လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Subway Surfers New Version ( Rio ) & Money Hack

  မဆုံတာကြာပြီကော . . . စက်ရုပ်ချစ်သူတို့ရေ . . . ။ အလှူအိမ်လေးလဲ လူခြေတိတ်နေရောပဲ ။
ကဲ . . ကျွန်တော် ပြန်လာပြီဗျာ ။ အလှူအတန်းလေးတွေ လုပ်ရအောင် ။
ခေတ်ကြီးကအပြေးအလွှားခေတ်ကြီးဆိုတော့ ရပ်နေရင် နောက်ကျကျန်ခဲ့မယ်လေဗျာ ။
ဒါကြောင့် စက်ရုပ်ချစ်သူတို့အတွက် Running Game လေးတစ်ခုနဲ့ အလှူအိမ်ကို
ပြန်လှုပ်နှိုးလိုက်ပါတယ် ။ သိတဲ့သူတွေလဲ သိကြပါမယ် ။ အရင်က Temple Run ဟာ
Play Store ရဲ့ Top Free Game တွေထဲ ထိပ်ဆုံးကနေခဲ့ပေမဲ့ အခုတော့ Subway Surf လေးဟာ
ထိပ်ဆုံးရောက်နေခဲ့ပါပြီ ။ Google Play Store ရဲ့ Editor's Choice Game လေးလဲဖြစ်နေပါပြီ ။
HD Graphic နဲ့ ဒီဂိမ်းလေးဟာ Facebook နဲ့ ချိတ်ဆက်ပြီး ကိုယ့်ဖေ့ဘွတ်သူငယ်ချင်းတွေနဲ့လဲ
အပြိုင်ဆော့ကစားနိုင်ပါသေးတယ် ။ ကဲ . . ဘယ်လောက်ကောင်းလဲဗျာ ။
Temple Run ကတော့ သူတို့နောက်ကောက်ချခံလိုက်ရတာကို အခဲမကျေတဲ့သဘောမှာရှိတယ် ။
ဒါကြောင့် Temple Run 2 ကို ထပ်မံတင်ဆက်ထားပါသေးတယ် ။ ဒါပေမဲ့ Temple Run 2 ဟာလည်း
Subway Surf ကို မမှီပါဘူး ။ ဒါကတော့ ကျွန်တော့ အမြင်ပေါ့ဗျာ ။

  • Developer                >> Kiloo Games
  • Requires Android      >> 2.3.3 and UP
  • Play Store Price        >> Free
Play Store မှာတော့ ဒီဂိမ်းကို Android Version 2.3.3 နှင့်အထက်ဖုန်းများ ဆော့နိုင်တယ်လို့
ရေးထားပေမဲ့ ကျွန်တော်စမ်းကြည့်သလောက်တော့ သာမန်အနိမ့်ဖုန်းတွေမှာ Android Version 2.3.3
ရှိစေကာမူ ကောင်းကောင်းမဆော့နိုင်ပါဘူး ။ ရုပ်ထွက်က HD ဖြစ်တာကြောင့် သာမန်အနိမ့်ဖုန်းတွေမှာ
ထစ် ထစ် နေတတ်ပါတယ် ။ ကဲ . . . ဒီဂိမ်းလေးကို ဆော့ကြည့်မယ်ဆိုရင်တော့
အောက်မှာ Download Link လေးထားပေးထားမယ်ဗျာ ။ ဒေါင်းသာဒေါင်း ။ အားမနာနဲ့ ။း)
 Subway Surfers Rio Tour Download ( Mediafire Link )
 Subway Surfers Rio Tour Download ( Dropbox Link )



ကဲ . . . ဂိမ်းလေးဒေါင်းပြီးရင် တလက်စတည်းဗျာ . . . ကျွန်တော်တို့ ခိုးရအောင် ။း)
စစဆော့ဆော့ချင်းမှာဆိုရင် ပိုက်ဆံကမရှိ . . . Item တွေက မစုံဆိုတော့ Facebook နဲ့ချိတ်လိုက်ရင်
ကိုယ့်သူငယ်ချင်းတွေကြားထဲမှာ ကိုယ်ကမျက်နှာငယ်ရတာပေါ့ ။ ဒီလိုမဖြစ်အောင်
ကျွန်တော်ကြိုးစားပေးထားပါတယ် ။ Subway Surfers ကို ပိုက်ဆံပြည့်အောင် Item ပြည့်အောင်
ခိုးတာတွေ ပြည်ပဆိုက်တွေမှာတင်ထားပေမဲ့ အမှတ်ခိုးတာတော့ မတွေ့ဘူးဗျ ။ ကျွန်တော်က
ပို့မဲ့ပို့ ကူးတို့ရောက်အောင် ပို့မဗျာ ။ အမှတ်ပါတစ်ခါတည်း ခိုးမယ် ။ ရှုပ်လို့ ။း))
ကဲ . . . ခိုးကြမယ်ဟေ့ ။ ဒါဆိုရင် အောက်ကလင့်ခ်လေးမှာ အရင်ဒေါင်းဗျာ ။
 SubwaySurf Money+Item Upgrade+Point Hack Download ( Mediafire Link  )
SubwaySurf Money+Item Upgrade+Point Hack Download ( Dropbox Link  )
ကဲ . . . ဒေါင်းပြီးပြီဆိုရင် စမယ်ဗျာ ။
အခုဒေါင်းလိုက်တဲ့ Hack လုပ်မဲ့ Zip File လေးကို ဇစ်ဖြည်လိုက်ပါ ။
ပြီးရင် ရလာတဲ့ Folder လေးကို ဖုန်းရဲ့ SD Card ထဲဖြစ်ဖြစ် တနေရာရာကို ကူးထည့်ထားလိုက်ပါ ။
ပြီးရင် စောစောက ဒေါင်းထားတဲ့ Subway Game apk လေးကို
ဖုန်းမှာ Install လုပ်ပြီးခဏလောက်ဖွင့်ဆော့လိုက်ဗျာ ။ တပွဲလောက်ပြေးလိုက်ရင်လဲ ရတယ် ။
ဖေ့ဘွတ်ချိတ်မလား ဘာညာမေးရင် မချိတ်လဲရတယ် ။ ချိတ်လဲရတယ် ။ တပွဲလောက်ပြေးပြီး
ကားကားကြီးသေပီဟေ့ ဆိုရင် ပြန်ပိတ်လိုက်ပါ ။ ပြီးရင် File Manager တစ်ခုခုသုံးပြီး
စောစောက ကူးထည့်ထားတဲ့ com.kiloo.subwaysurf ဆိုတဲ့ Folder လေးကို Move လုပ် ။
ဘယ်နေရာမှာသွားချမလဲဆိုတော့ . . . Phone မန်မိုရီထဲက Android > Data ဆိုတဲ့အထဲမှာ
သွားပြီး Paste လုပ်ပေးလိုက်ပါ ။ အဲ့ဒီအခါ သူ့အထဲမှာလည်း com.kiloo.subwaysurf ဆိုတဲ့
Folder လေးတစ်ခုရှိနေတာတွေ့ရပါမယ် ။ Move and Replace ပဲမေးမေး . . Overwrite ပဲမေးမေး
အိုကေသာလုပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင် သူ့အထဲမှာ ရှိနေပြီးဖြစ်တဲ့ Folder လေးနေရာမှာ
ကျွန်တော်တို့ရဲ့ Hacked Folder လေးကအစားထိုးရောက်ရှိသွားပါပြီ ။
ပြီးရင် ဂိမ်းကို ပြန်ဖွင့်ဆော့ကြည့်ပါ ။
ပိုက်ဆံဘယ်လောက်ရှိသလဲ အရင်ကြည့် . . ကျွန်တော်ကတော့ ရေတောင်မရေနိုင်ဘူး ။း)
Shop ထဲဝင်ကြည့်ဦးမလား . . . Item တွေ Fully Upgrade ပဲ ။း)
အမှတ်ကိုကြည့်ဦးမလား . . . ကျွန်တော်မှတ်မိတာတော့ ၄၅ သိန်းကျော်မယ်ထင်တယ် ။း)
ကဲ . . . ဒါဆိုကျေနပ်ပြီမဟုတ်လားဗျာ ။ အသုံးတည့်မယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ ။
လေးသိန်းငါးသိန်းကျော်ရအောင် ပြေးထားရကျိုး နပ်တာပေါ့ဗျာ ။ :P မျက်စိတွေကို မူးလို့ပဲ ။



 

1 comments:

blizzard said...
This comment has been removed by the author.

Post a Comment