လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Root Checker

မိမိရဲ့ စက်ရုပ်လေးကို အမြစ်တူးပြီးတဲ့အခါ အမြစ်တူးခြင်း အောင်မြင်လား မအောင်မြင်လားဆိုတာ
စစ်ဆေးကြည့်တဲ့ ဆော့ဝဲလ်လေးပါ ။ အမြစ်တူးတာအောင်မြင်တယ်ဆိုရင် Super User Request 
တက်လာပါမယ် ။ 

Root လုပ်ထားခြင်း ရှိမရှိ ။ Busy Box ရှိမရှိ  သူက စစ်ဆေးပေးပါလိမ့်မယ် ။ 
လိုအပ်မယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Real Guitar

သိပ်ပြီးအားကျခဲ့တဲ့ ဂစ်တာသမားတွေ ရှိပါသလား ။ G3 တို့ဘာတို့လိုပေါ့ ။
ကိုယ်ကိုယ်တိုင်ရော ဂစ်တာမတီးကြည့်ချင်ဘူးလား ။ ဂစ်တာတလက်ကိုယ့်ဆီမှာ မရှိရင်တောင်
စက်ရုပ်ဖုန်းလေးတစ်လုံးနဲ့ ဂစ်တာတီးကြည့်လို့ရနေပါပြီ ။ 


တကယ်အလန်းစားလေးပါ ။ Free ရယူနိုင်တဲ့ ဆော့ဝဲလ်လေးဆိုပေမဲ့ တကယ်ကောင်းပါတယ် ။
Electric Guitar နဲ့ Acoustic Guitar နှစ်မျိုးပါပါတယ် ။ 

Free Solo Mode နဲ့ Chord Mode စသည်ဖြင့် ရွေးချယ်တီးခတ်နိုင်ပါတယ် ။ 
တစ်ခုအားသာချက်က ကိုယ်တီးတဲ့သံစဉ်ကို Record လုပ်ယူထားနိုင်ခြင်းပါပဲ ။ 
Play Store မှာလဲ Free ရယူနိုင်ပါတယ် ။ လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
ကဲ . . . လက်ကုန်သာ အစွမ်းပြပေတော့ဗျို့  ။

TSF Shell Launcher

စက်ရုပ်ချစ်သူတို့အတွက် အကောင်းဆုံးအသုံးတော်ခံမဲ့ Launcher လေးတစ်ခုနဲ့ 
မိတ်ဆက်ပေးချင်ပါတယ် ။ ဒီ Launcher လေးသုံးမိပြီးရင်တော့ အရင့်အရင်ကသုံးခဲ့တဲ့
Launcherလေးတွေကို ခပ်ဝေးဝေးကိုပစ်ထားချင်မိပါလိမ့်မယ် ။ ကျွန်တော် ဒီလိုညွှန်းပါတယ် ။
လက်ရှိကျွန်တော်သုံးနေတဲ့ Launcher လေးတစ်ခုဖြစ်ပါတယ် ။ 
ကဲ . . .. လာပါပြီဗျာ ။ TSF Shell Launcher လို့ ခေါ်ပါတယ် ။


အရင်ဆုံးကြေငြာလိုတာက . . . Google Play Store မှာရှိတဲ့ Launcher တွေထဲမှာ
ဈေးအကြီးဆုံး Launcher တစ်ခုဖြစ်ပါတယ် ။ 16.80$ ပေးရမှာပါ ။ 
ကျွန်တော့်ဆီမှာတော့  . . . . အလှူလို့ပဲသဘောထားပါတယ်ဗျာ ။ အလကားသာယူကြပါ ။
ကဲ .. . . သူရဲ့ စွမ်းဆောင်နိုင်မှုလေးတွေ ကျွန်တော်ပြောပြပါ့မယ် ။
သင်လုပ်တတ်သလောက်လုပ်လို့ရပါတယ် ။း)) စိတ်တိုင်းကျလုပ်ချင်တာလုပ်နေလို့ရတာမို့
ကျွန်တော်ဘာပြောရမှန်းကိုမသိဘူးဖြစ်နေတာ ။ Folder တည်ဆောက်တာ ။ Widget ထားတာ ။
အလှဆင်တာ ။ 3D Gallery ။ Weather Widget ။ Media Widget ။ Memo Widget ။
စသည်ဖြင့် တော်တော်ကို စိတ်တိုင်းကျလုပ်လို့ရပါတယ် ။ သုံးကြည့်စမှာတော့ သုံးနေကျ

Launcher တွေလိုမဟုတ်တဲ့အတွက် အနည်းငယ်အခက်အခဲရှိနေနိင်ပါတယ် ။ 
အကြံပေးလိုတာက လျှောက်သာလုပ်ကြည့်ကြပါဗျာ ။း))
Let’s say goodbye to the traditional operation system.း))
စိတ်ဝင်စားမှုရှိလို့ လိုချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 

** Download လုပ်ပြီးတဲ့အခါ Market License Verification ကိုဖျက်ပေးရပါမယ် ။ 
အဲ့ဒီအတွက် Lucky Patcher ဆိုတဲ့ဆော့ဝဲလ်လေးကို သုံးရပါမယ် ။ Lucky Patcher မရှိရင်
Lucky Patcher Download ရယူရန်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 
အသုံးပြုပုံကတော့ TSF Shell ကို Install လုပ်ပါ ။ ပြီးရင် တဆက်တည်း Lucky Patcher ကို
Install လုပ်ပါ ။ ပြီးရင် Lucky Patcher ကိုမဖွင့်ပါနဲ့ဦး ။ TSF Shell ကို အရင် Run လိုက်ပါ ။
TSF Shell Loading လုပ်နေပြီး Launcher တက်လာပြီဆိုရင် Lucky Patcher ကိုဖွင့် ။
Update လုပ်ဖို့ဘာညာလာမေးရင် Close သာလုပ်လိုက်ပါ ။ ပြီးရင် Lucky Patcher လေးက
Application တွေကို Loading လုပ်နေပါလိမ့်မယ် ။ ကိုယ်သွင်းထားတဲ့ Application တွေပေါ်လာရင်
TSF Shell ကို ရှာပါ ။ တွေ့ရင် TSF Shell ရဲ့ icon ကိုဖိထားပါ ။ Box တစ်ခုတက်လာပါမယ် ။
အဲ့ဒီထဲကမှ အပေါ်ဆုံးမှာ Custom Patch ! ဆိုတာရှိပါလိမ့်မယ် ။ အဲ့ဒါကို နှိပ်ပါ ။
သူ့ဟာသူ လုပ်ချင်တာတွေလုပ်နေပါလိမ့်မယ် ။ စာအစိမ်းလေးတွေ အများကြီးပေါ်လာပြီး
OK ဆိုတာလေးပေါ်လာပါလိမ့်မယ် ။ အဲ့ဒီအခါ OK ကိုနှိပ် ။ ဒါဆို TSF Shell ကိုသုံးလို့ရပါပြီ ။
စာအစိမ်းလေးတွေမတက်လာပဲ အနီတွေချည်းပဲတက်လာရင် TSF Shell ကို uninstall ပြန်လုပ်ပြီး
ပြန်တင်ပါ ။ ပြီးရင် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းအတိုင်းပြန်လုပ်ပါ ။ ရပါလိမ့်မယ် ။
ဒီနေရာမှာ တစ်ခုရှိတာက ကိုယ်က တခြား Launcher တွေတင်ထားတယ်ဆိုရင်
Luckey Patcher မှာ စာအစိမ်းလေးတွေအဆင့်မှာ OK နှိပ်ပြီးတဲ့အခါ Back နဲ့ပြန်မထွက်ပဲ
Phone ရဲ့ Home Key ကို နှိပ်လိုက်ပါ ။ ကိုယ်တင်ထားတဲ့ Launcher တွေထဲမှာ
ဘယ်ဟာကိုရွေးမလဲ ပေါ်လာပါလိမ့်မယ် ။ အဲ့ဒါတွေရဲ့အောက်ဆုံးမှာ အမှန်ခြစ်ဖို့အကွက်လေး
ရှိပါလိမ့်မယ် ။ အဲ့ဒီအကွက်လေးထဲ အမှန်ခြစ်ပေးပြီး Make Dafault လုပ်လိုက်ပါ ။ ပြီးတော့မှ
TSF Shell ကိုရွေးလိုက်ပါ ။ ဒါဆိုရင် TSF Shell Launcher ဟာ Default ဖြစ်သွားပြီး
အတည်ဖြစ်သွားပါလိမ့်မယ် ။ အဆင်ပြေပါစေ ။ တကယ်လို့ ပြောတာတွေ ရှုပ်သွားခဲ့ရင်
mr.lawkaparla@gmail.com သို့ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ် ။ ကျွန်တော့အိပ်ချိန်မှလွဲ၍
တတ်နိုင်သလောက် အချိန်ပြည့်နီးပါး ကျွန်တော် ပြန်လည်ဖြေကြားပေးပါ့မယ် ။း)

TSF Shell Download Link >>> DownLoad

အပေါ်မှာစကားတွေများပြီး စာတွေရှုပ်နေမှာဆိုးလို့ ဒေါင်းလုပ်လင့်ကိုသပ်သပ်ထပ်ခွဲပေးထားပါတယ် ။

Lucky Patcher

ဒီဆော့ဝဲလ်လေးကတော့ သူရဲ့ လိုဂိုနဲ့လိုက်အောင် သုံးတဲ့သူတွေကို ပြုံးစေမှာပါ ။
Root လုပ်ပြီးသားဖုန်းတွေမှာသာ အသုံးပြုနိုင်ပါတယ် ။ သူ့ရဲ့လုပ်ဆောင်နိုင်မှုတွေက 
မက်လောက်စရာပါပဲ ။ 
တစ်ချို့သောဆော့ဝဲလ်တွေရဲ့ Android Market License Verification တွေ ၊ 
Google Ads တွေ ကို သူကဖျက်ပေးနိုင်ပါတယ် ။ ဒါ့အပြင် Custom Patch တွေအသုံးပြုပြီး
ပိုက်ဆံပေးရတဲ့ဆော့ဝဲလ်တွေကို အလကားသုံးကြမယ်ပေါ့ဗျာ ။ ဒီလို ဒီလို ။   


ဒီဆော့ဝဲလ်လေးက သူ့ချည်းပဲတော့ ဘာမှလုပ်လို့မရပါဘူး ။ ဒါပေမဲ့ ကျွန်တော်နောက်ထပ်တင်မဲ့
တစ်ချို့ဆော့ဝဲလ်တွေကျရင် ဒီကောင်လေးကို လိုလာမှာဖြစ်တဲ့အတွက် တင်ထားပါတယ် ။
Myanmar Mobile Application Store  မှာလဲ တင်ထားတာတွေ့ရပါတယ် ။ 
လိုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

မြန်မာ့ခြောက်လုံးပတ်

အခုဆော့ဝဲလ်လေးအကြောင်း မပြောခင် -
Programming - Thein Hla Maw , 
Graphics Design - Kyauk Se
Music 'n data - Benny ( Kyaw Soe Min ) တို့ကို ကျေးဇူးအထူးတင်ကြောင်း
အရင်ပြောလိုပါတယ် ။ မြန်မာ့ယဉ်ကျေးမှုတစ်ခုကို အခုလိုအားထုတ်တည်ဆောက်ပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ် ။ ဒီဆော့ဝဲလ်လေးက မြန်မာ့ဆိုင်း ခြောက်လုံးပတ်လေးပါ ။
မိမိရဲ့ စက်ရုပ်လေးပေါ်မှာ ဆိုင်းတီးနိုင်ပါပြီ ။ 

  
တကယ်ချစ်စရာကောင်းလွန်းတဲ့ ဆော့ဝဲလ်လေးပါ ။ Sony လိုမျိုး အသံထွက်ကောင်းတဲ့ဖုန်းတွေဆိုရင်
ပိုမိုက်ပါတယ် ။ လိုချင်ပါတယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
ကဲ . . . စက်ရုပ်ကလေးမှာ ပလပ်ထိုး ။ ဆောင်းဘောက်စ်နဲ့ ဂျွိုင်း ။ ဘေးလူနားညီးတဲ့အထိ
မိမိရဲ့လက်စွမ်းကို ပြပေတော့ဗျို့ ။ 
( အထူးသတိပြုရန် - စိတ်ပါပြီး လှိမ့်တီးနေလို့ ဖုန်းစခရင်ကြီးကွဲသွားနိုင်ပါသည် ။ 
 ဖြည်းဖြည်းတီးပါ ။း)) ) 

Facebook For Android

ဘာရယ်ဟုတ်ပါဘူး ။ ခေတ်မှီအောင်လို့ ပိတ်တင်ပစ်တာ ။ မျက်နှာစာအုပ်ကြီးပါခင်ဗျ ။
ကို ကိုင်ဇာတင်မှုံကိုပြောတာတော့မဟုတ်ဘူး ။ ဇင်ကာဘတ် ဆိုတဲ့ချာတိတ်လေး 
လက်ကမြင်းထားတဲ့ Facebook ကြီးပါ ။ 


လိုချင်ရင် ဒီနေရာမှာ ဒေါင်းပါခင်ဗျ ။ 
စကားမစပ် ကျွန်တော့ဖေ့ဘွတ်အကောင့်က www.facebook.com/mr.minlulin ဖြစ်ပါသည် ။ 
( ပေါ်တင်ကိုကြေငြာဝင်ပစ်တာပါပဲ .. ဒီကောင့်နှယ် ) 

Android Defrag PRO

ဆော့ဝဲလ်တွေ ဖြုတ်လိုက် တပ်လိုက်နဲ့ စက်ရုပ်လေးကို ကလိနေတဲ့ ဆရာတို့အတွက်ပါ ။
အပိုင်းပိုင်းအတစ်တစ်တွေနဲ့ ဖုန်းရဲ့ မန်မိုရီကိုထိပါးစော်ကားနေမဲ့ သုံးမရတဲ့နေရာလွတ်တွေကို
Defrag လုပ်ကြရအောင်ဗျို့ ။ တပတ်တခါလောက် ပုံမှန်လေးသုံးစွဲသင့်တဲ့ ဆော့ဝဲလ်လေးတစ်ခုပါ ။

 Play Store မှာ 2.99$ တန်ကြေးရှိတဲ့ PRO Version လေးကို တင်ပေးလိုက်ပါတယ် ။
လိုအပ်မယ်ဆိုရင် ဒီနေရာမှာ ဒေါင်းတော်မူကြပါကုန် ။  ကိုယ်အဆင်ပြေတယ်ဆိုရင်
သူငယ်ချင်းတွေကိုလဲ မျှဝေပေါ့ဗျာ ။ သာဓုခေါ်ဖို့လဲ မမေ့နဲ့နော ။း))

Blux Theme Go Launcher

Go Launcher သမားများအတွက် Theme လေးတစ်ခုပါ ။ 
Install လုပ်ပြီးတဲ့အခါ တိုက်ရိုက် open ကို မနှိပ်ပါနဲ့ ။ Home Screen ကို ပြန်သွားပါ ။
ပြီးမှ Go Manu ကနေတဆင့် Theme ကိုရွေးလိုက်ပါ ။ Go Launcher မှာပဲအသုံးပြုနိုင်ပါတယ် ။


Go Launcher မရှိသေးဘူးဆိုရင် Go Launcher ဒေါင်းရန် မှာဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Blux Theme ကိုတော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Awesome Clocks ( Widget )

သင့်စက်ရုပ်လေးရဲ့ Home Screen မှာ နာရီလှလှလေးတွေမထားချင်ဘူးလား ။
ထားချင်တယ်ဆိုရင်တော့ ဒီ Widget လေးက အသုံးဝင်စေမှာပါ ။


နာရီလှလှလေးတွေ ငါးခု ခြောက်ခုပါပါတယ် ။ Widget တင်နည်းတော့ သိကြမှာပါ ။ 
မသိရင်တော့ ပြောပြပါမည် ။ ( မသိဘူးဆိုသူများအတွက်သာ ။ သိသူများကျော်ဖတ်ပါရန် )
Home Screen ကို သုံးစက္ကန့်လောက်ဖိထားလိုက်ရင် ပေါ်လာပါလိမ့်မယ် ။း)) Widget ကိုရွေး ။
ပြီးရင် ထည့်ချင်တဲ့နာရီသာ ထည့် ။ တော်တော်ခက်ပါတယ် ။း))
လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

AndroIRC + Premium app

သူငယ်ချင်းတစ်ယောက်တောင်းလို့ ရှာပြီးတင်ပေးလိုက်တာပါ ။ IRC client လေးတစ်ခုပါ ။
ငါက IRC သမားဆိုတော့ IRC app လေးလိုချင်တယ်ကွာ  ဆိုလို့ပါ ။ 


အလိုရှိမယ် အသုံးတည့်မယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ တဆက်တည်း
Premium app လေးကိုပါ တင်ပေးလိုက်ပါတယ် ။ ဒီ App လေးက Free Version မှာပါတဲ့
Ads တွေကိုဖယ်ရှားပေးမှာပါ ။ အပေါ်မှာတင်ပေးထားတဲ့ AndroIRC ကို အင်စတောလုပ်ထားပြီး
ဒီ Premium app လေးကို အင်စတောလုပ်လိုက်ပါ ။ Free Version လေးက 
Premium Version ဖြစ်သွားပါလိမ့်မယ် ။ မျက်စိနောက်သက်သာတာပေါ့ ။း))
Google Play Store မှာ 2.58$ တန်ပါတယ် ။ ဒီမှာတော့ ထုံးစံအတိုင်းပဲပေါ့ ။ 
 ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ တလက်စထဲပဲဗျာ ။ နှစ်ခုစလုံးသာဒေါင်းသွားကြပါ ။

Burn The Rope Plus


စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ဂိမ်းလေးတစ်ခုပါ ။
Burn The Rope တဲ့ ။ ကြိုးလေးတွေကို မီးရှို့ရတာ ။ ဒါဆိုလွယ်လွယ်လေးပဲလို့တော့
မတွေးလိုက်ကြပါနဲ့ ။ ကြိုးပေါင်းများစွာကို မီးစလေးတချက်နဲ့အစပြုပြီး ရှို့ရတာ ။
လွယ်တော့မလွယ်ပါဘူး ။ မီးသေမသွားအောင် လောင်စာမပြတ်စေရအောင်ကြိုးတွေရဲ့
လားရာအတိုင်း ဖုန်းကို လှည့်ပတ်ကစားရတာ ။ စိတ်ဝင်စားဖို့ကောင်းပါတယ် ။
အခုကျွန်တော်တင်ပေးထားတာက Plus Version ပါ ။ Google Play Store မှာတော့
2.99$ နဲ့ရောင်းပါတယ် ။ ဒီမှာတော့ အလကားပါပဲ ။ လှူပါတယ် ။ ယူပါ ။
ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Auto App2SD

စက်ရုပ်ဖန်တီးသူတွေက နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ ဖန်တီးနေတဲ့အခါ
စက်ရုပ်ချစ်သူတို့က ဟိုဟာလေးလဲ လိုချင်ပါရဲ့ ဒီဟာလေးလဲလိုချင်ပါရဲ့ နဲ့ တွေ့သမျှ ဒေါင်း ဒေါင်း ဒေါင်း
နေတဲ့အခါ သင့်ရဲ့စက်ရုပ်ကလေးဟာလဲ ဒေါင်းသွားမှာပေါ့ ။
ဒါကြောင့် စက်ရုပ်ဖုန်းလေးတစ်လုံးဝယ်တဲ့အခါ Internal Memory ခေါ် Phone Memory မြင့်မြင့်လေး
ဝယ်ရင်ဖြင့် ဒေါင်းရတင်ရကလိရတာအရသာရှိတာပေါ့လေ ။ Phone Memory နည်းတဲ့
စက်ရုပ်လေးတွေကျတော့ အင်ဆားဖစ်ရှန့်မန်မိုရီဘာညာသာရကာ  .... အာကွာ မျက်စိနောက်စရာ ။း)
ဆိုတော့ကား . . . ဖုန်းမန်မိုရီကိုလဲ မြှင့်လို့မရတော့ ကိုယ်တတ်နိုင်သလို မန်မိုရီကဒ် GB များများ
ဝယ်တယ်ပေါ့ ။ အဲ့ဒီအခါမှာ ဒီဆော့ဝဲလ်လေးအသုံးဝင်ပါပြီ ။ သင့်ရဲ့ ဖုန်းမန်မိုရီမှာ install လုပ်ထားတဲ့
ဂိမ်းတွေ Application တွေကို external MemoryCard ဆီမှာ ပြောင်းပြီး install လုပ်မှာပါ ။
ဒီအခါ သင့်ဖုန်းမန်မိုရီမလောက်မှာ မပူရတော့ဘူးပေါ့ ။
အခုဆော့ဝဲလ်လေးက အမြစ်တူးထားဖို့ လိုပါတယ် ။ ** Requires Root **

သာမန် App2SD ဆော့ဝဲလ်တွေ မရွှေ့နိုင်တဲ့ ဆော့ဝဲလ်တွေကိုပါ ရွှေ့နိုင်ပြောင်းနိုင်ပါတယ် ။
တစ်ခု အကြံပြုလိုတာက ဖုန်းမှာ Widget အဖြစ်ထားရှိမဲ့ဆော့ဝဲလ်တွေကိုတော့ ဖုန်းမှာပဲ
install လုပ်စေချင်ပါတယ် ။ အကုန်လုံးနီးပါး ရွှေ့နိုင်တယ်လို့ပဲ ဆိုကြပါစို့ ။
ကဲ . . . လိုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
ကိုယ့်ဖုန်းက အမြစ်မတူးရသေးလို့ အမြစ်ဘယ်လိုတူးမလဲတော့ လာမမေးနဲ့နော် ။း))
Myanmar Mobile Application ဆိုက်ကို လက်ညိုးထိုးပြလိုက်မှာ ။း)

Plants Vs Zombie

တွေ့ရင် မှတ်မိဦးမယ်ထင်ပါတယ် ။း)
PC မှာ အရမ်းနာမည်ကြီးခဲ့တဲ့ Game တစ်ခုဖြစ်ပါတယ် ။ သစ်ပင်လေးတွေနဲ့ သရဲတို့ရဲ့ တိုက်ပွဲ ။
ကျွန်တော် အကြိုက်ဆုံး ဂိမ်းတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ် ။


သင့်ရဲ့ အိမ်ထဲကို သရဲတွေလာနေပါပြီ ။ သင့်ရဲ့ ဦးနှောက်ကို သရဲတွေသုံးဆောင်ခြင်းမှ ကာကွယ်ကြပါစို့ ။
ဆော့ဖူးသူတွေ များပါလိမ့်မယ် ။ ဆော့ကြည့်ရန် တိုက်တွန်းပါတယ် ။ အရမ်းကောင်းပါတယ် ။
Google Play Store မှာ သုံးဒေါ်လာကျော်ပေးရပါတယ် ။ မြန်မာမိုဘိုင်းဆိုက်တွေမှာ
ရှယ်ယာလုပ်ထားတာ မတွေ့ရတဲ့အတွက် ကျွန်တော် တင်ပေးလိုက်ပါတယ် ။
လိုချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ သရဲတွေလာနေပါပြီ ။း))

EZPdf reader Pro

စာအုပ်စာပေ လူ့မိတ်ဆွေပါတဲ့ ။
ပေရွက်ပေါ်မှာ ရေးတဲ့ခေတ်ကနေ ကျောက်ပြား သစ်သား စာရွက် စသည်ဖြင့် စာပေကို
သိမ်းဆည်းမှတ်တမ်းတင်ခဲ့ပါတယ် ။ အခုခေတ်မှာတော့ အင်တာနတ်ပေါ်မှာ ( နည်းပညာသုံး )
EBook ခေတ်ပဲ ဆိုကြပါစို့ ။ အဲ့ဒီ အီလက်ထရောနစ်စာအုပ်လေးတွေကို ကိုယ့်ရဲ့ စက်ရုပ်ဖုန်းလေးကနေ
ဖတ်ရှုနိုင်ဖို့အတွက် ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ ။ ရှင်းလင်းသေသပ်ခြင်း ။ စာမျက်နှာသဏ္ဍာန်
တရွက်ချင်းသွားတဲ့စတိုင်ရှိခြင်း စသည်ဖြင့် EzPDF Reader လေးက အသုံးတော်ခံပါ့မယ် ။


Google Play Store မှာ သုံးဒေါ်လာကျော်ပေးရတဲ့ PRO Version လေးပါ ။
အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် ။
လိုအပ်မယ် လိုချင်မယ်ဆိုရင် ဒီနေရာမှာ  ဒေါင်းလုပ် ရယူနိုင်ပါတယ် ။ အလကားနော် ။း))

City Legends HD

မြို့လေးတစ်မြို့ ။ စိတ်ကူးယဉ်ပြီးတည်ဆောက်ချင်စိတ်မရှိဘူးလား စက်ရုပ်ချစ်သူတို့ ။
Android Mobile လေးတစ်ခုရှိရုံနဲ့ တည်ဆောက်လို့ရနေပါပြီ ။
အဆောက်အဦးတွေဆောက်မယ် ။ လမ်းတွေဖောက်မယ် ။ မြို့တည်နန်းတည်ပေါ့ဗျာ ။း)


သင့်စိတ်ကူးဟာ ဘယ်လောက်အရာရောက်တယ်ဆိုတာ သင့်လုပ်ရပ်ပေါ်မူတည်နေပါလိမ့်မယ် ။
ဆော့လို့ကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းလေးတစ်ခုဖြစ်ပါတယ် ။
ဆော့ကြည့်စေချင်ပါတယ် ။
လိုချင်မယ်ဆို၇င် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။


Chordbot Lite

ဂီတဟာ အရာအားလုံးကို နူးညံ့သိမ်မွေ့သွားစေပါသတဲ့ ။
ကျွန်တော်တို့ ဂီတကို ဖန်တီးကြရအောင် ။
Chord တွေ Beat တွေ Timing တွေကိုတော့ နည်းနည်းနားလည်ထားဖို့လိုပါတယ် ။


Chord အစုံအလင်နဲ့ Style ပေါင်းမြောက်များစွာ ။ စိတ်ကြိုက် Timing , Tempo ရွေးချယ်နိုင်မှု
စသည်ဖြင့် သီချင်းတပုဒ်ဖြစ်လာစေမဲ့အထိ စုံစုံလင်လင်ပြုလုပ်နိုင်ပါတယ် ။
MMAS မှ ရယူထားခြင်းဖြစ်သောကြောင့် Myanmar Mobile Application Store ကို Credit ပေးပါတယ် ။
လိုချင်မယ်ဆိုရင်  ဒီနေရာမှာ ဒေါင်းလုပ်ရယူနိင်ပါတယ် ။ ကျေးဇူးတင်ပါတယ် MMAS ။

Chess

သင်ဟာ စစ်တုရင်ကစားခြင်းကို ၀ါသနာပါသူတစ်ယောက်ဖြစ်ပြီး
အင်တာနတ်သုံးစွဲခြင်း အတတ်ကို တတ်မြောက်မယ်ဆိုရင် Chess.com ဆိုတာကို သိလိမ့်မယ်ထင်တယ် ။
ကမ္ဘာအနှံ့က စစ်တုရင်သမားမြောက်များစွာရှိနေပြီး နေ့စဉ် ကစားသမားပေါင်းမြောက်များစွာ
Online ရှိနေ Live Chess ကစားနေတဲ့ Chess Site တစ်ခုဖြစ်ပါတယ် ။
Online Game , Live Chess , Video Lessons , Play with Computer စသည်ဖြင့်
စစ်တုရင်ကစားပွဲများစွာ ဖန်တီး / ပါဝင်နိုင်မှာပါ ။


အင်တာနတ်လိုင်း လိုအပ်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ် ။ အကောင့်တစ်ခုတည်ဆောက်ပြီး အဆုံးမရှိတဲ့
စစ်တုရင်ကစားပွဲပေါင်းမြောက်များစွာကို ဖန်တီးနိုင်ပါတယ် ။
လိုချင်မယ် လိုအပ်မယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ Google Play Store မှာလဲ
Free Download ရယူနိင်ပါတယ် ။


အလှူအိမ်




ကျွန်တော့ရဲ့ ဒီအလှူအိမ်လေးကို Android App အဖြစ်အသွင်ပြောင်းထားတာပါ ။
ဖုန်းကနေ၀င်တဲ့အခါ လွယ်ကူအောင်ပါ ။
ကျွန်တော် ( ဘာမှမတတ်ပါ ) ။ သူများဟာတွေကို ဝေမျှပေးရုံသက်သက်သာ ဖြစ်ပါကြောင်း ။

အလှူအိမ်ရဲ့ Android App လေးလိုချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Mx Player PRO

Video Format တော်တော်များများကို Support လုပ်တဲ့ Video Player အလန်းလေးပါ ။
ADs Free Version လေးပါ ။ Google Play Store မှာ ငါးဒေါ်လာကျော် ပေးရပါတယ် ။


မြန်မာမိုဘိုင်း က ရထားတာဖြစ်တဲ့အတွက် MMAM ကို ခရက်ဒစ်ပေးပါတယ် ။ ကျေးဇူးတင်ပါတယ်
လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

iBasket

iBasket ဆိုလို iPhone အတွက်တော့မဟုတ်ပါဘူး ။ စက်ရုပ်ချစ်သူတို့အတွက်ပါ ။း)
Michel Jorden လို ကျော်ကြားချင်ပါသလား ။ ကျွန်တော်တို့ အပစ်လေ့ကျင့်ရအောင် ။
သေနတ်တော့ဟုတ်ဘူးနော် ။ ဘတ်စကတ်ဘောပါ ။ ( ဆဲတာဟုတ်ဘူးနော် )


ပုံမှာမြင်တဲ့အတိုင်းပဲဗျာ ။ ဒေါင်းထားလိုက်ကြတာ ။း)
စက်ရုပ်ချစ်သူတို့လဲ လိုချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိင်ပါတယ် ။

Credit to - Ludei  ( ကျွန်တော်လဲ သိဘူး ။ ပလိုးစတေးမှာ အဲ့တိုင်းရေးထားလို့ အဲ့တိုင်း ခရက်ဒစ်တာ )

Go Locker 3D Watch Theme

3D နာရီ Locker လေးနဲ့ Go Launcher Theme အလန်းလေးပါ ။
Go Theme တွေက Go Launcher မှာပဲ အလုပ်လုပ်ပါတယ် ။ Go Launcher မရှိသေးဘူးဆိုရင်
Go Launcher Ex မှာ ဒေါင်းလုပ်ယူလိုက်ပါ ။


ဒီ THEME လေးကို Play Store မှာ ၃ဒေါ်လာနီးပါး ပေးရပါတယ် ။
လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိင်ပါတယ် ။

Credit to - Go Launcher Dev Team  ( သူတို့ကတော့ ရောင်းတာ .. ဦးတို့ ဒေါ်ဒေါ်တို့က
အလကားရတာ . . . ဒါတော့ သားလဲ သိဘူး ။း))  )

Go Launcher EX

Go Launcher ကိုတော့ တော်တော်များများသိကြမှာပါ ။
တော်တော်စုံလွန်းတဲ့ Function တွေရယ် ( APP တွေကို မြန်မာလိုနာမည်ပေးလို့ရတာရော )
Go Widgets , Go Locker , Go themes ပေါင်းများစွာ ပိုက်ဆံပေးရတာတွေ ရှိသလို
Free တွေလဲ အများကြီးရှိပါတယ် ။ App တွေ Hide လုပ်ထားလို့ရတာ ၊ App Drawer ထဲမှာ Folder
ခွဲထားလို့ရတာ စသည်ဖြင့် တော်တော်ကို စုံလွန်းကောင်းလွန်းပါတယ် ။
သုံးကြည့်ရင် သိပါလိမ့်မယ် ။ အရမ်းအဆင်ပြေတယ်ဆိုတာ ။း))
မိုဘိုင်းဆိုက်တော်တော်များများမှာလဲ ရှယ်ယာလုပ်ထားကြပါတယ် ။ သုံးကြည့်စေချင်ပါသည် ။
လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Credit to - Go Launcher Dev Team

မင်းလုလင်'S

ဒါကတော့ ပေါ်တင်ကို ကြေငြာဝင်တာပါ ။
ကျွန်တော်က အခုလိုဝေမျှခြင်းတွေအပြင် ကဗျာလေး စာလေး မတောက်တခေါက်ရေးပါတယ် ။
ဒီတော့ Blog လေးတစ်ခုလုပ်ပြီး ကိုယ်ရေးထားတာလေးကိုယ်တင်တာပေါ့နော် ။း))

အဲ့ဒီ Blog ကိုပဲ အွန်လိုင်းပေါ်က အလကားရတဲ့နည်းလေးတွေနဲ့ Android App လေးဖြစ်အောင်
လုပ်ထားတာပါ ။ ( အင်တာနတ်လိုင်းတော့ လိုမယ်ခင်ဗျ ။ ၀ဘ်ပေ့ခ်ျတစ်ခုကို Bookmark လုပ်ထားတဲ့
သဘောမျိုးပါပဲ )
Android App လေးဆိုတော့ တင်ချင်တင် ဖြုတ်ချင်ဖြုတ်ပေါ့ဗျာ ။ အဆင်ပြေမှာပါ ။
( ကြေငြာချက်က အဲ့လိုး)))   )

လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိင်ပါတယ် ။

Credit to - မင်းလုလင်း))
Google Play Store မှာတော့ . . . . အင်း . . .. သွားမရှာပါနဲ့ခင်ဗျ ။ မရှိပါဘူး ။း))

Bad Piggies

Rivio က ငှက်ဆိုးလေးတွေ ပြီးတော့ ၀က်ဆိုးလေးတွေ ထပ်လာပါတယ် ။း))
ဒီ ၀က်ဆိုးလေးတွေမှာတော့ ငှက်ဆိုးလေးတွေထက် ပိုလန်းတာက လေးခွနဲ့ဆွဲပြီး သွားတာမျိုးမဟုတ်ပဲ
ဘီးတပ်ယာဉ်လေးနဲ့သွားတာပါ ။ အဲ့ဒီ ဘီးတပ်ယာဉ်လေးကိုလဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်
တည်ဆောက်ရပါတယ် ။ ဘီးတွေ ပန်ကာတွေ နေရာအထားအသိုမမှန်ရင် ယာဉ်လေးက ဦးတည်ရာမှန်မှန်
မသွားပါဘူး ။ ဒါဆို မအောင်တော့ဘူးပေါ့ ။ အဲ့သလို အဲ့သလို ...း))


အပျင်းလဲပြေစေတယ် ။ ဥာဏ်လဲရွှင်စေတယ် ။ ပျော်လဲပျော်စရာကောင်းပါတယ် ။
ဆော့လို့ အင်မတန်ကောင်းပါတယ် ။
လိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
MMAM မှာလဲ တင်ထားတာတွေ့ရပါတယ် ။
Credit to - Rovio Mobile   :)

Antutu CPU Master PRO

အမြစ်တူးပြီးသားဖုန်းတွေအတွက်ပါ ။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ဘထ္ထရီထိန်းသိမ်းမှုအပိုင်းကို
ကိုယ်တိုင်ကိုယ်တွယ်ချင်သူတွေအတွက် အသုံးဝင်မဲ့ ဆော့ဝဲလ်လေးတစ်ခုပါ ။

လိုအပ်မယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
Google Play Store မှာ 3.80$ ပေးရပါမယ် ။ ဒီမှာတော့ အလကားသာယူကြပါဗျာ ။း)

Anti Spy Mobile PRO

ဒီနေ့ခေတ်ထဲမှာ Spyware တွေသုံးပြီး သင့်ရဲ့ ဖုန်းဆက်သွယ်မှု ၊ SMS ဆက်သွယ်မှု တွေအပြင်
သင့်ဖုန်းရဲ့ တည်နေရာကိုပါ သိနေနိုင်ပါပြီတဲ့ ။ ကြောက်ချာကြီး ။း))
ဒီတော့ ကိုယ့်ဖုန်းထဲ Spyware တွေရှိမရှိ စစ်ဆေးဖို့ စုံထောက်တစ်ယောက် ကျွန်တော်ခေါ်လာပါတယ် ။

လိုရမယ်ရပေါ့ဗျာ ။ အသုံးလိုသည်ဖြစ်စေ  မလိုသည်ဖြစ်စေ  ကျွန်တော်ခေါ်ခဲ့ပါတယ် ။
Google Play Store မှာ ၄ ဒေါ်လာနီးပါးပေးရတဲ့ PRO Version လေးပါ ။
လိုအပ်ခဲ့မယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိင်ပါတယ် ။ 

Angry Birds Space

နာမည်ကျော် ငှက်ဆိုးလေးတွေဂိမ်းပါ ။ တကူးတကတော့ ဘာမှပြောစရာမလိုတော့ဘူးထင်ပါတယ် ။


လိုချင်တယ်ဆို ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Credit to - Rovio Mobile Teamး)))))

Android Tuner

လာပါပြီ Android အတွက် လက်ညိုးညွှန်ရာရေဖြစ်စေမဲ့ Tool Box လေး ။
အမြစ်တူးပြီးသားဖုန်းတွေအတွက် ပိုပြီး အဆင်ပြေပါတယ် ။ ဘာလို့ဆိုတော့
တစ်ချို့ Function တွေက Root လုပ်ပြီးမှ သုံးလို့ရတာတွေပါလို့ပါ ။
သူကဘာတွေပါလဲ ။ အမေးရှိလေသော် -
- File explorer
-  Application manager
- Task manager
- System Control
- System Monitoring
- Battery Saving
-  Battery and System Notifications
-  Highly Configurable Widgets
- Terminal Emulator
-  Logcat reader
-  Kernel message reader

( စက်ရုပ်ချစ်သူတို့ကို သတိတစ်ခုပေးလိုပါတယ် ။ ကိုယ်တိုင်သေချာသိမှ စမ်းသပ်သင့်တဲ့ဆော့ဝဲလ်ပါ )
( Developer တို့ ပြောပြောနေသလို  ကိုယ့်ပျက်စီးဆုံးရှုံးမှုကို ကိုယ်တိုင်ပဲ တာဝန်ယူပါ )း))
စီနီယာမြန်မာမိုဘိုင်းဆိုက်တွေမှာလဲ တင်ထားပါတယ် ။

လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။


Android Office

Android ဖုန်းထဲမှာတင် Microsoft File တွေကို ကြည့်ချင် ပြင်ချင်လိုပါသလား ။
Microsoft Office အတွက် အရမ်းကို အဆင်ပြေတဲ့ Android Office ရှိပါတယ် ။
MS Word File တွေဖြစ်တဲ့ ( .doc , .docx , .rtf , .xml) စသည် ၊ MS Excel File တွေဖြစ်တဲ့
( .xls , .xlsx) Text file, office XML files နဲ့ CSV file တွေကို Support လုပ်ပါတယ် ။

Google Play Store မှာ 5.89$ ပေးရတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ ။ သုံးကြည့်ပါ ။ ကောင်းမှန်းသိမှာပါ ။
လိုချင်ရင် ( လိုအပ်မယ်ဆိုရင် )  ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

တစ်ခုတောင်းဆိုချင်တာက ကျွန်တော့ဆီမှာက Mediafire Account ပဲ ရှိတာဖြစ်တဲ့အတွက်
MediaFire မှာပဲ တင်ထားပါတယ် ။ အဲ့ဒီမှာက ဒေါင်းတာများလာရင် Limit ပြည့်သွားရင်
Team Policy အရ ဖျက်ပစ်လေ့ရှိပါတယ် ။ ဒါကြောင့် Download Link တွေ အလုပ်မလုပ်တော့ဘူးဆိုရင်
ကျွန်တော့ကိုပြောဖို့ မေတ္တာရပ်ခံပါတယ် ။ ကွန်မန့်မှာဖြစ်စေ ရေးခဲ့နိုင်ပါတယ် ။

Kaspersky Mobile Security ( PRO )

ဒီနေ့ခေတ်ထဲ ပိုးတွေက ကိုးဆယ့်ခြောက်ပါး မကတော့ပါဘူး စက်ရုပ်ချစ်သူတို့ ။
ဒီတော့ ကိုယ့်စက်ရုပ်လေးက ဟိုကလိ ဒီကလိ ဟိုဒေါင်း ဒီဒေါင်းဆိုရင် သူ့ကိုလဲ ပိုးကိုက်ပြီး
နေမကောင်းဖြစ်နိုင်တာပေါ့ ။ ကာကွယ်ဆေးလေး ထိုးထားကြရအောင် ။
နာမည်ကျော် KasPersky Antivirus လေးပါ ။ ခပ်တည်တည်ပါပဲ . . . MMAM ကနေဒေါင်းပြီး
ဒီမှာပြန်တင်ပေးထားတာ ။း) Myanmar Mobile App Team ကို ခရက်ဒစ်ပေးပါတယ် ။
ကျေးဇူးတင်ပါတယ် အစ်ကိုတို့ ။ လိုင်စင်ဗားရှင်းလေးပါ ။
Android Version 2.2 နဲ့အထက် လိုအပ်ပါတယ် ။ Call SMS Blocking စနစ်တွေ ၊
ကိုယ့်ဖုန်းအခိုးခံရရင် ဖုန်းထဲက ဒေတာတွေကို သူများမသိစေဖို့ Message Command ပေးလို့ရတဲ့
စနစ်တွေ ၊ Antivirus စနစ် ၊ စသည်ဖြင့် တော်တော်လန်းပါတယ် ။ အခုဒီကဒေါင်းသွားတဲ့ဟာမှာတော့
Antivirus က Out of Date ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ။ အဲ့ဒါကိုတော့ အင်တာနတ် ( ခဏလောက်)
ချိတ်ဆက်ပြီး Update လုပ်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ် ။
အော် . . . ပြောဖို့မေ့နေတာ ။ Google Play Store မှာ 4.95$ ပေးရပါတယ် ။း))

လိုချင်ရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။

Credit to - Myanmar Mobile App Store


Punch Hero

လက်ဝှေ့ထိုးချင်ပါသလား ။ စိတ်ထဲက ကြိတ်ပြီးမကျေနပ်နေတာတွေများရှိလား ။
ထိုးမယ်ဗျာ ။ ကိုယ့်ဖုန်းထဲ ကိုယ်ထိုးမယ် ။ ဘယ်သူ့ဂရုစိုက်မလဲ ။
ထိုးလို့ကောင်းတဲ့ Game လေးတစ်ခု အလှူအိမ်မှာ ရနိုင်ပါပြီ ။
Online Game တစ်ခုဖြစ်ပါတယ် ။ Internet လိုင်းမရှိရင်တော့ စိတ်မကောင်းပါဘူး ။

ထိုးမယ်ဆို ဒီနေရာမှာ ဒေါင်းဗျာ ။ ( အင်တာနတ်လိုင်းရှိမှ ရမှာနော ... )း)



Live Hol'dem Poker Pro

လာကြ လာကြ  ဖဲရိုက်ကြမယ်ဟေ့ ။း))

Google Play မှာလဲ Free Download ရပါတယ် ။ ဒါမှမဟုတ် APK ဖိုင်ကိုမှ အပိုင်လိုချင်တဲ့
စက်ရုပ်ချစ်သူတို့အတွက်တော့ အလှူအိမ်မှာ ဒေါင်းကြပါပေါ့ ။း)
Facebook နဲ့ချိတ်ဆက်ပြီးဆော့နိုင်ပါတယ် ။ ကိုယ်ပိုင်အကောင့်နဲ့ဝင်ဆော့ရင်လဲ ရပါတယ် ။
သူလိုကိုယ်လို ဖဲသမားတွေ တပုံကြီးရှိပါတယ် ။ ( ကျွန်တော်ရှိတယ်ဆိုတာလဲ လျှောက်မပြောနဲ့နော် )



ကဲ . . . ဖဲသမားအပေါင်းတို့ .. အဲ့လေ .. စက်ရုပ်ချစ်သူအပေါင်းတို့  ဒီနေရာမှာ ဒေါင်းတော်မူပါကုန် ။

Kakao Talk

Viber ပိတ်တယ်လား ။ အဟက် ။ ပိတ်ပိတ်ပေါ့ဗျာ ။ ဘာဖြစ်လဲ ။
ပိတ်တော့ မသုံးဘူးပေါ့ ။ ဒိပြင်ဟာပြောင်းသုံးမယ် ဆိုတဲ့ စက်ရုပ်ချစ်သူတို့အတွက်
အလန်းလေးတစ်ခုလာပါပြီ ။
Kakao Talk ဆိုတဲ့ Free Call + Text လေးပါ ။ Google Play မှာ Viber ကို 5 star ပေးတာ
၂၉၉၅၀၀ ၀န်းကျင်ပဲ ရှိပါတယ် ။ ဒီကောင်လေး kakao ကိုတော့ ၇၁၆၈၀၀ ၀န်းကျင်ရှိပါတယ် ။
စက်ရုပ်ချစ်သူတို့ သုံးသပ်ကြည့်ကြဖို့ပါ ။း))
CNET Download ရဲ့ No.1 Free Texting ပေးခြင်းခံရတဲ့ဆော့ဝဲလ်လဲဖြစ်ပါတယ် ။
Viber ထက်သာတာက အသံထွက်ကောင်းမွန်မှုအပြင် သူက walkie talkie အဖြစ်လဲ သုံးလို့ရပါတယ် ။
Photo Sharing , Video Sharing , Unlimited Person Group Chat စသည်ဖြင့် စသည်ဖြင့် ။း)

လိုချင်ပြီမဟုတ်လား ။ ဒီနေရာမှာ ဒေါင်းရင်း ဆန္ဒပြကြပါစို့ ။း)
သားမပါဘူးနော် ။ ဖမ်းခံရရင် ဦးတို့ ဒေါ်ဒေါ်တို့ပဲ ။

AND CAD ( Paid Version )

Android ဖုန်းတစ်လုံးရှိရုံနဲ့ AutoCAD 2D Project တွေကို ဘယ်နေရာမှာမဆို လုပ်လို့မရချင်ဘူးလာား ။
သင့်အဖြေက  ရချင်တာပေါ့ ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ် ။
ဒီမှာလာပါပြီ ။ ။ ။ 2D CAD Paid Version လေးပါ ။ 

Google Play Store မှာ 35$ နီးပါး ပေးရတဲ့တန်ဖိုးရှိဆော့ဝဲလ်လေးတစ်ခုပါ ။
အလှူအိမ်မှာတော့ . . . . အလှူခံတော်မူကြပါဗျို့ ။
လိုချင်ရင် ဒီနေရာမှာ ဒေါင်းယူနိုင်ပါတယ် ။ ဖိုင်ဆိုဒ်လေးလဲ သေးပါတယ် ။

Advanced Task Manager Pro

သင်ဟာ ခြေဆော့လက်ဆော့ရှိသူတစ်ဦး ဖြစ်ပါသလား ။း))
Android Device တွေမှာ ဆော့ဝဲလ်တွေ ဟိုကရှာဒေါင်း ဒီကရှာဒေါင်း ပြန်ဖျက် ပြန်ဒေါင်း ပြန်ဒေါင်း
ပြန်ဖျက် နဲ့ ကြာတော့ ဖုန်းက လေးလာပါလေရော ။ ဒီတော့ စိတ်အလိုမကျဖြစ်ရတာပေါ့ဗျာ ။
Background မှာ Run နေတဲ့ ဆော့ဝဲလ်ပေါင်းသောင်းခြောက်ထောင်နဲ့ဆိုတော့ လေးပြီပေါ့ ။
ဒီအတွက် အခု App လေးက ကူညီပါလိမ့်မယ် ။ Background မှာ Run နေတဲ့ ဆော့ဝဲလ်တွေကို သူက
ဖျက်ပေးမှာပါ ။ Auto Kill , Regular Kill စသည်ဖြင့် အလိုအလျောက်စနစ်တွေလဲ သတ်မှတ်ထားလို့ရပါတယ် ။ ဆော့ဝဲလ်တွေ Uninstall လုပ်တာဘာညာ ။ အို . . . စုံလို့ပါပဲ ။း))
Google Play Store မှာ 2.90$ ပေးရတဲ့ Pro Version လေးပါ ။ စီနီယာမြန်မာဖုန်းဆိုက်တွေမှာလဲ
ဝေမျှထားတာတွေ့ရပါတယ် ။


လိုချင်ရင်တော့ ဒီနေရာမှာ  ဒေါင်းလုဒ် ရယူနိုင်ပါတယ် ။

Always Charged

မိတ်ဆွေ ။
သင်ဟာ သတိမေ့တတ်သူတစ်ယောက် ဖြစ်ပါသလား ။
ညအိပ်ယာဝင်ချိန် သင့်ရဲ့လက်ကိုင်ဖုန်းကို အားသွင်းဖို့မေ့လျော့နေလေ့ရှိတဲ့အတွက်
နောက်တနေ့မနက်မှာ ဖုန်းဘထ္ထရီအားကုန်နေခြင်းမျိုး ကြုံဖူးပါသလား ။
ဒါဆိုရင်တော့ ဒီ App လေးကိုသုံးကြည့်လိုက်ပါ ။ သူက သင့်ကို ဘထ္ထရီအားသွင်းဖို့ လက်တို့ပါလိမ့်မယ် ။း)

ညအိပ်ချိန်ကို Timer ပေးထားလိုက်ရင် သူက ညအိပ်ယာဝင်ချိန်လေးမှာ သင့်ကို အချက်ပေးပါလိမ့်မယ် ။
သင့်မိုဘိုင်းဖုန်းရဲ့ ဘထ္ထရီအားအမြဲအဆင်သင့်ရှိနေပြီပေါ့ ။
လိုချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ် ။

BlackList Pro

Mobile ဖုန်းအသုံးပြုတဲ့အခါ ကိုယ်မခေါ်စေချင်တဲ့သူတွေက ကိုယ့်ကို ဖုန်းဆက်နှောက်ယှက်နေပါသလား ။
ကိုယ့်ဖုန်းကလဲ ပိတ်ထားဖို့မဖြစ် အမြဲသုံးနေရတော့ နှောက်ယှက်တဲ့သူတွေရှိရင် စိတ်ညစ်ရမှာပေါ့ ။
ဒီအတွက် BlackList Pro Version လေးကိုတင်ပေးလိုက်ပါတယ် ။
ကိုယ့်ကို မခေါ်စေချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို BlackList လုပ်ထားလိုက်ရင်ဖြင့်
စိတ်အနှောက်အယှက်မဖြစ်ရတော့ဘူးပေါ့ ။ ဒီ App လေးမှာ ဖုန်းနံပါတ်တစ်ခုကို လုံးဝခေါ်လို့မရအောင်
Block လုပ်ထားလို့ရပါတယ် ။ ဒါ့အပြင် နံပါတ်တစ်ခုက ဖုန်းခေါ်တဲ့အခါ ကိုယ်မကိုင်ချင်တဲ့နံပါတ်ဆိုရင်လဲ
Ringer ကို ပိတ်ထားအောင်လုပ်လို့ရပါတယ် ။ SMS Block , Make End Call စသည်ဖြင့်
Function စုံလင်လှပါတယ် ။ Google Play Store မှာ 3.25$ ပေးရတဲ့ဆော့ဝဲလ်လေးတစ်ခုပါ ။
ကျွန်တော့ဆီမှာတော့ ..... ဟဲဟဲ  ။ သုံးကြည့်ပါ ။ ကောင်းမှန်းသိမှာပါ ။း)


ပိတ်ချင် ဆို့ချင်တယ်ဆိုရင်  ဒီနေရာမှာ  ဒေါင်းကြပါဗျို့ ။

HomeRun Battle 3d ( HD )

ပရိတ်သတ်ကြီး Baseball ရိုက်ရတာကို ၀ါသနာပါ ပါသလား ။
ဒီမှာ ဘေ့ဘော ချစ်သူတွေအတွက် ဂိမ်းအလန်းစားလေးတစ်ခုပါ ။
Com2Us က ထုတ်တဲ့ ဂိမ်းဆိုတော့ တကူးတကတော့ ညွှန်းစရာလိုမယ်မထင်ပါဘူး ။





Online ချိတ်ဆက်ပြီး ကမ္ဘာတ၀န်းမှာ ရှိနေတဲ့ BASEBALL SLUGGERS ပေါင်းများစွာနဲ့
head - to - head ယှဉ်ပြိုင်နိုင်ပါတယ် ။ Offline Mode အနေနဲ့လဲ ကစားနိုင်ပါတယ် ။
ကစားသူပေါင်း 10 Million ကျော် ရှိပါတယ် ။ ( ကျွန်တော် လဲ ရှိပါတယ်း)  )
The Best of the Best Apps Awards  ရရှိထားတဲ့ ဂိမ်းလေးတစ်ခုလဲ ဖြစ်ပါတယ် ။
Google Playstore မှာ 0.99$ ပေးရပါတယ် ။ ဒီမှာတော့ အလကားပေါ့ဗျာ ။ ဆော့ကြည့်ဖို့
တိုက်တွန်းပါတယ် ။ File Size လေးလဲ သေးပါတယ် ။း))

လိုချင်ရင်  ဒီနေရာမှာ  Download ရယူနိုင်ပါတယ် ။

1st Myanmar Browser

အလှူအိမ် ရဲ့ ပထမဆုံး ဝေမျှမှုအနေနဲ့ -
1st Myanmar Browser လေးကို ဝေမျှပေးချင်ပါတယ် ။
စက်ရုပ်ချစ်သူတို့အတွက်  မြန်မာဖောင့်ထည့်သွင်းထားခြင်းမရှိတဲ့ ဖုန်းတွေမှာ
မြန်မာဆိုက်တွေကို မြန်မာလိုဖတ်လို့ ရနိုင်ပါသတဲ့ ။


သူ့ရဲ့ လုပ်ဆောင်ချက်တွေကတော့ -

[✔] automated feed updates
[✔] simplified URL entering
[✔] widget (n/a on apps2sd by android restrictions)
[✔] adjustable notifications
[✔] NO ads
[✔] NO search for feeds
[✔] OPML support
[✔] proxy support
[✔] feed sort
[✔] automated backups to SD card (unencrypted)

 စိတ်ဝင်စားမှု ရှိတယ် ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
ဒီ APPS လေးအတွက် 1st MM Developer Team ကို ကျေးဇူးတင်ပါတယ် ။

Credit to - 1st mm developer team