လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

8Ball Pool by Miniclip


ပို့စ်မတင်တာကြာတော့ ကိုယ့်ကိုကိုယ်တောင် ပြန်မေ့ချင်သလိုဖြစ်နေလို့ သွေးပူလေ့ကျင့်ခန်းလေး
ပြန်လုပ်တာပါ ။ ဘိလိယက်ထိုးတာ ၀ါသနာပါတဲ့ ဘော်ဒါတွေရှိပါသလား ။
Miniclip ကနေ ထုတ်ထားတဲ့ ဘိလိယက်ဂိမ်းလေးပါ ။ ဖေ့ဘွတ်ဂိမ်းတစ်ခုလဲ ဖြစ်ပါတယ် ။
Internet Connection လိုအပ်ပါတယ် ။ တစ်ယောက်ချင်း ဆော့နိုင်သလို ဖေ့ဘွတ်နဲ့ချိတ်ဆက်ပြီး
သူငယ်ချင်းအချင်းချင်းလဲ စိန်ခေါ်ပွဲတွေထိုးနိုင်ပါသေးတယ် ။ ဖလားပွဲတွေထိုးပြီး ပိုက်ဆံရှာနိုင်ပါတယ် ။
User Interface ကလဲ ရိုးရိုးရှင်းရှင်းနဲ့ တကယ်ဆော့ရတာစိတ်ချမ်းသာပါတယ် ။
ကဲ . . . . ဆော့ကြည့်မယ်ဆို အောက်ကလင့်ခ်မှာ ဒေါင်းပါခင်ဗျ . . . သာဓုလေးလဲခေါ်သွားကြဦးနော်

8ball Pool by Miniclip ဒေါင်းရန်

Play Store မှာလဲ အလကားမတ်တင်းနဲ့ သွားဆွဲနိုင်ပါတယ် ။း)

Vector

Requires Android - 2.1 and Up
Playstore Price - Free

Parkour တစ်ယောက်ဖြစ်ချင်ခဲ့ဖူးပါသလား ။ Parkour တွေကို အားကျခဲ့ဖူးပါသလား ။
အဲ့ဒီမေးခွန်းမျိုး ကျွန်တော့ကိုလာမေးရင်တော့ ကျွန်တော်က ဟုတ်ကဲ့လို့ဖြေပါမယ် ။
ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအသားပေးပြီး လှုပ်ရှားမှုပြင်းပြင်းတွေလုပ်လေ့ရှိတဲ့
အားကစားသမားတွေပေါ့ ။ Free Runner တွေလို့လဲ ခေါ်ကြပါတယ် ။
သူတို့ဟာ တိုက်အမြင့်ကြီးတွေပေါ်ကို ဘာကြိုး ဘာကိရိယာမှမပါပဲ တက်ကြမယ် ။
အမြင့်ကြီးတွေကနေ ခုန်ချမယ် ။ ကျွမ်းတွေထိုးကြမယ် ။ စသည်ဖြင့် သက်လုံလဲ အင်မတန်
ကောင်းကြရပါတယ် ။

အခု . . . စက်ရုပ်ချစ်သူတို့အတွက် Parkour တစ်ယောက်လို လှုပ်ရှားနိုင်မဲ့
အခွင့်အရေးတစ်ခုရပါပြီ ။ Vector လို့ခေါ်တဲ့ ဂိမ်းလေးပါ ။ အနောက်ကလိုက်နေတဲ့ ရန်သူ
ဖမ်းမမိအောင် ပြေးရမှာပါ ။ Temple Run တို့ Subway Surf တို့ပြေးနေရတာ ရိုးနေပြီဆိုသူတို့အတွက်
Vector က အကောင်းဆုံးစွမ်းဆောင်ပေးမှာပါ ။ ရုပ်ထွက်ပိုင်းဟာ 2D ဖြစ်နေပေမဲ့
ချစ်စရာကောင်းလှပါတယ် ။ ဂိမ်းရဲ့အစမှာလာတဲ့ Intro Movie လေးဟာလဲ စိတ်ဝင်စားစရာပါပဲ ။
အသိဥာဏ်ထိန်းချုပ်ခံထားရတဲ့လူသားတို့ရဲ့ ကမ္ဘာကနေ ထွက်ပြေးလွတ်မြောက်မှု ။
သင် ပြေးနိုင်သလောက်ပြေးရပါမယ် ။ အခုန် အဆင်းတွေ သတိထားရပါမယ် ။ ဦးနှောက်သုံးရပါမယ် ။
ဒီဂိမ်းလေးဟာ စဆော့ရင် ရုပ်ထွက်ကိုမြင်ရုံနဲ့ စိတ်ပျက်သွားစေနိုင်ပေမဲ့ ဆော့ကြည့်ပါ ။
တကယ့် Parkour တို့ရဲ့ လှုပ်ရှားမှုကို ပေါ်လွင်အောင် ဖန်တီးပေးထားနိုင်ပါတယ် ။
ကျွန်တော် ညွှန်းပါတယ် ။ အရမ်းလွယ်တယ်လဲ မထင်ပါနဲ့ . .  ပြေးကြည့်ရင်သိပါမယ် ။
သင့်ခြေတလှမ်းဟာ အနောက်ကလိုက်နေတဲ့လုံခြုံရေးတပ်သားရဲ့ လျှပ်စစ်ကိရိယာနဲ့
အပြိုင်ပါပဲ . သင် ခြေတလှမ်းနောက်ကျရင် သင့်ကို မိသွားပါလိမ့်မယ် ။ အတက်အဆင်းကအစ
အရာရာ သတိထားသွက်လက်နေမှရမှာပါ ။ ကဲ . . . စိတ်ဝင်စားနေပြီလား ။
အောက်မှာ ဒေါင်းလုပ်လင့်ခ်လေးရှိတယ်ဗျာ . . . ဒေါင်းပြီး ဆော့ကြည့်ပါ ။ ကျွန်တော်ညွှန်းပါတယ် ။

Vector Download Mediafire Link
Vector Download DropBox Link

SketchBook Mobile

Requires Android - 2.2 and Up
Playstore Price - 1.99$

စက်ရုပ်ချစ်သူတို့အတွက် အဖိုးတန်ဆော့ဝဲလ်လေးတစ်ခုပါ . . . အဖိုးတန်ဆိုတာက ပလိုးစတေးမှာ
တန်ဖိုးကြီးတာကိုပြောတာတော့မဟုတ်ဘူးဗျ ။ Sketch သမားတွေအတွက် အရမ်းအသုံးဝင်ပါတယ် ။
Autocad တို့ရဲ့ ပိုင်ရှင် နာမည်ကြီး Autodesk ရဲ့ မိုဘိုင်းထုတ်ကုန်တစ်ခုပါ . . .
မိမိစိတ်ကူးထဲကအတိုင်း ပုံဖော်ဖို့ ပုံကြမ်းလေးတွေဆွဲဖို့ အရမ်းအသုံးဝင်ပါလိမ့်မယ် ။
သုံးရတာလဲ အရမ်းရိုးရှင်းလွယ်ကူပါတယ် ။ သုံးကြည့်ပါ ။ မကောင်းဘူးဆို နားရင်းသာနာနာလာရိုက် ။
း) ကဲ . . . လိုချင်ရင်တော့ ဒေါင်းဗျာ . . . ထုံးစံအတိုင်း အောက်မှာ ။

SketchBook Mobile Download Mediafire Link
SketchBook Mobile Download DropBox Link

English Dictionary - Offline

Requires Android - 2.2 and Up
Playstore Price - Free

ညီလေးတစ်ယောက် တောင်းတောင်းနေတာနဲ့ ရှာဖွေပြီး တင်ပေးလိုက်ပါတယ် ။
English to English Dictionary လေးပါ ။ Offline မှာပါ အလုပ်လုပ်ပါတယ် ။
အသံလဲ ထွက်ပေးပါတယ် ။ အသံထွက်ဖို့ကတော့ Menu ထဲဝင်ပြီး Speak loud
ဆိုတာလေးမှာ အမှန်ခြစ်ပေးလိုက်ဖို့ပါပဲ ။

အသုံးဝင်မယ်ဆိုရင် ဒေါင်းသွားကြပါကုန် ။ ။

Edictionary Download Mediafire Link
Edictionary Download DropBox Link


Tupsu - The Furry Little Monster

Requires Android -2.3 and Up
Playstore Price - Free

ဂိမ်းတွေပဲ ဆက်တိုက်တင်နေတယ်လို့တော့ အပြစ်မတင်ပါနဲ့နော် . . . :P
စက်ရုပ်ချစ်သူတို့အတွက် ချစ်စရာကောင်းတဲ့ ဦးနှောက်ဖောက်စားမဲ့ဂိမ်းလေးတစ်ခု လှူချင်လို့ ။
HD Game လေးတစ်ခုပါ . ငြိမ့်ညောင်းတဲ့နောက်ခံတီးလုံးငြိမ်ငြိမ်လေးရယ် . .
ချစ်စရာကောင်းတဲ့အကောင်လေးရယ် .. သူ့အသံလေးရယ် . . .
ဆော့လို့တော်တော်ကောင်းပါတယ် ။ File size လဲသိပ်မကြီးပါဘူး ။ ဦးနှောက်လျှင်လျှင်
လက်လျှင်လျှင်နဲ့ ဆော့ရမှာဖြစ်ပါတယ် ။

ပုံမှာမြင်ရတဲ့အတိုင်းပါပဲ . . Monster လေးရဲ့ မျက်လုံးတွေနဲ့ ဟိုချိတ်ဆွဲ ဒီချိတ်ဆွဲပြီး
သွားခိုင်းတဲ့နေရာရောက်အောင်သွားရတာမျိုးပါ ။ ဆော့ကြည့်ရင် သိမှာပါ .
ချစ်စရာကောင်းတယ်ဆိုတာ . .း)
ကဲ . . စိတ်ဝင်စားရင် ဒေါင်းဗျာ ။
Tupsu Download Mediafire Link

Tupsu Download DropBox Link

3D Bowling

Requires Android - 2.0.1 and Up
Playstore Price - Free

Bowling Game တွေ အများကြီးရှိတဲ့အထဲက ရုပ်ထွက်ကောင်းကောင်း ။ ဖိုင်ပေါ့ပေါ့လေးနဲ့
ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခုပါ ။ 3D ရုပ်ထွက်ကတော့ မက်လောက်စရာပါပဲ ။
File size လဲသိပ်မကြီးပါဘူး ။ 

Spin Effect တွေကလဲ တကယ်အလုပ်လုပ်ပါတယ် ။ စခရင်ကို ကွေးကွေးလေးပွတ်ရင်
ဝေ့သွားမယ် . ၀ိုက်သွားမယ် . .  ဒါမျိုး ။ ကစားကွင်းနေရာကိုလဲ ငါးမျိုးရွေးချယ်နိုင်ပါသေးတယ် ။
ကဲ . . . သင်ဘယ်လောက်လက်တည့်သလဲ စမ်းချင်ရင် ဒေါင်းဗျာ ။ ပလိုးစတေးမှာလဲ
အခမဲ့ရယူနိုင်ပါတယ် ။
3D Bowling Download Mediafire Link

3D Bowling Download Dropbox Link

Fighting Tiger - Liberal

စက်ရုပ်ချစ်သူတို့အတွက် ရုပ်ထွက်ကောင်းတဲ့ ကွန်ဖူးဂိမ်းလေးတစ်ခု လှူချင်ပါတယ် ။
Fighting Tiger လို့ခေါ်တယ် ။ ချစ်သူကို ရန်သူတွေက ဖမ်းသွားလို့ ကိုယ်က လိုက်ကယ်ရတာပါ ။

File size လေးလဲ သေးပါတယ် ။ ဇာတ်လမ်းခပ်တိုတိုလေးဖြစ်ပေမဲ့ ဆော့လို့ကောင်းပါတယ် ။
ထိုးကြိတ်ခုန်ပေါက် စသည်ဖြင့် ဆော့လို့တော်တော်ကောင်းပါတယ် ။ ပလိုးစတေးမှာလဲ
အခမဲ့ရယူနိုင်ပါတယ် ။ ပြည်တွင်းနေစက်ရုပ်ချစ်သူတို့အတွက် ပလိုးစတေးက
ဝင်ဖို့အခက်အခဲရှိနေတာကြောင့် ဝေမျှပေးလိုက်ပါတယ် ။ လိုချင်ရင် ဒေါင်းဗျာ . . .း)

Fighting Tiger(liberal) Download Mediafire Link

Fighting Tiger(liberal) Download DropBox Link

Babylon Translator

ဒါကတော့ Cbox မှာတောင်းထားတာတွေ့လို့ တင်ပေးလိုက်တာပါ ။
Babylon အဘိဓါန်ရဲ့ ၀န်ဆောင်မှုတစ်ခုပါပဲ ။


Babylon Translator Download Mediafire Link

Babylon Translator Download DropBox Link

Punch Hero ( Offline mode n hacked )


ဒီဂိမ်းလေးကို ကျွန်တော်အရင်ကလဲ တင်ခဲ့ဖူးပါတယ် ။ တော်တော်ဆော့လို့ကောင်းတဲ့
လက်ဝှေ့ဂိမ်းလေးတစ်ခုပါ . Training Center တွေ Skill Shop တွေထဲသွား .. ရှိတဲ့ပိုက်ဆံလေးနဲ့
လေ့ကျင့် .. Skill တွေဝယ် ။ နောက်ပြီး Custom Shop မှာလဲ ဆံပင်ပုံစံတွေ လက်အိတ်တွေ
စသည်ဖြင့် ၀ယ်ယူလို့ရပါတယ် ။ ပွဲမှာသွားထိုးလို့ နိုင်တဲ့အခါ ပိုက်ဆံလေးနည်းနည်းရတယ် ။
ဝယ်ရတဲ့ဟာတွေက ဈေးကြီးတယ် ။ ဒီတော့ စိတ်ညစ်ရတာပေါ့ ။
နောက်တစ်ခု အဆိုးဆုံးက အရင်တုန်းကတင်တဲ့ ဒီဂိမ်းဟာ အင်တာနတ်လိုင်းရှိနေမှ ဆော့လို့ရပါတယ်
ဒီတော့ အင်တာနတ်လိုင်းမချိတ်ထားရင် ဆော့မရပြန်ဘူး ။ စိတ်ညစ်စရာကောင်းပြန်ရော . . .
ဒါကြောင့် ကျွန်တော်လဲ ဟိုရှာဒီရှာ ဟိုလုပ်ဒီလုပ် လျှောက်ရှာကြည့်တော့ . . ..း))
ကဲ . . . အခု အသစ်ပြန်တင်လိုက်ပါပြီဗျာ . .
အင်တာနတ်လိုင်းမရှိလဲ ဆော့နိုင်ပါတယ် ။ နောက်ပြီး . . .
Skill တွေဝယ်ဖို့ ပိုက်ဆံလိုသလား . . သူက ခိုးပြီးသားတော့မဟုတ်ဘူးဗျ ။
ပိုက်ဆံလိုရင် ခပ်တည်တည်နဲ့ ၀ယ်လိုက်ဗျာ . . အင်တာနတ်လိုင်းတော့ မချိတ်ထားနဲ့နော် ။
အဲ့ဒါဆိုရင် သူက Connection Fail ဆိုတာပြပြီး ပြန်ထွက်လာမယ် ။ အဲ့ဒီအခါ
Your Puchered is complete . ဆိုပြီး ပိုက်ဆံတွေ ပြည့်လာပါမယ် ။ ကိုယ်ဝယ်သလောက်ပေါ့ ။
ဝယ်တယ်ဆိုတာက Credit ကိုဝယ်ရမှာနော် . .း) အဆင်ပြေမှာပါ ။ မပြေတော့လဲ
ကျွန်တော့ လာပြန်မေးပေါ့ဗျာ . . . ။ ကဲ . . . လိုချင်ရင် အောက်မှာဒေါင်းဗျာ ။

Punch Hero ( Offline mode n hacked ) mediafire Link

Punch Hero ( offline mode n hacked ) dropbox Link

Subway Surfers New Version ( Rio ) & Money Hack

  မဆုံတာကြာပြီကော . . . စက်ရုပ်ချစ်သူတို့ရေ . . . ။ အလှူအိမ်လေးလဲ လူခြေတိတ်နေရောပဲ ။
ကဲ . . ကျွန်တော် ပြန်လာပြီဗျာ ။ အလှူအတန်းလေးတွေ လုပ်ရအောင် ။
ခေတ်ကြီးကအပြေးအလွှားခေတ်ကြီးဆိုတော့ ရပ်နေရင် နောက်ကျကျန်ခဲ့မယ်လေဗျာ ။
ဒါကြောင့် စက်ရုပ်ချစ်သူတို့အတွက် Running Game လေးတစ်ခုနဲ့ အလှူအိမ်ကို
ပြန်လှုပ်နှိုးလိုက်ပါတယ် ။ သိတဲ့သူတွေလဲ သိကြပါမယ် ။ အရင်က Temple Run ဟာ
Play Store ရဲ့ Top Free Game တွေထဲ ထိပ်ဆုံးကနေခဲ့ပေမဲ့ အခုတော့ Subway Surf လေးဟာ
ထိပ်ဆုံးရောက်နေခဲ့ပါပြီ ။ Google Play Store ရဲ့ Editor's Choice Game လေးလဲဖြစ်နေပါပြီ ။
HD Graphic နဲ့ ဒီဂိမ်းလေးဟာ Facebook နဲ့ ချိတ်ဆက်ပြီး ကိုယ့်ဖေ့ဘွတ်သူငယ်ချင်းတွေနဲ့လဲ
အပြိုင်ဆော့ကစားနိုင်ပါသေးတယ် ။ ကဲ . . ဘယ်လောက်ကောင်းလဲဗျာ ။
Temple Run ကတော့ သူတို့နောက်ကောက်ချခံလိုက်ရတာကို အခဲမကျေတဲ့သဘောမှာရှိတယ် ။
ဒါကြောင့် Temple Run 2 ကို ထပ်မံတင်ဆက်ထားပါသေးတယ် ။ ဒါပေမဲ့ Temple Run 2 ဟာလည်း
Subway Surf ကို မမှီပါဘူး ။ ဒါကတော့ ကျွန်တော့ အမြင်ပေါ့ဗျာ ။

  • Developer                >> Kiloo Games
  • Requires Android      >> 2.3.3 and UP
  • Play Store Price        >> Free
Play Store မှာတော့ ဒီဂိမ်းကို Android Version 2.3.3 နှင့်အထက်ဖုန်းများ ဆော့နိုင်တယ်လို့
ရေးထားပေမဲ့ ကျွန်တော်စမ်းကြည့်သလောက်တော့ သာမန်အနိမ့်ဖုန်းတွေမှာ Android Version 2.3.3
ရှိစေကာမူ ကောင်းကောင်းမဆော့နိုင်ပါဘူး ။ ရုပ်ထွက်က HD ဖြစ်တာကြောင့် သာမန်အနိမ့်ဖုန်းတွေမှာ
ထစ် ထစ် နေတတ်ပါတယ် ။ ကဲ . . . ဒီဂိမ်းလေးကို ဆော့ကြည့်မယ်ဆိုရင်တော့
အောက်မှာ Download Link လေးထားပေးထားမယ်ဗျာ ။ ဒေါင်းသာဒေါင်း ။ အားမနာနဲ့ ။း)
 Subway Surfers Rio Tour Download ( Mediafire Link )
 Subway Surfers Rio Tour Download ( Dropbox Link )



ကဲ . . . ဂိမ်းလေးဒေါင်းပြီးရင် တလက်စတည်းဗျာ . . . ကျွန်တော်တို့ ခိုးရအောင် ။း)
စစဆော့ဆော့ချင်းမှာဆိုရင် ပိုက်ဆံကမရှိ . . . Item တွေက မစုံဆိုတော့ Facebook နဲ့ချိတ်လိုက်ရင်
ကိုယ့်သူငယ်ချင်းတွေကြားထဲမှာ ကိုယ်ကမျက်နှာငယ်ရတာပေါ့ ။ ဒီလိုမဖြစ်အောင်
ကျွန်တော်ကြိုးစားပေးထားပါတယ် ။ Subway Surfers ကို ပိုက်ဆံပြည့်အောင် Item ပြည့်အောင်
ခိုးတာတွေ ပြည်ပဆိုက်တွေမှာတင်ထားပေမဲ့ အမှတ်ခိုးတာတော့ မတွေ့ဘူးဗျ ။ ကျွန်တော်က
ပို့မဲ့ပို့ ကူးတို့ရောက်အောင် ပို့မဗျာ ။ အမှတ်ပါတစ်ခါတည်း ခိုးမယ် ။ ရှုပ်လို့ ။း))
ကဲ . . . ခိုးကြမယ်ဟေ့ ။ ဒါဆိုရင် အောက်ကလင့်ခ်လေးမှာ အရင်ဒေါင်းဗျာ ။
 SubwaySurf Money+Item Upgrade+Point Hack Download ( Mediafire Link  )
SubwaySurf Money+Item Upgrade+Point Hack Download ( Dropbox Link  )
ကဲ . . . ဒေါင်းပြီးပြီဆိုရင် စမယ်ဗျာ ။
အခုဒေါင်းလိုက်တဲ့ Hack လုပ်မဲ့ Zip File လေးကို ဇစ်ဖြည်လိုက်ပါ ။
ပြီးရင် ရလာတဲ့ Folder လေးကို ဖုန်းရဲ့ SD Card ထဲဖြစ်ဖြစ် တနေရာရာကို ကူးထည့်ထားလိုက်ပါ ။
ပြီးရင် စောစောက ဒေါင်းထားတဲ့ Subway Game apk လေးကို
ဖုန်းမှာ Install လုပ်ပြီးခဏလောက်ဖွင့်ဆော့လိုက်ဗျာ ။ တပွဲလောက်ပြေးလိုက်ရင်လဲ ရတယ် ။
ဖေ့ဘွတ်ချိတ်မလား ဘာညာမေးရင် မချိတ်လဲရတယ် ။ ချိတ်လဲရတယ် ။ တပွဲလောက်ပြေးပြီး
ကားကားကြီးသေပီဟေ့ ဆိုရင် ပြန်ပိတ်လိုက်ပါ ။ ပြီးရင် File Manager တစ်ခုခုသုံးပြီး
စောစောက ကူးထည့်ထားတဲ့ com.kiloo.subwaysurf ဆိုတဲ့ Folder လေးကို Move လုပ် ။
ဘယ်နေရာမှာသွားချမလဲဆိုတော့ . . . Phone မန်မိုရီထဲက Android > Data ဆိုတဲ့အထဲမှာ
သွားပြီး Paste လုပ်ပေးလိုက်ပါ ။ အဲ့ဒီအခါ သူ့အထဲမှာလည်း com.kiloo.subwaysurf ဆိုတဲ့
Folder လေးတစ်ခုရှိနေတာတွေ့ရပါမယ် ။ Move and Replace ပဲမေးမေး . . Overwrite ပဲမေးမေး
အိုကေသာလုပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင် သူ့အထဲမှာ ရှိနေပြီးဖြစ်တဲ့ Folder လေးနေရာမှာ
ကျွန်တော်တို့ရဲ့ Hacked Folder လေးကအစားထိုးရောက်ရှိသွားပါပြီ ။
ပြီးရင် ဂိမ်းကို ပြန်ဖွင့်ဆော့ကြည့်ပါ ။
ပိုက်ဆံဘယ်လောက်ရှိသလဲ အရင်ကြည့် . . ကျွန်တော်ကတော့ ရေတောင်မရေနိုင်ဘူး ။း)
Shop ထဲဝင်ကြည့်ဦးမလား . . . Item တွေ Fully Upgrade ပဲ ။း)
အမှတ်ကိုကြည့်ဦးမလား . . . ကျွန်တော်မှတ်မိတာတော့ ၄၅ သိန်းကျော်မယ်ထင်တယ် ။း)
ကဲ . . . ဒါဆိုကျေနပ်ပြီမဟုတ်လားဗျာ ။ အသုံးတည့်မယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ ။
လေးသိန်းငါးသိန်းကျော်ရအောင် ပြေးထားရကျိုး နပ်တာပေါ့ဗျာ ။ :P မျက်စိတွေကို မူးလို့ပဲ ။