လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Samsung GalaxyS Advanced GT-i9070 Root လုပ်နည်း

ဒီဆိုက်လေးမှာ ပထမဆုံးနည်းပညာမျှဝေမှုအဖြစ် Samsung GalaxyS Advanced GT-I9070 
Root Access ရယူနည်း ( အမြစ်တူးနည်း ) တင်ပေးလိုက်ပါတယ် ။ ဘာဖြစ်လို့ ဒီဖုန်းအတွက်
အရင်တင်ဖို့ရွေးလိုက်သလဲဆိုတော့ ကျွန်တော်လက်ရှိသုံးနေတာဖြစ်တဲ့အတွက်
ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့ပါ ။း) 



ပထမဆုံး Download လုပ်တာကနေ စပါမယ် ။း)
အမြစ်တူးဖို့အတွက် လိုအပ်တဲ့ဖိုင်များအား ဒေါင်းလုပ်ရယူရန် >>> To download Root GSA . zip ( CLICK !! )

Samsung Kies ( PC sync ) ရယူရန်  >>>>>  
 ( Samsung Kies CLICK HERE !! )   { For Win XP , Win Vista , Win 7 }
 ( Samsung Kies CLICK HERE !! )   { For Mac OS }
ရှိပြီးသားသူများဒေါင်းရန်မလိုပါ ။ မိမိရဲ့ဖုန်းကို ကွန်ပြူတာက သိဖို့အတွက်လိုတာပါ ။ 

ထို့ပြင် မိမိဖုန်းနှင့်ကွန်ပြူတာအား ဆက်သွယ်ရန် USB Cable တစ်ချောင်းရှိရပါမည် ။း)

ကိရိယာများစုံလင်ပြီဆိုရင် အမြစ်တူးခြင်းကို စတင်ပါတော့မယ် ။ 
( မိမိရဲ့ဖုန်းမှာ ဘထ္ထရီအားဟာ ငါးဆယ်ရာခိုင်နှုန်းနှင့်အထက် ရှိသင့်ပါသည် )

။  ။ ပထမဆုံး ဖုန်းမှ USB Debugging နှင့်  Allow mock locations တို့အား
Checked ( Slected ) လုပ်ပေးဖို့လိုပါတယ် ။ { မိမိဖုန်းရဲ့ Setting သို့ဝင်ပါ ။
ထို့နောက် Applications >> Development သို့ဆက်ဝင်ပါ ။ တွေ့ပါမည် ။ }
နှစ်ခုစလုံးအား Checked ( အမှန်ခြစ် ) လုပ်ပေးလိုက်ပါ ။

။  ။ ထို့နောက် ဖုန်းကို Shut Down ချပါ ။ { Power ပိတ်ခြင်းကိုဆိုလိုပါသည် }

။  ။ ဒီတစ်ခါ ကွန်ပြူတာကနေလုပ်ရမဲ့အလှည့်ရောက်ပါပြီ ။ 
အထက်မှာ ဒေါင်းလုပ်ရယူထားတဲ့ဖိုင်တွေထဲက Samsung Kies ကို PC တွင် အင်စတောလုပ်ပါ ။
( ဖုန်းအား ကွန်ပြူတာမှ သိစေရန်ဖြစ်သည် ။ ရှိထားပြီးသူများ အတွက် ဤအဆင့်မလိုအပ်ပါ )

။  ။ ထို့နောက် အထက်တွင်ဒေါင်းလုပ်လုပ်ထားပြီးဖြစ်သော Root GSA.zip အား ဇစ်ဖြည်ပါ ။
( ဇစ်ဖြည်ရန် Password တောင်းပါက - ahluueain ဟုထည့်သွင်းပေးပါရန် )

။  ။ ဇစ်ဖြည်ပြီးသောအခါ ဖိုင်လေးခုပါရှိပါမည် ။ ထိုအထဲမှ Odin3 v1.83 ကိုဖွင့်ပါ ။

။  ။ ပြီးရင် ( ဖုန်းအလှည့်ပြန်ရောက်ပါပြီ ) ။ စောစောက ပါဝါပိတ်ထားတဲ့ဖုန်းကိုယူ ။
Download Mode ထဲဝင်ရပါမည် ။ Download Mode ထဲ ဘယ်လိုဝင်သလဲဆိုတော့
( Vol Down + Home Key + Power Key ) ဖုန်းရဲ့ အသံလျှော့တဲ့ ခလုပ်ရယ် ၊
Home ခလုပ်ရယ် ၊ ပါဝါပိတ်တဲ့ခလုပ်ရယ်ကို တပြိုင်တည်း စုံနှိပ်ရပါမယ် ။
ရှစ်စက္ကန့်လောက်စုံနှိပ်ထားလိုက်ရင် Download Mode ထဲဝင်ဖို့ ပေါ်လာပါမယ် ။

အဲ့ဒီမှာ Volume Up  : Continue   နဲ့ Volume Down : Back ဆိုပြီး ရှိပါလိမ့်မယ် ။
အသံမြှင့်တဲ့ခလုပ်ကို နှိပ်၍ Continue ကိုရွေးချယ်လိုက်ပါ ။ ထိုအခါ ဖုန်းမှာ Downloading ဆိုတဲ့

စာမျက်နှာဆီရောက်နေမှာပါ ။ 

၇ ။  ။ USB Cable ကိုအသုံးပြု၍ ဖုန်းနှင့်ကွန်ပြူတာ ဆက်သွယ်ပေးလိုက်ပါ ။ ဆက်လိုက်တာနဲ့
စောစောကဖွင့်ထားတဲ့ Odin3 မှာ ID COM ဆိုတဲ့အကွက်လေးထဲ အ၀ါရောင်လေးပေါ်နေပါမယ် ။
အဲ့လိုမဖြစ်ဘူးဆိုရင် ကွန်ပြူတာမှာသွင်းထားတဲ့ Phone Driver အဆင်မပြေလို့ပါ ။
Driver ပြန်တင်ပေးလိုက်ပါ ။


၈ ။  ။ အ၀ါရောင်လေးပေါ်လာပြီးရင် Odin မှာ PIT ဆိုတဲ့ခလုပ်ကိုနှိပ်ပြီး 
စောစောကဒေါင်းထားတဲ့ထဲက GT-I9070_EUR_XX_8G_20111220_KL6.pit ကိုရွေးပါ ။

၉ ။  ။ ပြီးရင် PDA ကိုနှိပ်ပြီး rootkernel.tar.md5 ကိုရွေးပါ ။ 

၁၀ ။  ။ ပြီးရင်
F.Reset Time ဘေးမှာအကွက်လေးက အမှန်ခြစ်ကိုဖြုတ်ပါ ။ 
Auto Reboot ဘေးကအကွက်လေးမှာတော့ အမှန်ခြစ်ပေးပါ ။  Auto Reboot ရယ်
 PDA ရယ်နှစ်ခုမှာပဲ အမှန်ခြစ်ရှိရပါမယ် ။ ပြီးရင် Start ကိုနှိပ်ပါ ။ ဖုန်းက Auto Reboot 
ကျသွားတဲ့အထိစောင့်ပါ ။ ( နှစ်မိနစ် သုံးမိနစ်လောက်တော့ ကြာတတ်ပါတယ် )

၁၁ ။  ။ ဖုန်းပြန်တက်လာရင် ပါဝါပြန်ပိတ်ပါ ။ အထက်မှာပြောခဲ့တဲ့ အဆင့် ( ၆ ၊ ၇ ၊ ၈ ) အတိုင်း
ပြန်လုပ်ပါ ။ 

၁၂ ။  ။ ဒီတစ်ခါ PDA ကိုရွေးတဲ့အခါမှာ xxld1.tar.md5 ကိုရွေးပါ ။ ပြီးရင် F.Reset Time မှ
အမှန်ခြစ်ကိုဖြုတ် ။ Start နှိပ်ပြီး ဖုန်း Auto Reboot ကျသွားတဲ့အထိစောင့်ပါ ။ 
ဖုန်းပြန်တက်လာရင် သင့်ရဲ့ဖုန်းဟာ Rooted ဖုန်းတစ်လုံးဖြစ်သွားပါပြီ ။း) ပြီးရင် 
SuperUser နဲ့ Busy Box သွင်းရပါမယ် ။ အဲ့နှစ်ခုရှိမှ သင့်ဖုန်းဟာ Root လုပ်ခြင်းပြီးဆုံးမှာပါ ။
ဒီမှာဒေါင်းလုပ်လုပ်ပြီး ဖုန်းမှာအင်စတောလုပ်လိုက်ပါ ။

SuperUser ဒေါင်းရန် CLICK !! 
BusyBox PRO ဒေါင်းရန် CLICK !! 

SuperUser ကတော့ပုံမှန်နည်းအတိုင်းပဲ အင်စတောလုပ်လိုက်ရုံနဲ့ပြီးပါတယ် ။
BusyBox ကို ပုံမှန်နည်းအတိုင်း အင်စတောလုပ်ပြီးတဲ့အခါ BusyBox ကိုဖွင့်လိုက်ပါ ။
ပြီးရင် ခဏစောင့်ပါ ။ သူကဖိုင်တွေကို Loading လုပ်နေပါမယ် ။ တမိနစ်ကျော်လောက်စောင့်ပေးပါ ။
ပြီးရင် install ကိုနှိပ်ပါ ။ Smart Install နဲ့ Normal Install ဆိုပြီးနှစ်ခုပေါ်လာပါမယ် ။
Smart Install ကိုရွေးပြီး အင်စတောလုပ်လိုက်ပါ ။ ပြီးတဲ့အခါ BusyBox ကိုအင်စတောလုပ်ပြီးကြောင်း
PopUp Box လေးတစ်ခုတက်လာပါမယ် ။ ဒါဆိုရင် Busy Box ကိုပိတ်လိုက်လို့ရပါပြီ ။
အခုပြောတဲ့အထိ လုပ်ပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းဟာ အောင်မြင်စွာအမြစ်တူးပြီးသွားပါပြီ ။
Rooted Phone Only ဆိုတဲ့ Application များကိုအသုံးပြုနိုင်ပါပြီ ။ အဲ့ဒီလို Application တွေ
အင်စတောလုပ်ပြီး Run တဲ့အခါမှာ SuperUser Request တက်လာပါလိမ့်မယ် ။
အဲ့ဒီအခါ Allow လုပ်ပေးခြင်းဖြင့် သင်ဟာစက်ရုပ်လေးရဲ့ပိုင်ရှင်အစစ်ဖြစ်သွားပါပြီ ။း)

(** PS. အထက်မှာကျွန်တော်ပြောခဲ့တဲ့နည်းလမ်းဟာ Samsung Galaxy S Advanced 
XXLD1 kernel အတွက်ပါ ။ မိမိဖုန်းရဲ့ Kernel Version ကို Setting > About Phone မှာ
ကြည့်နိုင်ပါတယ် ။ XXLD1 Kernel မဟုတ်ဘူးဆိုရင်တော့ အဆင့် ၁၂ မှာသုံးတဲ့
xxld1.tar.md5 ကိုသုံးလို့မရပါဘူး ။ ကျွန်တော် အခြား Kernel နည်းနည်းရှာပြီးတင်ပေးထားပါတယ် ။
ဒီမှာ ဒေါင်းပါ ။
 Other Kernel များဒေါင်းရန် CLICK !!

ပါတဲ့ Kernel တွေကတော့ ( XXLD2 , XXLE2 , DXLD2 , JPLD3 , DDLD3 ) တို့အတွက်
ဖြစ်ပါတယ် ။ အဲ့ဒါတွေမှမဟုတ်သေးဘူးဆိုရင်တော့ ကျွန်တော့ကိုပြောပါ ။ ကျွန်တော် ထပ်ရှာပေးပါ့မယ် ။
အားလုံးအဆင်ပြေကြပါစေဗျာ . . . . ။  
      

 





0 comments:

Post a Comment