လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Apparatus

စက်ရုပ်ချစ်သူတို့ကို အရမ်းကောင်းတဲ့ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
သူက ၀ုန်းဝုန်းဒိုင်းဒိုင်း ပစ်ဟယ်ခတ်ဟယ် သတ်ဟယ်ဖြတ်ဟယ်တော့ မဟုတ်ပါဘူး ။
ကော်ဖီလေးတခွက်ဖျော် .... ဂီတနက်သန်ကြီးရဲ့ သီချင်းငြိမ့်ငြိမ့်လေးဖွင့်ပြီး . . . .
တစိမ့်စိမ့်တွေး တဖြည်းဖြည်းဆော့ရတဲ့ တကယ့် အနှစ်ဂိမ်းလေးတစ်ခုပါ ။
အခုချိန်ထိ ကျွန်တော်ဆော့ဖူးသမျှဂိမ်းတွေထဲမှာ  ( ကိုယ့်ဟာကိုယ်သတ်မှတ်တဲ့အဆင့်အရ )
ဒီ ဂိမ်းလေးဟာ အဆင့်နှစ်နေရာမှာ ရှိနေပါတယ် ။ ကျွန်တော် ဒီလောက်ကို ညွှန်းနေမှတော့
သိချင်နေပြီပေါ့ ။  ။ ကဲ . . . ပုံလေးကို အရင်ကြည့်ဗျာ  ။

 ပုံမှာမြင်တဲ့အတိုင်းပါပဲဗျာ ။ ။ ။ အင်ဂျင်နီယာကြီးတစ်ယောက်လို ဖြစ်သွားမယ် ။
အယူအဆတွေကို တွက်ချက်ရတဲ့ လူတစ်ယောက်ဖြစ်သွားမယ် ။ အစပိုင်းမှာ လွယ်မလိုလိုနဲ့
လေးငါးခန်းကျော်သွားတဲ့အခါ တိမ်မယောင်နဲ့ နက်လာပါတော့တယ် ။
ဆော့ပုံဆော့နည်းကတော့ ဘောလုံးအပြာလုံးသေးသေးလေး တစ်လုံးရှိပါတယ် ။
သေတ္တာအပြာကြီးတစ်ခုရှိပါမယ် ။ အဲ့ဒီဘောလုံးလေးကို သေတ္တာထဲကို ရောက်စေဖို့
လမ်းကြောင်းဆင်ပေးရတာပါ ။ စိတ်ကြိုက်ဆင်ပြီးရင် ဘယ်ဘက်အပေါ်ထောင့်မှာ ရှိနေတဲ့
Play သင်္ကေတလေးကို နှိပ်လိုက်ရင် ဘောလုံးလေးက လိမ့်ဆင်းလာပြီး သင်ချပေးထားတဲ့
လမ်းကြောင်းအတိုင်းသွားမယ် ။ လမ်းကြောင်းချပေးတာ မှန်ရင်တော့ သေတ္တာအပြာလေးဆီ
ဝင်သွားမယ် ။ ဒါဆို တခန်းအောင်မယ်ပေါ့ ။ အဲ့လို အဲ့လို ။း))
တုတ်ချောင်းလေးတွေကို သံရိုက်သင့်ရိုက်ရမယ် ။ ကုတ် အယူအဆတွေဆင်ချင်ဆင်ရမယ် ။
ဘတ္ထရီနဲ့ ချိတ်ပြီး စွမ်းအင်ပေးသင့်ရင်ပေးရမယ် ။ မူလီဆွဲသင့်ရင်ဆွဲရမယ် ။ ဒါမျိုး ။
အများကြီး တွေးစရာတွေ ရှိနေပါတယ် ။ ကဲ . . . လိုချင်လား ။ လိုချင်ရင်တော့ ထုံးစံအတိုင်း
ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ အလှူအိမ်ရဲ့ ထုံးစံအတိုင်း Lite Version မဟုတ်ပဲ
ပလိုးစတေးမှာ 2.88$ ပေးရတဲ့ ပရိုဗားရှင်းလေးပါ ။ စကားနည်းနည်းထပ်ပြောချင်တယ်ဗျ ။
ကျွန်တော့်မှာ မီဒီယာဖိုင်းယားအကောင့်သာရှိတဲ့အတွက် မီဒီယာဖိုင်းယားမှာပဲ တင်လေ့ရှိပါတယ် ။
အဲ့ဒီအခါ ကျွန်တော်က နည်းနညှ်းလျှာရှည်ပြီး စက်ရုပ်ချစ်သူတို့ ဟိုသွားဒီသွားမဖြစ်ရလေအောင်
မီဒီယာဖိုင်းယားဆိုက်ကနေ နောက်ဆုံး ဒေါင်းလုဒ်လင့်ကို တခါတည်းကောက်တင်လိုက်ပါတယ် ။
ဒါဆို နှိပ်လိုက်တာနဲ့ တန်းဒေါင်းပေါ့ ။ အစကတော့ အဆင်ပြေပါတယ် ။ နောက်ပိုင်း မီဒီယာဖိုင်းယားက
ကျွန်တော့ကို အမြင်ကပ်လာတယ်ထင်တယ် ။ Error to download ဆိုတာကြီး ပြပြပြီး
နေပါတယ် ။ မရဘူးလားဆိုတော့ မဟုတ်ဘူး ရတယ် ။ အဲ့ဒီ Error Page မှာ
ငါးစက္ကန့်လောက်စောင့်နေလိုက်ရင် Auto Refresh ဖြစ်သွားပြီး မီဒီယာဖိုင်းယားဆိုက်ထဲက
ဒေါင်းလုဒ်လင့်ခ် ဆီရောက်သွားပါလိမ့်မယ် ။ အဲ့ကျရင် ဒေါင်းလုပ်ဆိုတာကို နှိပ်ပြီး ဒေါင်းလို့ရပါပြီ ။
ကျွန်တော်လဲ တတ်နိုင်သလောက် လင့်ခ်တွေ ပြန်ပြင်ပေးထားပါမယ် ။ အရင်ပို့စ်တွေကလို
ဒီနေရာမှာ  ဒီနေရာမှာ ဆိုပြီး ဒေါင်းလုဒ်လင့်ခ်တွေကို မထည့်တော့ပဲ ပို့စ်အောက်ဆုံးမှာပဲ
ဒေါင်းလုဒ်လင့်ခ် သပ်သပ်တင်ပေးပါတော့မယ် ။ ကဲ . . . ဒီပို့စ်က စမယ်ပေါ့ဗျာ ။
Apparatus ဂိမ်းလေးကိုလိုချင်ရင် အောက်မှာ ဒေါင်းလုပ်ရယူနိုင်ပါသည် ။

Apparatus Download Link !!

0 comments:

Post a Comment