လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Vector

Requires Android - 2.1 and Up
Playstore Price - Free

Parkour တစ်ယောက်ဖြစ်ချင်ခဲ့ဖူးပါသလား ။ Parkour တွေကို အားကျခဲ့ဖူးပါသလား ။
အဲ့ဒီမေးခွန်းမျိုး ကျွန်တော့ကိုလာမေးရင်တော့ ကျွန်တော်က ဟုတ်ကဲ့လို့ဖြေပါမယ် ။
ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအသားပေးပြီး လှုပ်ရှားမှုပြင်းပြင်းတွေလုပ်လေ့ရှိတဲ့
အားကစားသမားတွေပေါ့ ။ Free Runner တွေလို့လဲ ခေါ်ကြပါတယ် ။
သူတို့ဟာ တိုက်အမြင့်ကြီးတွေပေါ်ကို ဘာကြိုး ဘာကိရိယာမှမပါပဲ တက်ကြမယ် ။
အမြင့်ကြီးတွေကနေ ခုန်ချမယ် ။ ကျွမ်းတွေထိုးကြမယ် ။ စသည်ဖြင့် သက်လုံလဲ အင်မတန်
ကောင်းကြရပါတယ် ။

အခု . . . စက်ရုပ်ချစ်သူတို့အတွက် Parkour တစ်ယောက်လို လှုပ်ရှားနိုင်မဲ့
အခွင့်အရေးတစ်ခုရပါပြီ ။ Vector လို့ခေါ်တဲ့ ဂိမ်းလေးပါ ။ အနောက်ကလိုက်နေတဲ့ ရန်သူ
ဖမ်းမမိအောင် ပြေးရမှာပါ ။ Temple Run တို့ Subway Surf တို့ပြေးနေရတာ ရိုးနေပြီဆိုသူတို့အတွက်
Vector က အကောင်းဆုံးစွမ်းဆောင်ပေးမှာပါ ။ ရုပ်ထွက်ပိုင်းဟာ 2D ဖြစ်နေပေမဲ့
ချစ်စရာကောင်းလှပါတယ် ။ ဂိမ်းရဲ့အစမှာလာတဲ့ Intro Movie လေးဟာလဲ စိတ်ဝင်စားစရာပါပဲ ။
အသိဥာဏ်ထိန်းချုပ်ခံထားရတဲ့လူသားတို့ရဲ့ ကမ္ဘာကနေ ထွက်ပြေးလွတ်မြောက်မှု ။
သင် ပြေးနိုင်သလောက်ပြေးရပါမယ် ။ အခုန် အဆင်းတွေ သတိထားရပါမယ် ။ ဦးနှောက်သုံးရပါမယ် ။
ဒီဂိမ်းလေးဟာ စဆော့ရင် ရုပ်ထွက်ကိုမြင်ရုံနဲ့ စိတ်ပျက်သွားစေနိုင်ပေမဲ့ ဆော့ကြည့်ပါ ။
တကယ့် Parkour တို့ရဲ့ လှုပ်ရှားမှုကို ပေါ်လွင်အောင် ဖန်တီးပေးထားနိုင်ပါတယ် ။
ကျွန်တော် ညွှန်းပါတယ် ။ အရမ်းလွယ်တယ်လဲ မထင်ပါနဲ့ . .  ပြေးကြည့်ရင်သိပါမယ် ။
သင့်ခြေတလှမ်းဟာ အနောက်ကလိုက်နေတဲ့လုံခြုံရေးတပ်သားရဲ့ လျှပ်စစ်ကိရိယာနဲ့
အပြိုင်ပါပဲ . သင် ခြေတလှမ်းနောက်ကျရင် သင့်ကို မိသွားပါလိမ့်မယ် ။ အတက်အဆင်းကအစ
အရာရာ သတိထားသွက်လက်နေမှရမှာပါ ။ ကဲ . . . စိတ်ဝင်စားနေပြီလား ။
အောက်မှာ ဒေါင်းလုပ်လင့်ခ်လေးရှိတယ်ဗျာ . . . ဒေါင်းပြီး ဆော့ကြည့်ပါ ။ ကျွန်တော်ညွှန်းပါတယ် ။

Vector Download Mediafire Link
Vector Download DropBox Link

0 comments:

Post a Comment