လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

PicSay PRO

သင်ဟာ ဓါတ်ပုံရိုက်တာဝါသနာ ပါပါသလား ။ ပရိုကျကျ ဓါတ်ပုံမရိုက်တတ်လို့
စိတ်ညစ်နေပါသလား ။ ကဲ . . . သင်စိတ်ညစ်တာတွေ ခဏဖယ်ထားလိုက်ဗျာ
ဒီ ဆော့ဝဲလ်လေးက သင့်ကို အတတ်နိုင်ဆုံးကူညီပါလိမ့်မယ် ။


ဓါတ်ပုံလေးကို အလင်းအမှောင်ချိန်မယ် ။ ကာလာချိန်မယ် ။ Effect တွေထည့်မယ် ။
အဖြူလိုချင်လား အမည်းလိုချင်လား အဖြူအမည်းလိုချင်လား ရောင်စုံမလား ဘာလားညာလား ။
ကာတွန်းစာအုပ်တွေထဲကလို စကားပြောနေတဲ့ဟန် စာလေးတွေထည့်မလား ။
ရုပ်ပြောင်လေးတွေထည့်မလား . . . . စသည်ဖြင့် တော်တော်လေးစုံစုံလင်လင်လုပ်နိုင်ပါတယ် ။

လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းပါ ။ ဒါပေမဲ့ ဒီကောင်လေးက Pro Version ဖြစ်တာကြောင့်
Crack ထားတာဖြစ်တာကြောင့် License ကီးပြဿနာရှိပါတယ် ။ ဘာလဲဆိုတော့
Amazon Market verify လုပ်ခိုင်းတာပါ ။ ကျွန်တော်တို့ဆီမှာက Amazon Market မှ
အလုပ်မလုပ်တာ ။ ဒီတော့ ခက်ပြီပေါ့ ...... လို့မထင်ပါနဲ့ ။ ဖြေရှင်းပေးပါ့မယ် ။
ဂျိုကာကောင်လေးရှိပါတယ် ။ Lucky Patcher လို့ခေါ်ပါတယ် ။ သိတယ်မလား ။း)
ဒီနေရာမှာ ဒီကောင်လေးကို အားကိုးကြပါစို့ ။ Lucky Patcher ကို  ဒီနေရာမှာ  ဒေါင်းပါ ။
ကဲ . . . အလုပ်စပါမယ် ။ PicSay Pro ကို Install လုပ်ပါ ။ ဖွင့်ကြည့်ပါ ။  Amazon Maket Verify
လုပ်ခိုင်းပြီး လုံးဝဖွင့်လို့မရတာကို တွေ့ပါမယ် ။ Lucky Patcher ကို Install လုပ်ပါ ။
ထို့နောက် Lucky Patcher ကိုဖွင့်ပါ ။ Root Access တောင်းပါမယ် ။ Grant လုပ်ပေးလိုက်ပါ ။
ပြီးလျှင် Picsay Pro ကိုရှာပါ ။ တွေ့လျှင် Picsay Pro ဆိုတာလေးကိုဖိထားပါ ။
Patch menu ပေါ်လာပါလိမ့်မယ် ။ Remove License Verification ဆိုတာကို ရွေးပါ ။
Auto mode ကိုရွေးပါ ။ သုံးခုမြောက်လောက်မှာထင်တယ် ။ Auto Mode ( amazon market ) ဆိုတာ
ရှိပါတယ် ။ အဲ့ကောင်လေးကို ရွေးလိုက်ပါ ။ ပြီးလျှင်ခဏစောင့်ပါ ။ ဂျိုကာလေးအလုပ်လုပ်နေပါတယ် .။
ပြီးသွားတဲ့အခါကျရင်တော့ စောစောက ဖွင့်မရခဲ့တဲ့ Picsay Pro ကိုသွားပြန်ဖွင့်ကြည့်ပါ ။
ဘာမြင်ရမလဲ . . . . သိပါလိမ့်မယ် ။း))

Picsay Pro Download Link !! 

Lucky Patcher Download Link !! 

0 comments:

Post a Comment