လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Magic Flute

ပုလွေမှုတ်ကြမယ်ဟေ့ . ( အို . . . . ဘယ့်နှာပါလိမ့် )း))

စက်ရုပ်ကလေးနဲ့ ပုလွေမှုတ်ချင်သူတွေအတွက် အလှူအိမ်ရဲ့ တင်ဆက်မှုလေးတစ်ခုပါ ။
တကယ့်အစစ်လိုပါပဲ ။ သင့်ဖုန်းရဲ့ Mic ပေါက်ကို လေနဲ့မှုတ်ပြီး စခရင်မှာပေါ်နေတဲ့
လက်ကွက်ကလေးတွေကို လိုက်နှိပ်ပေးရတာပါ ။ မမှုတ်ရင် အသံမထွက်ပါဘူး ။
မှုတ်မှထွက်ပါမယ် ။ သံမြင့် သံနိမ့် နှစ်မျိုးလုံး ပါပါတယ် ။ လက်ကွက်ဆိုလို့
ရှုပ်ရှုပ်ထွေးထွေးတွေတော့ မဟုတ်ပါဘူး ။

ပုံမှာမြင်ရတဲ့အတိုင်း ဒိုရေမီဖာ သံစဉ် ခုနှစ်မျိုးတည်းသာရယ်ပါ ။ လွယ်ပါတယ် ။
မှုတ်တော့မှုတ်ရမယ်နော် ။ Mic နားကပ်ပြီး ။း)) မမှုတ်ရင် အသံမထွက်ပါ ။
စမ်းမှုတ်ကြည့်မယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုပ်လင့်ခ်ကလေးဗျာ ။ ဒေါင်း ။း)
ပလိုးစတေးမှာ မရှိပါ ။ ဒါကြောင့် ဘယ်ဈေးရှိလဲ မမေးပါနှင့် ။ မသိပါ ။
Magic Flute Download Mediafire Link !!

Viber ( New Version )

Viber ကိုတော့ တကူးတက ညွှန်းနေစရာမလိုတော့ဘူးထင်ပါတယ် ။
စက်ရုပ်ချစ်သူတို့ သိကြမှာပါ ။ အင်တာနတ်လိုင်းကိုအသုံးပြုပြီး မက်ဆေ့ပေးပို့မှုတွေ
ဖုန်းခေါ်ဆိုမှုတွေကို အဆင်ပြေပြေ ကြည်ကြည်လင်လင် လုပ်ဆောင်နိုင်တဲ့
ချစ်စရာကောင်းလွန်းတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ ။
အခု . . . . ခရစ်စမတ်ကာလအတွက် Viber က သူတို့ရဲ့ ထုတ်ကုန်လေးကို
Version အသစ်လေး တင်ဆက်လိုက်ပါတယ် ။ အခုဗားရှင်းမှာ ဘာတွေထူးသလဲဆိုတော့
Sticker လေးတွေ Emotion ရုပ်လေးတွေ ထည့်လို့ရလာပါပြီ ။

ပုံမှာမြင်တဲ့အတိုင်းပါပဲ ။ ချစ်စရာလေးတွေနဲ့ မျက်စိနောက်နိုင်ကြပါပြီ ။
ကိုယ်က ဗားရှင်းအမြင့်နဲ့ ပုံလေးတွေပို့ပေမဲ့ တဖက်လူက ဗားရှင်းအနိမ့်ဆိုရင်တော့
ပုံလေးတွေသွားပေါ်မှာမဟုတ်ပါဘူး ။ ဟိုဘက်ဒီဘက် နှစ်ဖက်လုံးက
ဒီဗားရှင်းအသစ်လေးရှိနေမှ အဆင်ပြေပါမယ်  ။ လိုအပ်မယ် လိုချင်မယ်ဆိုရင်တော့
အောက်မှာ ဒေါင်းလုပ်လင့်ခ်လေးရှိပါမယ် ။ ရဲရဲသာ Click ပါ ။း) ဗိုင်းရပ်စ်မဟုတ်ပါ

Viber New Version Download Mediafire Link !!

Top Ten Android Launchers Ever

စက်ရုပ်ချစ်သူတို့အတွက် အလှူအိမ် ရဲ့ အထူးဝန်ဆောင်မှုအနေနဲ့ ပထမတစ်ခါ
Play Store မှာ ပိုက်ဆံပေးဝယ်ရတဲ့ Paid Version Go SMS Theme တွေကို
စုစည်းမှုအနေနဲ့ Theme 32ခု တင်ပေးခဲ့ပါတယ် ။
အခု . . . ဒုတိယမြောက်စုစည်းမှုလေးတစ်ခုပေါ့ ။
Phone Magazine တွေ ၊ Developer တွေ ၊ အကဲဖြတ်သုံးသပ်သူတွေ ၊ User တွေရဲ့
ရွေးချယ်မှုတွေကို ရှာဖွေလေ့လာပြီး ကျွန်တော်ကိုယ်တိုင် အကုန်လုံးကိုစမ်းသုံးကြည့်ခဲ့ပြီး
အားလုံးရဲ့ အကြိုက်တူ ( ဘုံ ) ဖြစ်နေတဲ့ Android Launcher 10 ခုကိုရွေးထုတ်တင်ဆက်မှာ
ဖြစ်ပါတယ် ။ Free ရနိုင်တဲ့ Launcher တွေပါသလို ပိုက်ဆံပေးဝယ်ရတဲ့ Launcher တွေလဲပါပါတယ် ။
တကယ်တော့ ပိုက်ဆံပေးဝယ်ရတယ်ဆိုတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး ။
အသုံးဝင်မှု နဲ့ အသုံးလွယ်မှုပေါ်မူတည်ပြီး ပေါ့ပါးသွက်လက်မှု ၊ စိတ်ကြိုက်ပြုပြင်နိုင်မှု စတာတွေနဲ့
ချိန်ထိုးရွေးချယ်ထားခြင်းဖြစ်ပါတယ် ။

The Best Ten Android Home Launchers Ever

1 . Go Launcher EX
Requires Android  - 2.0 and Up
Play Store Price - Free
လူကြိုက်များ Home Launcher တစ်ခုဖြစ်ပါတယ် ။ 
Free ရတယ်ဆိုပေမဲ့ တော်တော်ကောင်းတဲ့ Launcher တစ်ခုပါ ။ ပေါ့ပါးသွက်လက်ခြင်း ၊
အသွင်အပြင်လှပသေသပ်ခြင်း ၊ Folder ဖန်တီးနိုင်ခြင်း ၊ App Icon ပြောင်းနိုင်ခြင်း ၊
App Name ပြောင်းနိုင်ခြင်း ၊ ဘာသာစကား ( မြန်မာစာအပါအ၀င် ) တော်တော်များများကို
Support လုပ်နိုင်ခြင်း စတာတွေကြောင့် လူကြိုက်များလွန်းတဲ့ Launcher တစ်ခုအဖြစ်
ရပ်တည်နေပါတယ် ။ ဒါ့အပြင် Go SMS ၊ Go Locker Go Widget စတဲ့ အရာတွေကိုလဲ
တဆက်တည်းထုတ်လုပ်ထားပြီး အလွယ်တကူရယူနိုင်အောင် Launcher မှာ Go Store ကို
Built in ထည့်သွင်းပေးထားပါသေးတယ် ။ Free ရယူနိုင်တဲ့ Theme ပေါင်းမြောက်များစွာ ၊
Widget ပေါင်းမြောက်များစွာ နဲ့ Go Launcher Ex ဟာ ထိပ်ဆုံးနေရာမှာ ရှိနေဖို့ 
လုံလောက်ပါတယ် ။ 
Download >>>>  Go Launcher Ex Download Link !!     

2 . Launcher PRORequires Android - 2.0 and UP
Play Store Price - 3.5$
 ပေါ့ပါးသွက်လက်ခြင်း ၊ စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း ၊ Home Screen စိတ်ကြိုက်ပေးနိုင်ခြင်း ၊
Dock Shortcut စိတ်ကြိုက်ထားနိုင်ခြင်း ၊ 2D , 3D App Drawer စသည်တို့ဖြင့်
LauncherPro ဟာလဲ လူကြိုက်များ Launcher တစ်ခုဖြစ်ခဲ့ပါတယ် ။ 
Free ပေးထားပေမဲ့ Function အစုံသုံးနိုင်ဖို့ကိုတော့ Unlock Key လိုအပ်ပါတယ် ။
Unlock Key ကိုတော့ Play Store မှာ 3.5$ နဲ့ရောင်းပါတယ် ။ 
Phone Arena ရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ Launcher 
ဖြစ်ပါတယ် ။ တော်တော်ကို ပေါ့ပါးပြီး သုံးရတာအဆင်ပြေပါတယ် ။
ကျွန်တော် Unlock Key ပါ တွဲတင်ပေးထားပါတယ် ။ LauncherPro ကို အရင်သွင်းပါ ။ 
ပြီးရင် Unlock Key ကိုသွင်းပါ ။ ပြီးရင် LauncherPro Setting ထဲမှ Launcher Restart 
လုပ်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်။   
Download >>> LauncherPro Download Link !!     
                                  LauncherPro Plus Unlock Download Link!! 

 3 . Apex Launcher Pro
Requires Android - 4.0 and Up
Play Store Price - 4.00 $
Android 4.0 ဖုန်းတွေရဲ့ Stock Launcher နေရာမှာ အခန့်သားနေရာဝင်ယူနေတဲ့
Launcher တစ်ခုဖြစ်ပါတယ် ။ 
Scrollable Dock Shortcut  ၊ Fancy Transition Effect စတာတွေအပြင် 
Home Screen များစွာဖန်တီးနိုင်မှု ၊ ပေါ့ပါးသွက်လက်ခြင်း ၊ ဒီဇိုင်းသေသပ်ခြင်း ၊
Theme များစွာရယူနိုင်ခြင်းတို့ကြောင့် နာမည်ကျော် Launcher တစ်ခုဖြစ်လာပါတယ် ။
Free ပေးထားပေမဲ့ Full Version Unlock Key ကိုတော့ 4$ နဲ့ရောင်းချပါတယ် ။
ရေခဲညှပ်သမားတွေ သုံးကြည့်သင့်တဲ့ Launcher တစ်ခုဖြစ်ပါတယ် ။
Download >> Apex Launcher Download Link !!                                  Apex Launcher Pro Unlock Download Link!!

4 . TSF Shell 3D PRO ***
Requires Android - 2.1 and Up
Play Store Price - 16.80$
Traditional Operating System နဲ့ Launcher တွေကို မေ့ပစ်လိုက်ပါတော့ လို့ ညွှန်းရမဲ့အထိ
ကောင်းမွန်ဆန်းသစ်လွန်းတဲ့ အသွင်အပြင် Brand New Operating System စနစ်သုံး
Launcher တစ်ခုဖြစ်ပါတယ် ။ 3D စတိုင် Launcher တစ်ခုဖြစ်တာနဲ့အညီ 
3D ရဲ့ အရသာကို ပြည့်ပြည့်၀၀ခံစားနိုင်ပါလိမ့်မယ် ။ Play Store မှာရှိတဲ့ Launcher တွေထဲမှာ
ဈေးအကြီးဆုံး Launcher တစ်ခုလဲဖြစ်ပါတယ် ။ 3D Gallery , Music Widget ,
New Style Memo Widget , New Style Weather Widget , မိမိနှစ်သက်ရာဓါတ်ပုံကို
Home Screen မှာ ချိတ်ထားတဲ့ဟန်ပြုလုပ်နိုင်တဲ့ Pandent Widget , စသည်ဖြင့်
မည်သည့် Launcher နဲ့မျှမတူညီတဲ့ အမြင်မျိုး သင်မြင်ရနိုင်ပါတယ် ။ 
အလှူအိမ်ရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် နေရာမှာရှိတဲ့ Launcher တစ်ခုပါ ။ 
Theme ပေါင်းမြောက်များစွာ ရယူနိင်မှု ကလဲ သင့်ကိုစိတ်ကျေနပ်ပါစေမယ် ။
ပေါ့ပါးသွက်လက်မှု ၊ ဒီဇိုင်းဆန်းသစ်မှု ၊ စိတ်ကြိုက်ဖန်တီးနိုင်မှု စတဲ့အချက်တွေနဲ့ ပြည့်စုံနေတဲ့
TSF Launcher Pro ဟာလဲ Top Ten စာရင်းထဲမှာ အခိုင်အမာနေရာရနေဖို့ လုံလောက်ပါတယ် ။
Download >>> TSF Shell 3D PRO Download Link !!         


5 . Nova Launcher Prime
Requires Android - 4.0 and Up
Play Store Price - 4$
 Android 4.0 ဖုန်းတွေရဲ့ Home Screen မှာ Apex Launcher နဲ့အပြိုင် နေရာယူထားတဲ့
နောက်ထပ် Launcher တစ်ခုဖြစ်ပါတယ် ။ ဆန်းသစ်တဲ့ ဒီဇိုင်းအသွင်အပြင်နဲ့
ပေါ့ပါးသွက်လက်မှုကလဲ Nova ရဲ့ အားသာချက်တစ်ခုဖြစ်စေခဲ့ပါတယ် ။
Custom Icon Support လုပ်နိုင်မှု ၊ အသုံးပြုရလွယ်ကူမှု ၊ စိတ်ကြိုက်အရောင်ပြောင်းလဲနိုင်မှု
စတဲ့အချက်တွေနဲ့ Nova ဟာ နံပါတ်ငါးနေရာမှာ ရှိနေတာထက် ပိုသင့်ပါတယ် ။
Free Version နဲ့ Premiun Unlock Key ဆိုပြီး ရှိပါတယ် ။ Unlock Key ကိုတော့
၎ဒေါ်လာနဲ့ရောင်းချပါတယ် ။
Download >>> Nova Launcher Download Link !!
                     Nova Launcher Prime Unlock Download Link!!

6 . ADW Launcher EX
Requires Android - 1.6 and Up
Play Store Price - 3.03$
Android Version တော်တော်နိမ့်နိမ့်တွေအထိ အသုံးပြုနိုင်တဲ့ ADW Launcher ဟာ
Go Launcher Ex လောက် လူကြိုက်မများပေမဲ့ Go Launcher Ex ထက် စွမ်းဆောင်ရည်
မနိမ့်လှပါဘူး ။ Theme ပေါင်းများစွာ ရယူနိုင်မှု ၊ Icon Pack ပြောင်းလဲနိုင်မှု ၊
စိတ်ကြိုက်ဖန်တီးနိုင်မှု ၊ ပေါ့ပါးသွက်လက်မှု နဲ့ ဒီဇိုင်းအသွင်အပြင် ရိုးရှင်းသေသပ်ခြင်းတို့ကြောင့်
ADW Launcher Ex ဟာ Top Ten စာရင်းထဲမှာအခိုင်အမာ နေရာရနေပြီဖြစ်ပါတယ် ။
Free Version နဲ့ EX Version ဆိုပြီး နှစ်မျိုး ရှိပြီး Ex Version ကို Play Store မှာ
၃ဒေါ်လာကျော် နဲ့ ရောင်းချပါတယ် ။ ကျွန်တော့ဆီမှာတော့ Free Version ကို မတင်ပေးတော့ပဲ
Ex Version တစ်ခုထဲသာ တင်ထားပါ့မယ် ။ သူက Unlock Key ပုံစံမဟုတ်ပဲ
Free Version က သပ်သပ် ၊  Ex Version က သပ်သပ် ဖြစ်တာကြောင့်ပါ ။ 
Download >>> ADW Launcher EX Download Link!!   
7 . MX Home 3D Launcher  Requires Android - 2.1 and Up
Play Store Price - Free
     Mx Home အကြောင်း စပြောဆိုရင် ချစ်စရာကောင်းတဲ့ Icon Design လေးတွေက
စပြောရပါလိမ့်မယ် ။ 3D Style ဒီ Launcher လေးဟာ စိတ်တိုင်းကျ အလှဆင်နိုင်မှုတွေ
တော်တော်များများလုပ်နိုင်ပါတယ် ။
App name ပြောင်းလဲနိုင်မှု ( မြန်မာစာဖြင့် ပြောင်းနိုင်သည် ) ၊ Folder တည်ဆောက်နိင်မှု ၊
App Drawer တွင် အမျိုးအစားအလိုက် ခွဲထားနိုင်မှု ၊ စတာတွေအပြင် လှပတဲ့
Battery Widget လေးကလဲ ဆွဲဆောင်နေပါတယ် ။ ပေါ့ပါးသွက်လက်မှုမှာလဲ
ဒိပြင် Launcher တွေထက် မညံ့ပါဘူး ။ Play Store မှာလဲ Free ရယူနိုင်တဲ့ MX Home ဟာ
Theme ထောက်ပံ့မှုများစွာလဲ ရှိနေပါသေးတယ် ။ 
Download >>> MX Home 3D Launcher Download Link!!       
8 . SPB Shell 3D Launcher  
Requires Android - 2.1 and Up
Play Store Price - 14.95$
Play Store ရဲ့ တန်ဖိုးကြီး Launcher တွေထဲက တစ်ခုပါ၁၅ဒေါ်လာနီးပါး တန်ကြေးရှိပါတယ် ။
Real 3D Home Screen , 3D Widget တွေနဲ့ ဒီ Launcher ဟာလဲ 3D အရသာကို
ထိထိမိမိရရှိစေမဲ့ Launcher တစ်ခုဖြစ်ပါတယ် ။
Widget Panel များခွဲထားခြင်း ၊ ဇိုင်းအသွင်အပြင်ဆန်းသစ်လွန်းခြင်း ၊ ပေါ့ပါးသွက်လက်ခြင်း ၊
Smart Folder System စသည်တို့ကြောင့် ဈေးကြီးပေးရကျိုးနပ်ပြီး ဖုန်းတိုင်းမှာ ရှိသင့်တဲ့
Launcher လို့ Developer တွေက ညွှန်းပါတယ် ။ ဒါပေမဲ့ အသုံးပြုရာတွင် 
အနည်းငယ်ရှုပ်ထွေးနေဟန်က အဆင့်သတ်မှတ်ချက်ကို နိမ့်ကျသွားစေခဲ့ပါတယ် ။
သုံးတတ်သွားရင်တော့ အရမ်းကိုကောင်းတဲ့ Launcher တစ်ခုဖြစ်ပါတယ် ။
Download >>> SPB Shell 3D Launcher Download Link!!        
9 . Window 8 For Android
Requires Android - 2.1 and Up
Play Store Price - 1.99$
  နောက်ဆုံးပေါ် Window ဖုန်းတွေရဲ့ အသွင်အပြင်နဲ့ ဒီ Launcher 8 ဟာ
သင့်ဖုန်းပေါ်မှာ Window 8 စတိုင် စွမ်းဆောင်ပေးပါလိမ့်မယ် ။ အရင်ကတော့ ဒီနေရာမှာ
Window 7 Style Launcher 7 ကနေရာယူထားခဲ့ပေမဲ့ အခုတော့ Window 8 က
ပြောင်းလဲနေရာယူတော့မှာဖြစ်ပါတယ် ။ ပေါ့ပါးသွက်လက်မှု နဲ့ အသွင်အပြင်ဆန်းပြားနေမှုက
အားသာချက်တစ်ခုလိုဖြစ်နေတဲ့ ဒီ Launcher ဟာ သင့်စက်ရုပ်လေးကို နောက်ဆုံးပေါ်အကျီ င်္
ဝတ်ဆင်ပေးထားပါလိမ့်မယ် ။
Download >>> Window 8 For Android Download Link !!
                     Window 7 For Android Download Link !!     

10 . Regina 3D Pro Launcher
Requires Android - 2.1 and Up
Play Store Price - Free
  3D Style ခပ်ရိုးရိုးလေးနဲ့ Regina ဟာ Landscape Mode မှာ အလုပ်မလုပ်တာကြောင့်
အဆင့်သတ်မှတ်ချက်မှာ အောက်ဆုံးရောက်နေခဲ့ရတာဖြစ်ပေမဲ့ ဒီဇိုင်းအသွင်အပြင်ဆန်းပြားမှုနဲ့
ပေါ့ပါးသွက်လက်မှုမှာတော့ Top Ten အဆင့်ဝင် Launcher တစ်ခုဖြစ်ပါတယ် ။
Workspace ခွဲထားနိုင်မှု ။ မိမိရဲ့ စိတ်ကြိုက် WorkSpace ကို Hide လုပ်ထားနိုင်မှု ၊
3D Widget စတဲ့အချက်အလက်တွေ ပိုင်ဆိုင်ထားတဲ့ Regina ဟာ Play Store မှာလဲ
Free ရယူနိုင်တဲ့ Launcher လေးတစ်ခုဖြစ်ပါတယ် ။
Download >>> Regina 3D Launcher Pro Download Link!!

ကဲ . . . ဒါပါပဲဗျာ ။ စက်ရုပ်ချစ်သူ ကိုကို မမ တို့လဲ ကျွန်တော်ရွေးပေးထားတာတွေက
Top Ten အဆင့်ရှိ မရှိဆိုတာ ကိုယ်တိုင်သုံးကြည့် ရွေးကြည့်နိုင်တယ်နော် ။ 

( ** တစ်ခုမေတ္တာရပ်ခံလိုပါတယ် ။ ကျွန်တော်အခုပို့စ်ကိုရေးဖို့အတွက် အချိန်နာရီဝက်ကျော်
ယူခဲ့ရပါတယ် ။ APK တွေရှာရဖွေရစုဆောင်းရပါတယ် ။ ပုံတွေဒေါင်းရပါတယ် ။ 
Upload တွေတင်ရပါတယ် ။ ဖတ်တဲ့သူနားလည်လွယ်အောင် စာချောအောင် ပို့စ်ရေးရပါတယ် ။
သိသာမြင်သာ ရှင်းရှင်းလင်းလင်းဖြစ်စေရန် စီမံရပါတယ် ။ အဲ့ဒါတွေအတွက်
ကျွန်တော် တပြားမှမရပါဘူး ။ ကျွန်တော့အိပ်ချိန်တွေကိုအများကြီးဖဲ့ပေးခဲ့ရပါတယ် ။
ဒါတွေဘာလို့ကျွန်တော်ပြောလဲဆိုတော့ ကျွန်တော်လဲ လူငယ်တစ်ယောက်ပါ ။
ကိုယ့်ရဲ့ အားထုတ်မှုကို ပြုံးပြတာလောက်တော့ လိုချင်မိတာအမှန်ပဲ ။ 
Google ကြီးအားကိုးပြီး ရှာကြည့်ပါ ။ ကျွန်တော်အခု စုပေးထားသလို ဘယ်မှာမှ မရနိုင်ပါဘူး ။
ဒီ APK တွေဟာ ကျွန်တော်ရေးတာတွေမဟုတ်ပေမဲ့ ဒီလိုတစ်နေရာထဲမှာ လွယ်လွယ်ကူကူ (အခမဲ့)
ရနိုင်အောင် စုပေးထားတဲ့ ကျွန်တော့စေတနာကို အသိအမှတ်ပြုတယ်ဆိုရင် . . .
ကူးယူပြီး အခြားတစ်နေရာမှာ ဖော်ပြတဲ့အခါ Credit လေးတော့ ပေးဖို့ မေတ္တာရပ်ခံပါတယ် ။ 
Go SMS Theme တွေ စုတင်ပေးထားတုန်းက နာမည်ကြီး စီနီယာဆိုဒ်တစ်ခုက ကူးယူဖော်ပြခဲ့ပြီး
သူတို့ကိုယ်တိုင် ရှာဖွေထားသယောင်ယောင်လုပ်လာပါတယ် ။ ခရက်ဒစ်ပေးဖို့ကျတော့
ဆိုဒ်စည်းကမ်းနဲ့ မညီညွတ်တဲ့အတွက် မပေးနိုင်ပါ ဟုဆိုကာ ပို့စ်ကိုပဲ ပြန်ဖျက်လိုက်ပါတယ် ။ 
ဘာအတွက်လဲ ဘာကြောင့်လဲတော့ ကျွန်တော်လဲ မသိပါ ခရက်ဒစ်ပေးခြင်းဟာ ဆိုက်စည်းကမ်းန
ငြိတယ်ဆိုရင် ဘယ်လို APK မျိုးကိုမှ ရှယ်ယာမလုပ်ပါနဲ့တော့ ။ ဘာလို့ဆိုတော့ 
အခုတစ်ရာရှယ်ရင်တောင် ကိုယ်တိုင်ရေးထားတဲ့ဆော့ဝဲလ် တစ်ခုပါချင်မှပါပါလိမ့်မယ် ။ 
ဒါကြောင့် မကူးနဲ့မပြောပါဘူး ။ ကူးပါ ။ အားထုတ်အချိန်ပေးထားရမှုကိုတော့ အနည်းငယ်လောက်ဖြစ်ဖြစ်
အသိအမှတ်ပြုပါ ။ Whatever . . . . I Love Sharing !!!!     )

Make Your Clock Widget Pro

Widget တွေ တင်တင်နေရတာ ပျင်းလို့ပါခင်ဗျ ။း)
တစ်ချို့ကလဲ တောင်းတယ် ။ Analog Clock လေးတွေ တင်ပါခင်ဗျ တဲ့ ။
တစ်ချို့ကျတော့ Digital Clock Widget လေးတွေတင်ပါခင်ဗျ တဲ့ ။
ကဲ . . . ဒီတော့ အဲ့လိုသာ လိုက်တင်နေရင် အများကြီးရှိတာမို့ ကျွန်တော့ကို Blogger က
မောင်းထုတ်ပါလိမ့်မယ် ။ ကိုယ်ကလဲ ဒါလေးကုတ်တွယ်နေရတာ ။
နှစ်ခုလုံးအဆင်ပြေတာမရှိဘူးနဲ့တူတယ် ။ Analog လေးလဲ တင်လို့ရမယ် ။ Digital လေးလဲ
တင်လို့ရမယ် ။ အင်း . . . ခက်တော့နေပါပြီ လို့ စိတ်မညစ်လိုက်ပါနဲ့ မိတ်ဆွေ ။
ကျွန်တော် ဆော့ဝဲလ်လေးတစ်ခု ရှယ်ယာလုပ်ပါ့မယ် ။ ဒီမှာ . . . .


နာမည်လေးလိုပဲ ။ ကိုယ်ပိုင်သာ ဖန်တီးတော့ဗျာ ။ တော်တော်လုပ်လို့ရပါတယ် ။
စိတ်ကူးကောင်းရင်ကောင်းသလိုပေါ့ ။ နာရီတင်မဟုတ်ပဲ ရာသီဥတုတွေ ထည့်ချင်လဲရတယ် ။
ဘတ္ထရီအားပမာဏ ထည့်ချင်လဲ ရတယ် ။ စာရေးချင်လဲ ရသေးတယ် ။ အဲ့လို အဲ့လို ။း))
ကဲ . . . ကြိုက်မယ်ထင် ဒေါင်းသာကြည့် ။ အလကားပဲဗျာ ။ အပမ်းကြီးတာမှမဟုတ်ပဲ ။
မကြိုက်တော့လဲ Uninstall လုပ် ။ လွှင့်သာပစ်ပေါ့ ။း))
Play Store မှာဆိုရင်တော့ မရဘူး ကိုယ့်လူ ။ 2.58 $ အရင်တောင်းထားမှာဗျ ။း)))

ကဲ . . . ဒေါင်းလုပ်လင့်ခ်ကို အောက်မှာ သေးသေးရေးပေးထားပါတယ် ။ မြင်မှမြင်ပါ့မလား ။

Blogger Droid ( Ad Free Version )

Blogger ကိုကို မမ တို့အတွက် စက်ရုပ်သုံးကုန်လေးတစ်ခုပါ ။
တစ်ချိန်တုန်းကတော့ ကျော်ဟယ် ခွဟယ် လှည့်ဟယ် ပတ်ဟယ် နဲ့ အားကြိုးမာန်တက်
တင်ဆက်ခဲ့ရတဲ့ Blogger ဟာ အခုတော့ ပွင့်လင်းရာသီ ရောက်လို့နေပါပြီ ။
ဒါကြောင့် စက်ရုပ်ဖုန်းလေးကနေ မိမိရဲ့ ဘလော့လေးဆီကို ပို့စ်လေးတွေတင်ချင်တဲ့သူတွေအတွက်
အဆင်ပြေအောင်လို့ ရည်ရွယ်ပါတယ် ။း)


Ad Free ( Paid Version ) လေးပါ ။ အသုံးအတော်ဝင်ပါတယ် ။ လွယ်လဲလွယ်ပါတယ် ။
လိုအပ်မယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုပ် လင့်ခ်လေး ပြူးနေအောင်ထားထားပေးပါတယ် ။း)
ဒေါင်းတော်မူကြပါကုန် ။

ROM Toolbox PRO

ဒီတစ်ခါတော့ Newbies တို့အတွက်မဟုတ်ပဲ စက်ရုပ်ဆြာကြီးတွေအတွက်ပါ ။
ကိုယ့်စက်ရုပ်လေးကို ဘယ်လိုနှိုက်ရမလဲ အမြဲတွေးနေသူတို့အတွက်
အထောက်အကူဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ Rom Toolbox Pro Version ပါ ။

လုပ်ဆောင်နိုင်မှုတွေကတော့ ပုံမှာမြင်တဲ့အတိုင်းပါပဲ ။
Boot Animation ပြောင်းနိုင်မယ် ။ ပြောင်းနိုင်ရုံမက သူက Boot Animation ပေါင်းများစွာ
တင်ပေးထားပါသေးတယ် ။ ဒေါင်းလိုက် ပြောင်းလိုက်ပေါ့ဗျာ ။
System Font install လုပ်နိုင်မယ် ။
Apps တို့ Rom တို့ Backup လုပ်နိုင်မယ် ။
ဖုန်းရဲ့ Theme ကို ကိုယ်ကြိုက်တဲ့နေရာ ကြိုက်သလိုရွေးပြောင်းနိုင်တယ် ။
Theme ပေါင်းများစွာလဲ တင်ပေးထားပါတယ် ။ Root Browser Built in ပါဝင်ပါတယ် ။
Default install path ကို SD လား Phone လား ရွေးနိုင်မယ် ။ SD သန့်ရှင်းရေးလုပ်နိုင်မယ် ။
ဒါ့အပြင် ကိုယ်တတ်ရင် တတ်သလို အများကြီးလုပ်နိုင်ပါသေးတယ် ။
ဥပမာ . . . Command Code တွေနဲ့ Script တွေဖန်တီးပြီး ဖုန်းကို ကိုယ်လိုချင်သလို
လျှောက်လုပ်နေလို့ရပါတယ် ။ Boot Animation ကိုပိတ်ချင်လား ။ ဖွင့်ချင်လား ။ ဘာလား
ညာလား  စသည်ဖြင့်ပေါ့ဗျာ ။ ။ ။ ကျွန်တော်က အညွှန်းလောက်ပြောပြတာပါ ။
ဆြာ တို့က ပိုသိမှာပါ ။ ကဲ . . . အသုံးလိုရင် ဒေါင်းဗျို့ ။
လက်တည့်စမ်းချင်သူများ မသုံးသင့်ပါ ။ Phone Brick ဖြစ်သွားနိုင်စေတဲ့ Toolတွေ ပါဝင်နေလို့ပါ ။
ဒေါင်းလုပ်လင့်ခ်ကတော့ အောက်မှာဗျို့ ။

ROM Toolbox Pro Download Link !!

Gallery Lock PRO

ဖုန်းထဲမှာရှိတဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေကို ဘယ်သူမှမမြင်အောင်ဖွက်ထားချင်သူတွေအတွက်ပါ ။
တို့ကိုကြီးတွေ အကြိုက်ပေါ့ ။း)) အရမ်းကောင်းတဲ့ Application လေးတစ်ခုဖြစ်ပါတယ် ။

အသုံးဝင်ပုံတွေကတော့ ဒီလိုရှိပါတယ် ။
- မိမိစက်ရုပ်ဖုန်းလေးရဲ့ Gallery ကိုဖွင့်ပြီး Multi Slect လုပ် ။
ပြီးရင် Share ကိုနှိပ်ပြီး Gallery Lcok Pro ကိုရွေးပေးခြင်းဖြင့် ဖိုင်ပေါင်းများစွာကို
တခါတည်း ဖွက်ထားနိုင်ခြင်း ။
- ဖိုင်တွေဖွက်ထားတယ်ဆိုတာ လူတွေမသိအောင် ။ Gallery Lock သုံးတယ်ဆိုတာ
လူတွေမသိအောင် Stealth Mode ( Hide Icon )  အဖြစ်အသုံးပြုနိုင်ခြင်း ။
- Gallery Lock Pro ထဲရောက်သွားပြီးဖြစ်တဲ့ ဓါတ်ပုံ ( ဒါမှမဟုတ် ) ဗီဒီယိုကို ဘယ်လိုနည်းနဲ့မှ
ရှာလို့မတွေ့နိုင်ခြင်း ။း)) File Manager ထဲ ၀င်ရောက်မွှေနှောက်ရှာဖွေမယ်ဆိုရင်တောင်
.glh format နဲ့သာတွေ့နိုင်ပြီး လွယ်လွယ်နဲ့ ဖွင့်ကြည့်လို့တော့ မရပါဘူး ။း))
Application ကို Stealth Mode နဲ့သုံးထားပြီဆိုရင် ကိုယ်ပေးထားတဲ့စကားဝှတ်နံပါတ်ကို
ဖုန်းခေါ်တဲ့နေရာမှာ * ခံရိုက်ပြီး ဖုန်းခေါ်သလို ခေါ်လိုက်ရင် Application ထဲကိုရောက်ပါတယ် ။
သူ့ရဲ့ မူလစကားဝှတ်ကတော့ 7777 ပါ ။ နံပါတ်လော့ခ် အဖြစ်ထားနိုင်သလို 
Pattern Lock အနေနဲ့လဲ ထားနိုင်ပါတယ် ။ ကဲ . . . မလန်းဘူးလားဗျာ ။ လိုချင်ရင်တော့
အောက်မှာ ဒေါင်းလုဒ်လင့်ခ်ကြီး ထားထားပါတယ်ဗျို့ ။ ဒေါင်းကြစေဗျား ။
ပလိုးစတေးမှာ သုံးဒေါ်လာနီးပါးပေးရတဲ့ ပရိုဗားရှင်းဖြစ်ပါတယ် ။း))

Gallery Lock Pro Download Link !!

BIG! Full Screen Caller ID + Unlock Key

ဖုန်းလာတဲ့အခါ ကိုယ့်ဆီဘယ်သူများဖုန်းခေါ်သလဲ လို့ အရင်ကြည့်တတ်ကြပါတယ် ။
တစ်ချို့ကတော့ နာမည်တောင် မမှတ်ထားပဲ ကိုယ့်ဆီဖုန်းလာတော့မှ ဘယ်သူ့ဖုန်းနံပါတ်ပါလိမ့်ဆိုပြီး
စဉ်းစားနေရလေ့ရှိပါတယ် ။ တစ်ချို့ကတော့ နာမည်လေးမှတ်ထားတယ် ။ မြန်မာလိုရတဲ့
စက်ရုပ်လေးတွေဆိုရင် မြန်မာလိုနာမည်လေးတွေရေးထားကြတယ် ။ တစ်ချို့ကတော့
နည်းနည်းပိုစေ့စပ်လာတယ် ။ ဓါတ်ပုံလေးတွေပါ တွဲထားတတ်တယ် ။ ဒါဆိုတော့ ဖုန်းလာရင်
ဘယ်သူခေါ်သလဲ ဓါတ်ပုံလေးနဲ့တကွ ပေါ်လာတော့တာပေါ့ ။ အဆင်ပြေတာပေါ့ ။ 
အခု ကျွန်တော် လှူမဲ့ ဆော့ဝဲလ်လေးက အဲ့လို ဓါတ်ပုံလေးတွေနဲ့မှတ်သားတတ်တဲ့
စက်ရုပ်ချစ်သူတို့အတွက် အဲ့ဒီဓါတ်ပုံလေးကို Phone Screen အပြည့်ပေါ်အောင် လုပ်ပေးမှာပါ ။
ဒါဆိုတော့ ကိုယ့်ဆီဖုန်းလာတဲ့အခါ ဖုန်းခေါ်သူရဲ့ ပုံဟာ ထင်ထင်ရှားရှား မြင်နိုင်မှာပေါ့ ။

    ပုံမှာ မြင်တဲ့အတိုင်းပါပဲ ။ ကဲ . . . မလိုချင်ဘူးလား ။ လိုချင်ရင် ပေးမပေါ့ဗျာ ။ 
အလှူအိမ်ရဲ့ ထုံးစံအတိုင်း Free Version ချည်း မဟုတ်ပဲ Unlock Key လေးပါ တွဲတင်ပေးလိုက်ပါတယ် ။
Big Caller ID ကို အရင် install လုပ် ။ ပြီးတဲ့အခါ Unlock Key ကို install လုပ် ။ 
ဒါဆိုရင် Full Version အဖြစ်သုံးနိုင်ပါပြီဗျာ ။  ။ လုပ်ပုံလုပ်နည်းကတော့ သူညွှန်ပြသွားတဲ့အတိုင်းသာ
လိုက်လုပ်ကြည့်လိုက်ပါ ။ အဆင်ပြေပါစေ . . . . ။ ဒေါင်းရမဲ့လင့်ခ်ကတော့ အောက်မှာပါ ခင်ဗျ ။

BIG !! Full Screen Caller ID Download Link !! 






BIG ! Caller ID Unlock Key Download Link !!