လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

TSF Shell Launcher

စက်ရုပ်ချစ်သူတို့အတွက် အကောင်းဆုံးအသုံးတော်ခံမဲ့ Launcher လေးတစ်ခုနဲ့ 
မိတ်ဆက်ပေးချင်ပါတယ် ။ ဒီ Launcher လေးသုံးမိပြီးရင်တော့ အရင့်အရင်ကသုံးခဲ့တဲ့
Launcherလေးတွေကို ခပ်ဝေးဝေးကိုပစ်ထားချင်မိပါလိမ့်မယ် ။ ကျွန်တော် ဒီလိုညွှန်းပါတယ် ။
လက်ရှိကျွန်တော်သုံးနေတဲ့ Launcher လေးတစ်ခုဖြစ်ပါတယ် ။ 
ကဲ . . .. လာပါပြီဗျာ ။ TSF Shell Launcher လို့ ခေါ်ပါတယ် ။


အရင်ဆုံးကြေငြာလိုတာက . . . Google Play Store မှာရှိတဲ့ Launcher တွေထဲမှာ
ဈေးအကြီးဆုံး Launcher တစ်ခုဖြစ်ပါတယ် ။ 16.80$ ပေးရမှာပါ ။ 
ကျွန်တော့်ဆီမှာတော့  . . . . အလှူလို့ပဲသဘောထားပါတယ်ဗျာ ။ အလကားသာယူကြပါ ။
ကဲ .. . . သူရဲ့ စွမ်းဆောင်နိုင်မှုလေးတွေ ကျွန်တော်ပြောပြပါ့မယ် ။
သင်လုပ်တတ်သလောက်လုပ်လို့ရပါတယ် ။း)) စိတ်တိုင်းကျလုပ်ချင်တာလုပ်နေလို့ရတာမို့
ကျွန်တော်ဘာပြောရမှန်းကိုမသိဘူးဖြစ်နေတာ ။ Folder တည်ဆောက်တာ ။ Widget ထားတာ ။
အလှဆင်တာ ။ 3D Gallery ။ Weather Widget ။ Media Widget ။ Memo Widget ။
စသည်ဖြင့် တော်တော်ကို စိတ်တိုင်းကျလုပ်လို့ရပါတယ် ။ သုံးကြည့်စမှာတော့ သုံးနေကျ

Launcher တွေလိုမဟုတ်တဲ့အတွက် အနည်းငယ်အခက်အခဲရှိနေနိင်ပါတယ် ။ 
အကြံပေးလိုတာက လျှောက်သာလုပ်ကြည့်ကြပါဗျာ ။း))
Let’s say goodbye to the traditional operation system.း))
စိတ်ဝင်စားမှုရှိလို့ လိုချင်တယ်ဆိုရင် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 

** Download လုပ်ပြီးတဲ့အခါ Market License Verification ကိုဖျက်ပေးရပါမယ် ။ 
အဲ့ဒီအတွက် Lucky Patcher ဆိုတဲ့ဆော့ဝဲလ်လေးကို သုံးရပါမယ် ။ Lucky Patcher မရှိရင်
Lucky Patcher Download ရယူရန်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 
အသုံးပြုပုံကတော့ TSF Shell ကို Install လုပ်ပါ ။ ပြီးရင် တဆက်တည်း Lucky Patcher ကို
Install လုပ်ပါ ။ ပြီးရင် Lucky Patcher ကိုမဖွင့်ပါနဲ့ဦး ။ TSF Shell ကို အရင် Run လိုက်ပါ ။
TSF Shell Loading လုပ်နေပြီး Launcher တက်လာပြီဆိုရင် Lucky Patcher ကိုဖွင့် ။
Update လုပ်ဖို့ဘာညာလာမေးရင် Close သာလုပ်လိုက်ပါ ။ ပြီးရင် Lucky Patcher လေးက
Application တွေကို Loading လုပ်နေပါလိမ့်မယ် ။ ကိုယ်သွင်းထားတဲ့ Application တွေပေါ်လာရင်
TSF Shell ကို ရှာပါ ။ တွေ့ရင် TSF Shell ရဲ့ icon ကိုဖိထားပါ ။ Box တစ်ခုတက်လာပါမယ် ။
အဲ့ဒီထဲကမှ အပေါ်ဆုံးမှာ Custom Patch ! ဆိုတာရှိပါလိမ့်မယ် ။ အဲ့ဒါကို နှိပ်ပါ ။
သူ့ဟာသူ လုပ်ချင်တာတွေလုပ်နေပါလိမ့်မယ် ။ စာအစိမ်းလေးတွေ အများကြီးပေါ်လာပြီး
OK ဆိုတာလေးပေါ်လာပါလိမ့်မယ် ။ အဲ့ဒီအခါ OK ကိုနှိပ် ။ ဒါဆို TSF Shell ကိုသုံးလို့ရပါပြီ ။
စာအစိမ်းလေးတွေမတက်လာပဲ အနီတွေချည်းပဲတက်လာရင် TSF Shell ကို uninstall ပြန်လုပ်ပြီး
ပြန်တင်ပါ ။ ပြီးရင် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းအတိုင်းပြန်လုပ်ပါ ။ ရပါလိမ့်မယ် ။
ဒီနေရာမှာ တစ်ခုရှိတာက ကိုယ်က တခြား Launcher တွေတင်ထားတယ်ဆိုရင်
Luckey Patcher မှာ စာအစိမ်းလေးတွေအဆင့်မှာ OK နှိပ်ပြီးတဲ့အခါ Back နဲ့ပြန်မထွက်ပဲ
Phone ရဲ့ Home Key ကို နှိပ်လိုက်ပါ ။ ကိုယ်တင်ထားတဲ့ Launcher တွေထဲမှာ
ဘယ်ဟာကိုရွေးမလဲ ပေါ်လာပါလိမ့်မယ် ။ အဲ့ဒါတွေရဲ့အောက်ဆုံးမှာ အမှန်ခြစ်ဖို့အကွက်လေး
ရှိပါလိမ့်မယ် ။ အဲ့ဒီအကွက်လေးထဲ အမှန်ခြစ်ပေးပြီး Make Dafault လုပ်လိုက်ပါ ။ ပြီးတော့မှ
TSF Shell ကိုရွေးလိုက်ပါ ။ ဒါဆိုရင် TSF Shell Launcher ဟာ Default ဖြစ်သွားပြီး
အတည်ဖြစ်သွားပါလိမ့်မယ် ။ အဆင်ပြေပါစေ ။ တကယ်လို့ ပြောတာတွေ ရှုပ်သွားခဲ့ရင်
mr.lawkaparla@gmail.com သို့ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ် ။ ကျွန်တော့အိပ်ချိန်မှလွဲ၍
တတ်နိုင်သလောက် အချိန်ပြည့်နီးပါး ကျွန်တော် ပြန်လည်ဖြေကြားပေးပါ့မယ် ။း)

TSF Shell Download Link >>> DownLoad

အပေါ်မှာစကားတွေများပြီး စာတွေရှုပ်နေမှာဆိုးလို့ ဒေါင်းလုပ်လင့်ကိုသပ်သပ်ထပ်ခွဲပေးထားပါတယ် ။

0 comments:

Post a Comment