လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Let's Create! Pottery

အိုးထိန်းစက်ပေါ်မှာ
လက်ချောင်းတွေအောက်မှာ
အိုးပုတ်ဖြစ်လိုက်
ချိုးရုပ်ဖြစ်လိုက်  ။  ( - မင်းလုလင် - )

း) ကဗျာလေးက မင်းလုလင် ရဲ့ အိုးသည် ဆိုတဲ့ကဗျာလေးထဲက စာသားလေးတွေပါ ။
စက်ရုပ်ချစ်သူတို့ရော အိုးသည်ကြီးတွေ မလုပ်ကြည့်ချင်ဘူးလား ။
သင့်ရဲ့ စက်ရုပ်ဖုန်းလေးဟာ အိုးထိန်းစက်ကြီးဖြစ်သွားမယ် ။ သင့်ရဲ့ စိတ်ကူးကွန့်မြူးမှုဟာ
အိုး လှလှလေးတွေ ဖြစ်သွားမယ် ။ ဒါဆို သင် ပျော်ရမယ်ပေါ့ ။
သင့်ရဲ့ စက်ရုပ်ဖုန်းလေးကို အိုးထိန်းစက်ကြီးအသွင်ပြောင်းပေးမဲ့ ဆော့ဝဲလ်လေးတစ်ခုပါ ။
နာမည်က Pottery တဲ့ ။

အိုးအမှာစာတွေလာမယ် ။ သူတို့လိုချင်တဲ့ ပုံလေးတွေနဲ့ပေါ့ ။ ကိုယ်က တူအောင်လုပ်ပေးနိုင်ရင်
ပိုက်ဆံရမယ် ။ နောက်ပြီး ကိုယ့်စိတ်ကြိုက်လုပ်ထားတဲ့ အိုးတွေကိုလဲ လေလံတင်ရောင်းချနိုင်ပါသေးတယ်
ရှည်ရှည်လား . တိုတိုလား . ပိန်ပိန်လား . ၀၀လား . မန်ကျည်းသီးပုံလား . ဆွမ်းအုပ်ပုံလား .
သင့်ရဲ့လက်အလှုပ်မှာ အိုးကလေးလှလာမယ် ။း) အိုးလေးမကွဲစေနဲ့ပေါ့ဗျာ ။ ကဲ . . . လှုပ်ကြည့်မလား
အောက်မှာ ဒေါင်းလုဒ်လင့်လေးရှိသဗျာ . . . ဒေါင်းတော်မူကြပါကုန် ။
Play Store မှာ ငါးဒေါ်လာနီးပါးပေးရတဲ့ Paid Version ပါ ။ Free Version ဆိုရင်
အမှာစာငါးခုရပြီးရင် ဆက်ဆော့လို့မရတော့ဘူးဗျ ။ ဒါလေးက Paid လေး  ။ ဒေါင်းဗျာ . . .
29MB ပဲရှိပါတယ် ။ သိပ်မများပါဘူး ။း)
Let's Create! Pottery DOWNLOAD (Mediafire LINK)