လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

မြန်မာ့ခြောက်လုံးပတ်

အခုဆော့ဝဲလ်လေးအကြောင်း မပြောခင် -
Programming - Thein Hla Maw , 
Graphics Design - Kyauk Se
Music 'n data - Benny ( Kyaw Soe Min ) တို့ကို ကျေးဇူးအထူးတင်ကြောင်း
အရင်ပြောလိုပါတယ် ။ မြန်မာ့ယဉ်ကျေးမှုတစ်ခုကို အခုလိုအားထုတ်တည်ဆောက်ပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ် ။ ဒီဆော့ဝဲလ်လေးက မြန်မာ့ဆိုင်း ခြောက်လုံးပတ်လေးပါ ။
မိမိရဲ့ စက်ရုပ်လေးပေါ်မှာ ဆိုင်းတီးနိုင်ပါပြီ ။ 

  
တကယ်ချစ်စရာကောင်းလွန်းတဲ့ ဆော့ဝဲလ်လေးပါ ။ Sony လိုမျိုး အသံထွက်ကောင်းတဲ့ဖုန်းတွေဆိုရင်
ပိုမိုက်ပါတယ် ။ လိုချင်ပါတယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
ကဲ . . . စက်ရုပ်ကလေးမှာ ပလပ်ထိုး ။ ဆောင်းဘောက်စ်နဲ့ ဂျွိုင်း ။ ဘေးလူနားညီးတဲ့အထိ
မိမိရဲ့လက်စွမ်းကို ပြပေတော့ဗျို့ ။ 
( အထူးသတိပြုရန် - စိတ်ပါပြီး လှိမ့်တီးနေလို့ ဖုန်းစခရင်ကြီးကွဲသွားနိုင်ပါသည် ။ 
 ဖြည်းဖြည်းတီးပါ ။း)) ) 

0 comments:

Post a Comment