လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Samsung Galaxy Mini2 GT-S6500 Root လုပ်နည်း

GT-S6500 အတွက်ပါ ။ GT-S6500D အတွက်မဟုတ်ပါ ။ ဂရုစိုက်စေချင်ပါသည် ။
ကျွန်တော်ကိုယ်တိုင်မှားခဲ့ပြီး တိုင်ပတ်ခဲ့ပြီးမို့ပါ ။ အခုတင်တဲ့နည်းက GT-S 6500 အတွက်ပါ ။

ထုံးစံအတိုင်း လိုအပ်ချက်လေးတွေအရင်စုပါမယ် ။
ပထမဆုံးနဲ့ အရေးအကြီးဆုံးလိုအပ်ချက်က သင့်မှာ Samsung Galaxy Mini2 ရှိရပါမည် ။း)
နောက်ထပ်လိုအပ်ချက်က ကွန်ပြူတာတလုံး ။ ထို့နောက် ဖုန်းနှင့်ဆက်သွယ်ရန် USB Cable ။
ထို့နောက် သင်၏ဖုန်းအား ကွန်ပြူတာမှသိစေရန် ကွန်ပြူတာတွင် Driver software ရှိနေရပါမည် ။
ကဲ . . . ဒါတွေရှိရဲ့လား ။ မရှိရင်တော့ ကိုယ့်ဟာကိုယ်သာ ရှာပြီးစုလိုက်ပါ ။း))

ကျွန်တော်က ဒုတိယပိုင်းကနေ စပြောပါမယ် ။ ဒေါင်းလုပ်ကနေပဲ စကြတာပေါ့ ။

Odin3 V-1.85 ဒေါင်းရန် CLICK !!
Root Me Zip File ဒေါင်းရန် CLICK !!
CWM -5.0.2.8 ဒေါင်းရန် CLICK !!

သုံးခုလုံးဒေါင်းပြီးပြီဆိုရင် စပါမယ် ။
ပထမဆုံး ဖုန်းကနေ USB Debuging ကို ဖွင့်ပေးရပါမယ် ။
Setting >> Application >> Development  သွားလိုက်ပါ ။ USB Debuging တွေ့ပါမယ် ။
အမှန်ခြစ်ခဲ့လိုက်ပါ ။ ပြီးရင် ဖုန်းကို Shut Down ချပါမယ် ။
ပြီးတဲ့အခါ ဖုန်းရဲ့ Volume Down + Home + Power ခလုပ်သုံးခုကို စုံနှိပ်ပြီး Download Mode
ထဲသို့ဝင်ပါမယ် ။ ပြီးရင် စောစောက ဒေါင်းထားတဲ့ Odin3 ကို Zip ဖြည်ပြီး Run လိုက်ပါ ။
Odin3 ဖွင့်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB Cable သုံး၍ ဆက်သွယ်လိုက်ပါ ။
ဆက်လိုက်တာနဲ့  ( Computer က Phone Driver သာမှန်မယ်ဆိုရင် ) Odin3 မှာ
ဖုန်းဆက်သွယ်လိုက်ကြောင်း ပြပါလိမ့်မယ် ။ ဘယ်ဘက်အပေါ်ထောင့်နားကအကွက်လေးမှာ
အ၀ါရောင်လေးဖြစ်နေပါမယ် ။ အဲ့လိုဖြစ်နေပြီဆိုရင် PDA ကို နှိပ်၍ စောစောက ဒေါင်းထားတဲ့
CWM 5.0.2.8.tar.md5 ဖိုင်ကိုရွေးလိုက်ပါ ။ ပြီးရင် Start ကိုနှိပ်၍ ခဏစောင့်နေပါ ။
ဖုန်းက Auto Reboot ကျသွားပါမယ် ။ ဖုန်းပြန်တက်လာရင် နောက်တစ်ခါ Shut Down ချပါ ။
ပြီးရင် ဖုန်းရဲ့ Vol Up + Vol Down + Home + Power ခလုပ်လေးခုလုံးကို ငါးစက္ကန့်ခန့်စုံနှိပ်ထားပါ ။
ဖုန်းပြန်တက်လာရင် Clock Work Mod Recovery ထဲရောက်ပါမယ် ။
Recovery Mode ထဲရောက်ပြီဆိုရင် စောစောက ဒေါင်းထားတဲ့ Root Me ဖိုင်ထဲမှ
Runme.bat ဖိုင်ကို နှိပ်လိုက်ပါ ။ အမဲရောင် Box တစ်ခုပေါ်လာပါမယ် ။
သူ့ဟာသူ စာတမ်းတွေအများကြီး အော်တိုတက်နေပါမယ် ။ စာတန်းတွေတက်နေတာကုန်ရင်
ALL Done !! ဆိုပြီးပေါ်ပါလိမ့်မယ် ။ အကယ်၍ All Done !! မပေါ်ခဲ့ရင် Runme.bat ကို
နောက်တစ်ခါပြန်နှိပ်ပါ ။ All done ပေါ်လာပြီဆိုရင်တော့ ဖုန်းကို Reboot ချပါမယ် ။
Recovery Mode ထဲမှာ Reboot System Now ဆိုတာလေးတွေ့ပါမယ် ။ အဲ့ဒါကို
ဖုန်းရဲ့ Home Key နဲ့ရွေးပြီး ဖုန်းကို Reboot ချလိုက်ပါ ။ ဖုန်းပြန်တက်လာရင်
အ၀ါရောင် တြိဂံ Sign လေးပေါ်နေတတ်ပါတယ် ။ နောက်ပြီး ဖုန်းမော်ဒယ်က 7500
ဖြစ်နေတတ်ပါတယ် ။ ပြဿနာမရှိပါဘူး ။ ဖုန်းပွင့်လာပြီဆိုရင်တော့
Super User ဆိုတဲ့ပင်လယ်ဓါးပြစက်ရုပ်အစိမ်း Icon လေးကို သင့်ဖုန်းမှာ မြင်နိုင်ပါပြီ ။
Root လုပ်ခြင်း ပြီးဆုံးသွားပါပြီ ။း) အဆင်ပြေကြပါစေ ။
အဆင်မပြေရင် ahluueain@gmail.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။း)

The Last Survivor

စက်ရုပ်ချစ်သူတို့ကို တခါတလေတော့လဲ အသည်းယားအောင်လုပ်ကြည့်ချင်မိသား ။
ဒါကြောင့် အသည်းယားစေမဲ့ ဂိမ်းလေးတစ်ခု ရှာပြီးတင်ပေးလိုက်ပါတယ် ။
The Last Survivor ပါတဲ့ ။ Google Play မှာ ညွှန်းချက်ကတော့ ကျွန်တော့ထက်ကိုပိုတယ် ။
Angry Bird တို့ Fruit Ninja တို့ Doodle Jump တို့ကို မေ့ထားခဲ့ပြီး ဒီဂိမ်းလေးကိုဆော့ကြည့်ဆိုပဲ။


အဲ့လောက်ကြီးတော့ ဟုတ်ပါဘူး လို့ ပြန်ပြောလိုက်ချင်သား ။း)
ဒါပေမဲ့ ဆော့လို့တော့ကောင်းပါတယ် ။ အသည်းတယားယား ဖင်တကြွကြွနဲ့ ဟိုခုန်ဒီခုန် ။း))
ဆော့ကြည့်ပါ ။ ဖိုင်ဆိုဒ်လေးလဲ သေးပါတယ် ။ မကြိုက်တော့လဲ ပြန်ဖျက်ပစ်ပေါ့ ။
အလကားရတာပဲ . . . နော့ ။ Play Store မှာဆိုရင်တော့ 1.01$ ပေးရမဲ့ Paid Version လေးပါ ။
အသည်းယားချင်ရင် ဒီနေရာမှာ ဒေါင်းကြပါဗျို့ ။

The Last Survivor Download Link !! 

HD Widgets

ဒီတစ်ခါ အရမ်းလှတဲ့ Home Screen Widget လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
Google Play Store ရဲ့ Editors' Choice Widget လေးပါ ။ 1.99$ တန်ကြေးရှိပါတယ် ။


ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ ။
Clock Widget , Date Widget , Weather Widget (Forecast Mode )
Switches Widget ( Custom Switch Arrange ) စသည်တို့ကို Size မျိုးစုံ Color မျိုးစုံ
မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ် ။ ဒါ့အပြင် နာရီနေရာကို နှိပ်လိုက်ရင် Alarm Clock ပွင့်ခြင်း ။
Date နေရာကို နှိပ်လိုက်ရင် Calander ပွင့်ခြင်းစသော Hotspot Mode လဲ အလုပ်လုပ်ပါတယ် ။
သင့်ဖုန်းစခရင်ကို မျက်စိနောက်နေအောင် ကာလာမျိုးစုံသုံးပြီး အလှဆင်ကြပါစို့လား ။း)


ကျွန်တော့ဖုန်း Home Screen ပုံပါ ။း) အပေါ်မှာသုံးထားတဲ့နာရီနဲ့ နေ့စွဲက HD Widget သုံးထားတာပါ ။
လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ အားလုံး မျက်စိနောက်နိုင်ကြပါစေ ။

HD Widgets Download Link !!

PS One Hervest Moon For Android

ငယ်ငယ်တုန်းက Playstation one ဂိမ်းလေးတွေမှာ ထမင်းမေ့ဟင်းမေ့ဖြစ်ခဲ့ဖူးပါသလား ။
တစ်ခါတစ်လေကျရင် အခုခေတ်ပေါ်ဂိမ်းတွေထက် ငယ်ငယ်တုန်းက ကစားခဲ့တဲ့ဂိမ်းလေးတွေကို
လွမ်းသလိုလိုဖြစ်နေတတ်တဲ့ ဂိမ်းသမားတွေ ရှိကြပါတယ် ။
အခု အဲ့ဒီအိပ်မက်လေးတွေကို စက်ရုပ်လေးနဲ့ ပြန်အသက်သွင်းရအောင် ။
ဒီပို့စ်မှာတော့ ကျွန်တော်အကြိုက်ဆုံးဂိမ်းလေးတစ်ခုဖြစ်တဲ့ Hervest Moon Back to Nature လေးကို
တင်ပေးပါ့မယ် ။ ကျန်တဲ့ဂိမ်းတွေ လိုချင်ရင်လဲ သွားဒေါင်းလို့ရအောင် ဒေါင်းရမဲ့နေရာပြပေးပါ့မယ် ။

ကဲ . . . . ကျွန်တော်တို့ Dream To Come True ကြရအောင် ။း))



စက်ရုပ်ဖုန်းလေးမှာ PS 1 ဂိမ်းတွေ ဆော့ဖို့အတွက် Emulator လိုအပ်ပါတယ် ။
ဒီတော့ Emulator အရင်ဒေါင်းကြရအောင် ။
လိုအပ်တဲ့ Emulator လေးကို  ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ Crack လုပ်ပြီးသားပါ ။
တိုက်ရိုက်တန်းသုံးနိုင်ပါတယ် ။ အကယ်၍ Activate လုပ်ခိုင်းတာတို့ ဘာတို့ဖြစ်လာရင်တော့
အောက်မှာဆက်ရေးထားတဲ့နည်းကို ဆက်လုပ်ပေးပါ ။ ကျွန်တော်တင်ထားတဲ့ Cracked Version က
အဆင်ပြေပါလိမ့်မယ် ။ ကျွန်တော်ကိုယ်တိုင်အထပ်ထပ်စမ်းပြီးသားပါ ။ တစုံတစ်ခုလွဲချော်ခဲ့မှသာ
Activate လုပ်ဖို့အောက်ကနည်းလမ်းကို ဆက်သုံးပါ ။

( တကယ်လို့များ တိုက်ရိုက်တန်းသုံးဖို့အဆင်မပြေမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင်တော့ 
 Activator ကို ဒီနေရာမှာ ဒေါင်းပြီး Activate လုပ်ပေးလိုက်ပါ ။ Activate လုပ်ပုံလုပ်နည်းက
 Emulator ကို အင်စတောလုပ်ပါ ။ ထို့နောက် Activator ကို အင်စတောလုပ်ပါ ။
 ပြီးရင် Activator ကိုဖွင့်ပါ ။ Pitch ဆိုတဲ့ခလုပ်လေးတစ်ခုထဲ ထင်ထင်ရှားရှားမြင်ရပါမယ် ။
 အဲ့ဒါလေးကို နှိပ်ပေးလိုက်ပါ ။ ဒါဆိုရင် သင့်ရဲ့ Emulator ဟာ Activate လုပ်ပြီးသားဖြစ်သွားပါပြီ ။
 အသုံးပြုလို့ရပါပြီ ။ ဒီနည်းလမ်းကို MMUC က ကိုဘိုဆန်နီလွင်ဆီမှ ရယူထားခြင်းဖြစ်သောကြောင့်
ကိုဘိုဆန်နီလွင်ကို ခရက်ဒစ်ပေးပါတယ် ။ ဒီနည်းလမ်းကိုအသုံးပြုဖို့ Root လုပ်ထားပြီးသားဖြစ်ရပါမယ် )

Emulator ဒေါင်းပြီးပြီဆိုရင်တော့ Bios ဆက်ဒေါင်းပါမယ် ။ ( ဒေါင်းရလွန်းလို့ စိတ်တော့မညစ်
ပါနဲ့ဗျို့ )

လိုအပ်တဲ့ Bios အတွက် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 

တလက်စတည်း Game Rom ပါ ဆက်ဒေါင်းလိုက်ကြပါဗျာ ။ 
စိုက်ပျိုးရေးဂိမ်းလို့ ခေါ်ကြတဲ့ Hervest Moon Back To Nature ပါ ။
ဒီနေရာမှာ ဒေါင်းပါ ။

အခုဆိုရင် ကျွန်တော်တို့မှာ လက်နက်စုံပါပြီ ။ တိုက်ပွဲဝင်ကြရအောင် . . . . 
ပထမဆုံး ဒေါင်းတဲ့ Emulator ကို ဖုန်းမှာ Install လုပ်ပါ ။ 
ပြီးရင် ဒေါင်းထားတဲ့ Bios နဲ့ Game Rom ကို Sd Card ထဲသို့ထည့်ပါ ။ 
ပြီးရင် Emulator ကို Run ပါ ။ ပေါ်လာပါမယ် ။း)) 
Load Bios ကိုနေရာမှာ စောစောက ဒေါင်းထားခဲ့တဲ့ Bios ဖိုင် SCPH1001.Bin ကို ရွေးပါ ။
ပြီးရင် Load Game မှာ Sd Card ထဲမှာသိမ်းထားခဲ့တဲ့ Hervest Moon ကိုရွေးပါ ။

သင်ဘာမြင်ရပါမည်နည်း ။ ကျွန်တော်မပြောတော့ပါ ။ တွေ့ပါလိမ့်မည် ။း))
ကဲ . . . လယ်လေးထွန်လိုက် ခွေးလေးကျောင်းလိုက် ဖွန်လေးကြောင်လိုက် ငါးလေးမျှားလိုက်နဲ့
အလေလိုက်နိုင်ပါပြီ ။ အော် . . . တစ်ခုသင်ပေးပါဦးမယ် ။
ဂိမ်းစစချင်း သင့်မှာပိုက်ဆံအနည်းငယ်ပါပါမယ် ။ စတိုးဆိုင်ကိုသွားပါ ။ မျိုးစေ့ဝယ်ပါ ။
ဝယ်တဲ့အခါ တန်ဖိုးကြီးကြီးတစ်ခုကိုရွေးပြီး ပမာဏအများဆုံးအထိရွေးပြီးဝယ်လိုက်ပါ ။
ပိုက်ဆံမလောက်မှာ မပူပါနဲ့ ။ သင့်ကို အကြွေးရောင်းပါလိမ့်မယ် ။ 
နောက်ကျတော့မသိချင်ယောင်ဆောင်ပြီး ပြန်မပေးနဲ့တော့ပေါ့ဗျာ ။း))
စတိုးဆိုင်ကိုသွားတိုင်းလဲ ဆိုင်ရှင်ကိုစကားသွားမပြောပါနဲ့ ။ အကြွေးတောင်းမှာတော့မဟုတ်ဘူး ။
သင့်ကို တယောထိုးပြပါလိမ့်မယ် ။ ဒါမျိုးကတော့ ဂိမ်းထဲတောင်လက်မခံနိုင်ဘူး ။း))

- ဟိုရောင်းဒီရောင်းလုပ်ပြီး ပိုက်ဆံရတဲ့အခါ ကျောပိုးအိတ်ကို အရင်ဝယ်သင့်ပါတယ် ။
  ပြီးရင် ခြင်းတောင်း ၀ယ်ပါ ။ သင့်အတွက်အများကြီးအထောက်အကူပြုပါမယ် ။
 ရွှေသွားတူးပါ ။ တောင်းနဲ့သွားတဲ့အခါ ပိုများများစုနိုင်ပါမယ် ။ မောပြီးလဲခါနီးအထိတူး ။
 ပြီးရင် သွားရောင်း ။ ပြီးရင် မိုင်းတွင်းအရှေ့က ရေပူစမ်းမှာ ရေ၀င်ချိုး ။ အိပ်ငိုက်သလိုဖြစ်တဲ့အထိ
နေလိုက်ရင် အားပြန်ပြည့်ပါတယ် ။ ရွှေထပ်တူး ။ ထပ်ရောင်း ။ တနေ့ကို သုံးခါလောက်တော့
တူးလို့ရပါတယ် ။ ပိုက်ဆံတအောင့်လေးချမ်းသာတာပေါ့ ။

- ကိုယ့်ရဲ့ ကိရိယာတွေကို အဆင့်မြှင့်ဖို့ ပါဝါလိုနေတယ်ဆို၇င်လဲ လွယ်ပါတယ် ။
  အပြင်မှာလုပ်စရာတွေလုပ်ပြီးတဲ့အခါ အိမ်ထဲပြန်ဝင်ပြီး ကိုယ်အဆင့်မြှင့်ချင်တဲ့ကိရိယာကို သုံးနေပါ ။
ဥပမာ . . ပုဆိန်ကို မြှင့်ဖို့လိုတယ်ဆိုပါစို့ ။ အလုပ်တွေပြီးတဲ့အခါ ရေသွားချိုးပြီး အိမ်ထဲပြန်ဝင် ။
အိမ်ထဲမှာ တနေရာရာကို ပုဆိန်နဲ့သာထိုင်ခုတ်နေ ။ ပက်လက်လှန်မောတဲ့အထိ ခုတ်နေ ။
နောက်ဆုံးအဆင့်မောတဲ့ပုံပြရင်တော့ အပြင်မထွက်နဲ့တော့ ။ တန်းပြီးအိပ်ယာဝင်လိုက်ပါ ။
ဒီလိုနဲ့ဆိုရင် တပတ်လောက်နေ့တိုင်းခုတ်နေရင် ပုဆိန်ပါဝါဟာ ခဏလေးပြည့်သွားမှာပါ ။း)

ကဲ . . . စိုက်ပျိုးရေးချည်းပဲလားဆိုတော့ မဟုတ်ပါဘူး ။ ဒိပြင်ဂိမ်းတွေကိုဒေါင်းချင်ရင်
ဒီနေရာမှာ သွားရောက်ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ မန်မိုရီကဒ်ပမာဏများများသာ ၀ယ်ထားဗျို့ ။း)
 
Emulator Download Link !!
Activator Download Link !!
Bios Download Link !!
Hervest Moon (BTN ) Download Link !!

Digital Clock Disc Widget

တစ်ချို့က Phone Screen မှာ ဘာ ဘာ ဘာမှမတင်ပဲ ရှင်းရှင်းကြီးထားချင်ကြတယ် ။
ဥပမာ ကျွန်တော့လိုပေါ့ ။ Dock တို့ Status Bar တို့ကိုတောင် ဖျောက်ထားတတ်တယ် ။
ကိုယ့်စိတ်ကြိုက်ဝေါပေပါလေးတင်ပြီး အဲ့ဒါလေးကိုပဲရှင်းရှင်းလင်းလင်းမြင်ချင်တယ် ။
တစ်ချို့ကျတော့ အဲ့လိုမဟုတ်ဘူး ။ အလွယ်တကူရှိစေလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့
Phone ရဲ့ Home Screen မှာ Widget တွေမွနေအောင်တင်တတ်ကြတယ် ။
အဲ့ဒါလဲ အဆင်တော့ပြေတာပဲ ။ တစ်ခုခုသုံးချင်တဲ့အခါ အလွယ်တကူရှိတာပေါ့ ။
ကဲ . . . . ဒီတစ်ခါ အဲ့ဒီလို Widget ချစ်သူတို့အတွက် Digital Clock Widget လေးပါ ။
Analog Clock Widget တွေချည်းပဲတင်ထားတော့ Digital Clock မရှိဘူးလားဆိုတဲ့
အလှူခံပုဂ္ဂိုလ်တစ်ယောက်တောင်းဆိုတာကြောင့် လှမယ်ထင်တာလေး တင်ပေးလိုက်ပါတယ် ။
ICS သမားတွေ ။ Holo Launcher သမားတွေအတွက်တော့ လုံးဝကွက်တိဒီဇိုင်းလေးပါ ။
ကျန်တဲ့သူတွေလဲ သုံးလို့ရပါတယ် ။

 လိုချင်ရင်တော့ . . . . . .  ဒီနေရာမှာ  ဒေါင်းလုပ်ရယူ မျက်စိနောက်တော်မူကြပါကုန်သော်ဝ် ။

Digital Clock Disc Widget Download Link !!

Flashlight Call Pro

သူငယ်ချင်းတစ်ယောက်ကမေးလာပါတယ် ။
ဖုန်းလာရင် ဖုန်းမှာပါတဲ့ Camara Flash Light က ဖလန်းဖလန်းထအောင်လုပ်တဲ့ဟာလေး
လိုချင်ပါသတဲ့ ။ ဒီလိုအလှူခံလာလေတော့ ကျွန်တော်လဲ အလှူတစ်ခုပြုရတော့တာပေါ့ ။
ကဲ . . . လာပါပြီဗျာ ။ ဖလန်းဖလန်းထချင်တဲ့ ကိုကို မမ တို့အတွက် ။


Play Store မှာ ၁.၆၀ ဒေါ်လာတန်တဲ့ PRO Version လေးပါ ။ လှူမဲ့လှူတော့လဲ
အဲ့လိုမျိုးပဲ လှူချင်တာ ။း))
Play Store မှာ ကွန်မန့်လာရေးထားသူများရဲ့ အဆိုတွေကို ကြည့်ခြင်းအားဖြင့်
ပြဿနာအနည်းငယ်ရှိနိုင်ပါတယ် ။ အဆင်မပြေပါဘူး လို့ကွန်မန့်လာရေးသူတော်တော်များများက
HTC ဖုန်းတွေမှာဖြစ်ပါတယ် ။ ဒါကြောင့် တစ်စုံတစ်ခုအဆင်မပြေဖြစ်ခဲ့ရင်တော့ Uninstall သာ
ပြန်လုပ်လိုက်ပါ ။ ဒါပေမဲ့ ကျွန်တော် စမ်းထားပါတယ် ။ Samsung Galaxy S Advanced ၊
Samsung Galaxy W ၊ Samsung Galaxy Mini2 ၊ Sony Live with walkman ဖုန်းလေးမျိုးနဲ့
ကျွန်တော်စမ်းထားပါတယ် ။ အားလုံးအဆင်ပြေပါတယ် ။ ကျွန်တော့ဆီမှာ Huawei မရှိတဲ့အတွက်
Huawei နဲ့ HTC မှာ ဘယ်သို့ဘယ်ပုံဖြစ်မယ်ဆိုတာတော့ ကျွန်တော်အာမမခံနိုင်ပါ ။
တကယ်လို့ သုံးကြည့်ပြီးအဆင်ပြေတယ်ဆိုရင်တော့ ကွန်မန့်မှာ ဘယ်ဖုန်းမော်ဒယ်ကတော့ဖြင့်
အဆင်ပြေပါတယ် အဆင်မပြေပါဘူး ရေးပေးရုံနဲ့ ကျွန်တော့ကိုအများကြီးကူညီရာရောက်မှာပါ ။

ကဲ . . . ဖလန်းဖလန်းထချင်သူများ  ဒီနေရာမှာ ဒေါင်း၍ ဖလန်းနိုင်ပါပြီ ။
စက်ရုပ်ချစ်သူအပေါင်း သာဓုခေါ်နိုင်ကြပါစေသော်ဝ် ။   ။

Flashlight Call Pro Download Link !! 

Galaxy Pack Live Wallpaper

Galaxy ချစ်သူတို့အတွက် Galaxy ပုံလေးတွေနဲ့ Live Wallpaper Pack တစ်ခုပါ ။
3D Animation Effect လေးတွေနဲ့ တကယ့်အလန်းစားလေးပါ ။ ကျွန်တော်ပြောပြနေတာထက်
ကိုယ်တိုင်စမ်းကြည့်လိုက်ရင် ပိုသိရမယ်ထင်တယ်ဗျ ။


သင့်ရဲ့စက်ရုပ်လေးကို အာကာသထဲပို့ကြည့်ချင်တယ်ဆိုရင်တော့ 
Galaxy Pack Live Wallpaper  <<< ဒေါင်းပြီးသုံးကြည့်ကြပေါ့ဗျာ ။ အလန်းစားလေးပါ ။
Google Play Store မှာ နှစ်ဒေါ်လာနီးပါးပေးရတဲ့ Wallpaper လေးတစ်ခုပါ ။
အားလုံး အဆင်ပြေကြပါစေ ။

Turbo Fly 3D ( Paid Version )

ယာဉ်ပျံလေးတစီးကို မောင်းနှင်ပြိုင်ရတဲ့ ဂိမ်းလေးတစ်ခုပါ ။ ပုံမှန်ကားပြိုင်ပွဲတွေကို 
ငြီးငွေ့နေသူများအတွက်ပါ ။ အရမ်းဆော့လို့ကောင်းပါတယ် ။ 


ဖုန်းကို ဘယ်ယိမ်းညာယိမ်းနဲ့ မျက်စိနောက်နေအောင်ကို ကစားနိုင်ပါတယ် ။း)
ဆော့ကြည့်မယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 
Google Play Store မှာတော့ 1.91$ တန်ကြေးရှိပါတယ် ။

Skype For Android

စက်ရုပ်ဖုန်းများအတွက် Skype ဆော့ဝဲလ်လေးပါ ။ အထူးတလည်တော့ရှင်းပြနေစရာမလိုဘူးထင်တယ် ။

 ဖုန်းအချင်းချင်းဖြစ်စေ ၊ ကွန်ပြူတာမှဖုန်းကိုဖြစ်စေ Voice Call ၊ Video Call ခေါ်ဆိုနိုင်ပါတယ် ။
ဒါ့အပြင် Skype Credit ၀ယ်ယူ၍ ပြည်ပဖုန်းခေါ်ဆိုမှုများ ၊ ပြည်တွင်းဖုန်းခေါ်ဆိုမှုများကို
ပြုလုပ်နိုင်ပါတယ် ။ သာမန်ဖုန်းခေါ်စားရိတ်များထက် ပိုသက်သာပါတယ် ။
လိုအပ်မယ်ဆိုရင်  ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Samsung GalaxyS Advanced GT-i9070 Root လုပ်နည်း

ဒီဆိုက်လေးမှာ ပထမဆုံးနည်းပညာမျှဝေမှုအဖြစ် Samsung GalaxyS Advanced GT-I9070 
Root Access ရယူနည်း ( အမြစ်တူးနည်း ) တင်ပေးလိုက်ပါတယ် ။ ဘာဖြစ်လို့ ဒီဖုန်းအတွက်
အရင်တင်ဖို့ရွေးလိုက်သလဲဆိုတော့ ကျွန်တော်လက်ရှိသုံးနေတာဖြစ်တဲ့အတွက်
ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့ပါ ။း) 



ပထမဆုံး Download လုပ်တာကနေ စပါမယ် ။း)
အမြစ်တူးဖို့အတွက် လိုအပ်တဲ့ဖိုင်များအား ဒေါင်းလုပ်ရယူရန် >>> To download Root GSA . zip ( CLICK !! )

Samsung Kies ( PC sync ) ရယူရန်  >>>>>  
 ( Samsung Kies CLICK HERE !! )   { For Win XP , Win Vista , Win 7 }
 ( Samsung Kies CLICK HERE !! )   { For Mac OS }
ရှိပြီးသားသူများဒေါင်းရန်မလိုပါ ။ မိမိရဲ့ဖုန်းကို ကွန်ပြူတာက သိဖို့အတွက်လိုတာပါ ။ 

ထို့ပြင် မိမိဖုန်းနှင့်ကွန်ပြူတာအား ဆက်သွယ်ရန် USB Cable တစ်ချောင်းရှိရပါမည် ။း)

ကိရိယာများစုံလင်ပြီဆိုရင် အမြစ်တူးခြင်းကို စတင်ပါတော့မယ် ။ 
( မိမိရဲ့ဖုန်းမှာ ဘထ္ထရီအားဟာ ငါးဆယ်ရာခိုင်နှုန်းနှင့်အထက် ရှိသင့်ပါသည် )

။  ။ ပထမဆုံး ဖုန်းမှ USB Debugging နှင့်  Allow mock locations တို့အား
Checked ( Slected ) လုပ်ပေးဖို့လိုပါတယ် ။ { မိမိဖုန်းရဲ့ Setting သို့ဝင်ပါ ။
ထို့နောက် Applications >> Development သို့ဆက်ဝင်ပါ ။ တွေ့ပါမည် ။ }
နှစ်ခုစလုံးအား Checked ( အမှန်ခြစ် ) လုပ်ပေးလိုက်ပါ ။

။  ။ ထို့နောက် ဖုန်းကို Shut Down ချပါ ။ { Power ပိတ်ခြင်းကိုဆိုလိုပါသည် }

။  ။ ဒီတစ်ခါ ကွန်ပြူတာကနေလုပ်ရမဲ့အလှည့်ရောက်ပါပြီ ။ 
အထက်မှာ ဒေါင်းလုပ်ရယူထားတဲ့ဖိုင်တွေထဲက Samsung Kies ကို PC တွင် အင်စတောလုပ်ပါ ။
( ဖုန်းအား ကွန်ပြူတာမှ သိစေရန်ဖြစ်သည် ။ ရှိထားပြီးသူများ အတွက် ဤအဆင့်မလိုအပ်ပါ )

။  ။ ထို့နောက် အထက်တွင်ဒေါင်းလုပ်လုပ်ထားပြီးဖြစ်သော Root GSA.zip အား ဇစ်ဖြည်ပါ ။
( ဇစ်ဖြည်ရန် Password တောင်းပါက - ahluueain ဟုထည့်သွင်းပေးပါရန် )

။  ။ ဇစ်ဖြည်ပြီးသောအခါ ဖိုင်လေးခုပါရှိပါမည် ။ ထိုအထဲမှ Odin3 v1.83 ကိုဖွင့်ပါ ။

။  ။ ပြီးရင် ( ဖုန်းအလှည့်ပြန်ရောက်ပါပြီ ) ။ စောစောက ပါဝါပိတ်ထားတဲ့ဖုန်းကိုယူ ။
Download Mode ထဲဝင်ရပါမည် ။ Download Mode ထဲ ဘယ်လိုဝင်သလဲဆိုတော့
( Vol Down + Home Key + Power Key ) ဖုန်းရဲ့ အသံလျှော့တဲ့ ခလုပ်ရယ် ၊
Home ခလုပ်ရယ် ၊ ပါဝါပိတ်တဲ့ခလုပ်ရယ်ကို တပြိုင်တည်း စုံနှိပ်ရပါမယ် ။
ရှစ်စက္ကန့်လောက်စုံနှိပ်ထားလိုက်ရင် Download Mode ထဲဝင်ဖို့ ပေါ်လာပါမယ် ။

အဲ့ဒီမှာ Volume Up  : Continue   နဲ့ Volume Down : Back ဆိုပြီး ရှိပါလိမ့်မယ် ။
အသံမြှင့်တဲ့ခလုပ်ကို နှိပ်၍ Continue ကိုရွေးချယ်လိုက်ပါ ။ ထိုအခါ ဖုန်းမှာ Downloading ဆိုတဲ့

စာမျက်နှာဆီရောက်နေမှာပါ ။ 

၇ ။  ။ USB Cable ကိုအသုံးပြု၍ ဖုန်းနှင့်ကွန်ပြူတာ ဆက်သွယ်ပေးလိုက်ပါ ။ ဆက်လိုက်တာနဲ့
စောစောကဖွင့်ထားတဲ့ Odin3 မှာ ID COM ဆိုတဲ့အကွက်လေးထဲ အ၀ါရောင်လေးပေါ်နေပါမယ် ။
အဲ့လိုမဖြစ်ဘူးဆိုရင် ကွန်ပြူတာမှာသွင်းထားတဲ့ Phone Driver အဆင်မပြေလို့ပါ ။
Driver ပြန်တင်ပေးလိုက်ပါ ။


၈ ။  ။ အ၀ါရောင်လေးပေါ်လာပြီးရင် Odin မှာ PIT ဆိုတဲ့ခလုပ်ကိုနှိပ်ပြီး 
စောစောကဒေါင်းထားတဲ့ထဲက GT-I9070_EUR_XX_8G_20111220_KL6.pit ကိုရွေးပါ ။

၉ ။  ။ ပြီးရင် PDA ကိုနှိပ်ပြီး rootkernel.tar.md5 ကိုရွေးပါ ။ 

၁၀ ။  ။ ပြီးရင်
F.Reset Time ဘေးမှာအကွက်လေးက အမှန်ခြစ်ကိုဖြုတ်ပါ ။ 
Auto Reboot ဘေးကအကွက်လေးမှာတော့ အမှန်ခြစ်ပေးပါ ။  Auto Reboot ရယ်
 PDA ရယ်နှစ်ခုမှာပဲ အမှန်ခြစ်ရှိရပါမယ် ။ ပြီးရင် Start ကိုနှိပ်ပါ ။ ဖုန်းက Auto Reboot 
ကျသွားတဲ့အထိစောင့်ပါ ။ ( နှစ်မိနစ် သုံးမိနစ်လောက်တော့ ကြာတတ်ပါတယ် )

၁၁ ။  ။ ဖုန်းပြန်တက်လာရင် ပါဝါပြန်ပိတ်ပါ ။ အထက်မှာပြောခဲ့တဲ့ အဆင့် ( ၆ ၊ ၇ ၊ ၈ ) အတိုင်း
ပြန်လုပ်ပါ ။ 

၁၂ ။  ။ ဒီတစ်ခါ PDA ကိုရွေးတဲ့အခါမှာ xxld1.tar.md5 ကိုရွေးပါ ။ ပြီးရင် F.Reset Time မှ
အမှန်ခြစ်ကိုဖြုတ် ။ Start နှိပ်ပြီး ဖုန်း Auto Reboot ကျသွားတဲ့အထိစောင့်ပါ ။ 
ဖုန်းပြန်တက်လာရင် သင့်ရဲ့ဖုန်းဟာ Rooted ဖုန်းတစ်လုံးဖြစ်သွားပါပြီ ။း) ပြီးရင် 
SuperUser နဲ့ Busy Box သွင်းရပါမယ် ။ အဲ့နှစ်ခုရှိမှ သင့်ဖုန်းဟာ Root လုပ်ခြင်းပြီးဆုံးမှာပါ ။
ဒီမှာဒေါင်းလုပ်လုပ်ပြီး ဖုန်းမှာအင်စတောလုပ်လိုက်ပါ ။

SuperUser ဒေါင်းရန် CLICK !! 
BusyBox PRO ဒေါင်းရန် CLICK !! 

SuperUser ကတော့ပုံမှန်နည်းအတိုင်းပဲ အင်စတောလုပ်လိုက်ရုံနဲ့ပြီးပါတယ် ။
BusyBox ကို ပုံမှန်နည်းအတိုင်း အင်စတောလုပ်ပြီးတဲ့အခါ BusyBox ကိုဖွင့်လိုက်ပါ ။
ပြီးရင် ခဏစောင့်ပါ ။ သူကဖိုင်တွေကို Loading လုပ်နေပါမယ် ။ တမိနစ်ကျော်လောက်စောင့်ပေးပါ ။
ပြီးရင် install ကိုနှိပ်ပါ ။ Smart Install နဲ့ Normal Install ဆိုပြီးနှစ်ခုပေါ်လာပါမယ် ။
Smart Install ကိုရွေးပြီး အင်စတောလုပ်လိုက်ပါ ။ ပြီးတဲ့အခါ BusyBox ကိုအင်စတောလုပ်ပြီးကြောင်း
PopUp Box လေးတစ်ခုတက်လာပါမယ် ။ ဒါဆိုရင် Busy Box ကိုပိတ်လိုက်လို့ရပါပြီ ။
အခုပြောတဲ့အထိ လုပ်ပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းဟာ အောင်မြင်စွာအမြစ်တူးပြီးသွားပါပြီ ။
Rooted Phone Only ဆိုတဲ့ Application များကိုအသုံးပြုနိုင်ပါပြီ ။ အဲ့ဒီလို Application တွေ
အင်စတောလုပ်ပြီး Run တဲ့အခါမှာ SuperUser Request တက်လာပါလိမ့်မယ် ။
အဲ့ဒီအခါ Allow လုပ်ပေးခြင်းဖြင့် သင်ဟာစက်ရုပ်လေးရဲ့ပိုင်ရှင်အစစ်ဖြစ်သွားပါပြီ ။း)

(** PS. အထက်မှာကျွန်တော်ပြောခဲ့တဲ့နည်းလမ်းဟာ Samsung Galaxy S Advanced 
XXLD1 kernel အတွက်ပါ ။ မိမိဖုန်းရဲ့ Kernel Version ကို Setting > About Phone မှာ
ကြည့်နိုင်ပါတယ် ။ XXLD1 Kernel မဟုတ်ဘူးဆိုရင်တော့ အဆင့် ၁၂ မှာသုံးတဲ့
xxld1.tar.md5 ကိုသုံးလို့မရပါဘူး ။ ကျွန်တော် အခြား Kernel နည်းနည်းရှာပြီးတင်ပေးထားပါတယ် ။
ဒီမှာ ဒေါင်းပါ ။
 Other Kernel များဒေါင်းရန် CLICK !!

ပါတဲ့ Kernel တွေကတော့ ( XXLD2 , XXLE2 , DXLD2 , JPLD3 , DDLD3 ) တို့အတွက်
ဖြစ်ပါတယ် ။ အဲ့ဒါတွေမှမဟုတ်သေးဘူးဆိုရင်တော့ ကျွန်တော့ကိုပြောပါ ။ ကျွန်တော် ထပ်ရှာပေးပါ့မယ် ။
အားလုံးအဆင်ပြေကြပါစေဗျာ . . . . ။  
      

 





Football Teams' Live Wallpaper Collection


စက်ရုပ်ချစ်သူတွေထဲက ဘောကိုပါချစ်ကြတဲ့ ဘောချစ်သူစက်ရုပ်ပိုင်ရှင်တို့အတွက် 
Live Wallpaper လေးတွေကို စုစည်းပေးထားပါတယ် ။ 
ကိုယ့်ရဲ့ အသည်းစွဲအသင်းကိုရွေးချယ်ဒေါင်းလုပ်ရယူကြပေါ့ဗျာ ။
ရန်မဖြစ်ရဘူးနော် ။ မလုရဘူး ။ ဖြည်းဖြည်း . . . ဖြည်းဖြည်း ။း))


ပထမဆုံး . . . . . Holloween ကာလဆိုတော့ကား သရဲနီတို့နဲ့ စဖွင့်လိုက်မယ် ။
သရဲနီတွေကို ချစ်တဲ့ စက်ရုပ်ပိုင်ရှင်ကိုကို မမ တို့ ဒေါင်းကြပါခင်ဗျ ။ 

                             Red Devil Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

နောက်တစ်ခါ . . . သရဲနီတို့ရဲ့ မြို့ခံပြိုင်ဘက်ကြီး . . . . သိတယ်မှလား ။
လင်းယုန်ငှက်လား သိမ်းငှက်လားတော့ ကျွန်တော်လဲ သေချာမသိဘူးဗျာ ။ 
Man City ချစ်သူတို့အတွက်ပါ ။ ဒေါင်းကြပါကုန်သော်ဝ် ။
                              Man City Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!
 
နောက်တသင်းကတော့ The Blue !!!!
ချဲလ်ဆီးချစ်သူများ ရှိပါသလား ။ ခြင်္သေ့ပြာ တို့ ဒေါင်းဖို့ပါခင်ဗျ ။ 

                               Chelsea Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ကျေးဇူးပြုပြီး . . . . သင့်ရဲ့ နားနှစ်ဖက်ကို ပိတ်ထားပါ ။ 
အမြောက်တပ်ဖွဲ့ လာပါပြီ ။ The Gunners ချစ်သူတို့အတွက် ဒေါင်းလုပ်ရယူဖို့ပါ ။

                               Arsenal Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ဒီတလှည့်ကတော့ ကြိုးကြာနီတို့ရဲ့ အလှည့်ဖြစ်ပါတယ် ။ 
ကြိုးကြာနီချစ်သူစက်ရုပ်ပိုင်ရှင် ကိုကို မမ တို့ ဒေါင်းတော်မူပါ ။

                             Liverpool Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

 ထိပ်သီးအသင်းတွေအတွက်တော့ အဆင်ပြေသွားပြီ ။ အလယ်အလတ်တန်း အောက်တန်း
အသင်းတွေကိုအားပေးတဲ့ ဘောကိုကို ဘောမမ တို့အတွက်ကျတော့ မရှိတော့ဘူးလား . . . လို့
မေးခဲ့သည်ရှိသော် . . . ( ကျွန်တော်ဆိုရင် နယူးကာဆယ် ပရိတ်သတ်ပါ )
အဲ့လို အပယ်ခံအသင်းလေးတွေကို အားပေးနေကြတဲ့ ပရိတ်သတ်ကြီးအတွက်ကတော့ . . .
ဟောဒီအောက်မှာ ဒေါင်းပါဗျာ ။ ပရီးမီးယားလိဂ်ကအသင်းတွေအကုန်စုပြုံထည့်ထားပါတယ် ။
ကိုယ့်အသင်းကိုယ် ရွေးတင်လိုက်ပေါ့ ။ အသင်းကြီးတွေလိုတော့ သီးသန့်မရှိဘူးပေါ့လေ ။
မျက်နှာငယ်လိုက်တာ . . . 

                          Premier League Teams Live Wallpaper - Download

ကျေနပ်ကြပါပြီလော . . . စက်ရုပ်ချစ်သူတို့ ။ မကျေနပ်နိုင်သေးဘူးဆိုရင်တော့ဖြင့် -
ကျွန်တော် လာလီဂါဘက် တစ်ချက် လှည့်ကြည့်လိုက်ပါမယ် ။

ဟော . . . တွေ့ပါပြီဗျာ ။ ကြယ်စင်စုကြီး ။ ရီးရဲလ် ချစ်သူတို့အတွက် တင်ပေးလိုက်ပါတယ် ။
ဒေါင်းတော်မူကြပါကုန် - 
                            Realmedric Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ရီးရဲလ် ချစ်သူတွေအတွက် တင်ပေးတော့ စပိန်ဘီလူးကြီးက စိတ်ခုဦးမယ် ။
ဒီတော့ တလက်စတည်းတင်ပေးလိုက်ပါတယ် ။ ဘာစီလိုနာ ။ ဘာကာချစ်သူတို့အတွက်ပါ ။

                              Bercelona Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ကဲ . . . ကျေနပ်လောက်ပြီ ထင်ပါတယ် ။ အလျှင်းသင့်ရင်သင့်သလို ဒိပြင် League တွေဘက်
ကျွန်တော် ခြေဆန့်ပါဦးမယ် ။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါကုန် ။ ကျေးဇူး များကြီး ။း))