တယ်နော် ။ 

( ** တစ်ခုမေတ္တာရပ်ခံလိုပါတယ် ။ ကျွန်တော်အခုပို့စ်ကိုရေးဖို့အတွက် အချိန်နာရီဝက်ကျော်
ယူခဲ့ရပါတယ် ။ APK တွေရှာရဖွေရစုဆောင်းရပါတယ် ။ ပုံတွေဒေါင်းရပါတယ် ။ 
Upload တွေတင်ရပါတယ် ။ ဖတ်တဲ့သူနားလည်လွယ်အောင် စာချောအောင် ပို့စ်ရေးရပါတယ် ။
သိသာမြင်သာ ရှင်းရှင်းလင်းလင်းဖြစ်စေရန် စီမံရပါတယ် ။ အဲ့ဒါတွေအတွက်
ကျွန်တော် တပြားမှမရပါဘူး ။ ကျွန်တော့အိပ်ချိန်တွေကိုအများကြီးဖဲ့ပေးခဲ့ရပါတယ် ။
ဒါတွေဘာလို့ကျွန်တော်ပြောလဲဆိုတော့ ကျွန်တော်လဲ လူငယ်တစ်ယောက်ပါ ။
ကိုယ့်ရဲ့ အားထုတ်မှုကို ပြုံးပြတာလောက်တော့ လိုချင်မိတာအမှန်ပဲ ။ 
Google ကြီးအားကိုးပြီး ရှာကြည့်ပါ ။ ကျွန်တော်အခု စုပေးထားသလို ဘယ်မှာမှ မရနိုင်ပါဘူး ။
ဒီ APK တွေဟာ ကျွန်တော်ရေးတာတွေမဟုတ်ပေမဲ့ ဒီလိုတစ်နေရာထဲမှာ လွယ်လွယ်ကူကူ (အခမဲ့)
ရနိုင်အောင် စုပေးထားတဲ့ ကျွန်တော့စေတနာကို အသိအမှတ်ပြုတယ်ဆိုရင် . . .
ကူးယူပြီး အခြားတစ်နေရာမှာ ဖော်ပြတဲ့အခါ Credit လေးတော့ ပေးဖို့ မေတ္တာရပ်ခံပါတယ် ။ 
Go SMS Theme တွေ စုတင်ပေးထားတုန်းက နာမည်ကြီး စီနီယာဆိုဒ်တစ်ခုက ကူးယူဖော်ပြခဲ့ပြီး
သူတို့ကိုယ်တိုင် ရှာဖွေထားသယောင်ယောင်လုပ်လာပါတယ် ။ ခရက်ဒစ်ပေးဖို့ကျတော့
ဆိုဒ်စည်းကမ်းနဲ့ မညီညွတ်တဲ့အတွက် မပေးနိုင်ပါ ဟုဆိုကာ ပို့စ်ကိုပဲ ပြန်ဖျက်လိုက်ပါတယ် ။ 
ဘာအတွက်လဲ ဘာကြောင့်လဲတော့ ကျွန်တော်လဲ မသိပါ ခရက်ဒစ်ပေးခြင်းဟာ ဆိုက်စည်းကမ်းန
ငြိတယ်ဆိုရင် ဘယ်လို APK မျိုးကိုမှ ရှယ်ယာမလုပ်ပါနဲ့တော့ ။ ဘာလို့ဆိုတော့ 
အခုတစ်ရာရှယ်ရင်တောင် ကိုယ်တိုင်ရေးထားတဲ့ဆော့ဝဲလ် တစ်ခုပါချင်မှပါပါလိမ့်မယ် ။ 
ဒါကြောင့် မကူးနဲ့မပြောပါဘူး ။ ကူးပါ ။ အားထုတ်အချိန်ပေးထားရမှုကိုတော့ အနည်းငယ်လောက်ဖြစ်ဖြစ်
အသိအမှတ်ပြုပါ ။ Whatever . . . . I Love Sharing !!!!     )

0 comments:

Post a Comment