လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Football Teams' Live Wallpaper Collection


စက်ရုပ်ချစ်သူတွေထဲက ဘောကိုပါချစ်ကြတဲ့ ဘောချစ်သူစက်ရုပ်ပိုင်ရှင်တို့အတွက် 
Live Wallpaper လေးတွေကို စုစည်းပေးထားပါတယ် ။ 
ကိုယ့်ရဲ့ အသည်းစွဲအသင်းကိုရွေးချယ်ဒေါင်းလုပ်ရယူကြပေါ့ဗျာ ။
ရန်မဖြစ်ရဘူးနော် ။ မလုရဘူး ။ ဖြည်းဖြည်း . . . ဖြည်းဖြည်း ။း))


ပထမဆုံး . . . . . Holloween ကာလဆိုတော့ကား သရဲနီတို့နဲ့ စဖွင့်လိုက်မယ် ။
သရဲနီတွေကို ချစ်တဲ့ စက်ရုပ်ပိုင်ရှင်ကိုကို မမ တို့ ဒေါင်းကြပါခင်ဗျ ။ 

                             Red Devil Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

နောက်တစ်ခါ . . . သရဲနီတို့ရဲ့ မြို့ခံပြိုင်ဘက်ကြီး . . . . သိတယ်မှလား ။
လင်းယုန်ငှက်လား သိမ်းငှက်လားတော့ ကျွန်တော်လဲ သေချာမသိဘူးဗျာ ။ 
Man City ချစ်သူတို့အတွက်ပါ ။ ဒေါင်းကြပါကုန်သော်ဝ် ။
                              Man City Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!
 
နောက်တသင်းကတော့ The Blue !!!!
ချဲလ်ဆီးချစ်သူများ ရှိပါသလား ။ ခြင်္သေ့ပြာ တို့ ဒေါင်းဖို့ပါခင်ဗျ ။ 

                               Chelsea Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ကျေးဇူးပြုပြီး . . . . သင့်ရဲ့ နားနှစ်ဖက်ကို ပိတ်ထားပါ ။ 
အမြောက်တပ်ဖွဲ့ လာပါပြီ ။ The Gunners ချစ်သူတို့အတွက် ဒေါင်းလုပ်ရယူဖို့ပါ ။

                               Arsenal Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ဒီတလှည့်ကတော့ ကြိုးကြာနီတို့ရဲ့ အလှည့်ဖြစ်ပါတယ် ။ 
ကြိုးကြာနီချစ်သူစက်ရုပ်ပိုင်ရှင် ကိုကို မမ တို့ ဒေါင်းတော်မူပါ ။

                             Liverpool Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

 ထိပ်သီးအသင်းတွေအတွက်တော့ အဆင်ပြေသွားပြီ ။ အလယ်အလတ်တန်း အောက်တန်း
အသင်းတွေကိုအားပေးတဲ့ ဘောကိုကို ဘောမမ တို့အတွက်ကျတော့ မရှိတော့ဘူးလား . . . လို့
မေးခဲ့သည်ရှိသော် . . . ( ကျွန်တော်ဆိုရင် နယူးကာဆယ် ပရိတ်သတ်ပါ )
အဲ့လို အပယ်ခံအသင်းလေးတွေကို အားပေးနေကြတဲ့ ပရိတ်သတ်ကြီးအတွက်ကတော့ . . .
ဟောဒီအောက်မှာ ဒေါင်းပါဗျာ ။ ပရီးမီးယားလိဂ်ကအသင်းတွေအကုန်စုပြုံထည့်ထားပါတယ် ။
ကိုယ့်အသင်းကိုယ် ရွေးတင်လိုက်ပေါ့ ။ အသင်းကြီးတွေလိုတော့ သီးသန့်မရှိဘူးပေါ့လေ ။
မျက်နှာငယ်လိုက်တာ . . . 

                          Premier League Teams Live Wallpaper - Download

ကျေနပ်ကြပါပြီလော . . . စက်ရုပ်ချစ်သူတို့ ။ မကျေနပ်နိုင်သေးဘူးဆိုရင်တော့ဖြင့် -
ကျွန်တော် လာလီဂါဘက် တစ်ချက် လှည့်ကြည့်လိုက်ပါမယ် ။

ဟော . . . တွေ့ပါပြီဗျာ ။ ကြယ်စင်စုကြီး ။ ရီးရဲလ် ချစ်သူတို့အတွက် တင်ပေးလိုက်ပါတယ် ။
ဒေါင်းတော်မူကြပါကုန် - 
                            Realmedric Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ရီးရဲလ် ချစ်သူတွေအတွက် တင်ပေးတော့ စပိန်ဘီလူးကြီးက စိတ်ခုဦးမယ် ။
ဒီတော့ တလက်စတည်းတင်ပေးလိုက်ပါတယ် ။ ဘာစီလိုနာ ။ ဘာကာချစ်သူတို့အတွက်ပါ ။

                              Bercelona Live Wallpaper ဒေါင်းလုပ်ရယူရန် CLICK !!

ကဲ . . . ကျေနပ်လောက်ပြီ ထင်ပါတယ် ။ အလျှင်းသင့်ရင်သင့်သလို ဒိပြင် League တွေဘက်
ကျွန်တော် ခြေဆန့်ပါဦးမယ် ။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါကုန် ။ ကျေးဇူး များကြီး ။း))

 

0 comments:

Post a Comment