လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

Auto App2SD

စက်ရုပ်ဖန်တီးသူတွေက နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ ဖန်တီးနေတဲ့အခါ
စက်ရုပ်ချစ်သူတို့က ဟိုဟာလေးလဲ လိုချင်ပါရဲ့ ဒီဟာလေးလဲလိုချင်ပါရဲ့ နဲ့ တွေ့သမျှ ဒေါင်း ဒေါင်း ဒေါင်း
နေတဲ့အခါ သင့်ရဲ့စက်ရုပ်ကလေးဟာလဲ ဒေါင်းသွားမှာပေါ့ ။
ဒါကြောင့် စက်ရုပ်ဖုန်းလေးတစ်လုံးဝယ်တဲ့အခါ Internal Memory ခေါ် Phone Memory မြင့်မြင့်လေး
ဝယ်ရင်ဖြင့် ဒေါင်းရတင်ရကလိရတာအရသာရှိတာပေါ့လေ ။ Phone Memory နည်းတဲ့
စက်ရုပ်လေးတွေကျတော့ အင်ဆားဖစ်ရှန့်မန်မိုရီဘာညာသာရကာ  .... အာကွာ မျက်စိနောက်စရာ ။း)
ဆိုတော့ကား . . . ဖုန်းမန်မိုရီကိုလဲ မြှင့်လို့မရတော့ ကိုယ်တတ်နိုင်သလို မန်မိုရီကဒ် GB များများ
ဝယ်တယ်ပေါ့ ။ အဲ့ဒီအခါမှာ ဒီဆော့ဝဲလ်လေးအသုံးဝင်ပါပြီ ။ သင့်ရဲ့ ဖုန်းမန်မိုရီမှာ install လုပ်ထားတဲ့
ဂိမ်းတွေ Application တွေကို external MemoryCard ဆီမှာ ပြောင်းပြီး install လုပ်မှာပါ ။
ဒီအခါ သင့်ဖုန်းမန်မိုရီမလောက်မှာ မပူရတော့ဘူးပေါ့ ။
အခုဆော့ဝဲလ်လေးက အမြစ်တူးထားဖို့ လိုပါတယ် ။ ** Requires Root **

သာမန် App2SD ဆော့ဝဲလ်တွေ မရွှေ့နိုင်တဲ့ ဆော့ဝဲလ်တွေကိုပါ ရွှေ့နိုင်ပြောင်းနိုင်ပါတယ် ။
တစ်ခု အကြံပြုလိုတာက ဖုန်းမှာ Widget အဖြစ်ထားရှိမဲ့ဆော့ဝဲလ်တွေကိုတော့ ဖုန်းမှာပဲ
install လုပ်စေချင်ပါတယ် ။ အကုန်လုံးနီးပါး ရွှေ့နိုင်တယ်လို့ပဲ ဆိုကြပါစို့ ။
ကဲ . . . လိုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။
ကိုယ့်ဖုန်းက အမြစ်မတူးရသေးလို့ အမြစ်ဘယ်လိုတူးမလဲတော့ လာမမေးနဲ့နော် ။း))
Myanmar Mobile Application ဆိုက်ကို လက်ညိုးထိုးပြလိုက်မှာ ။း)

0 comments:

Post a Comment