လိုအပ်သော App များ Game များအား Cbox တွင်ရေးသားတောင်းဆိုနိုင်ပါတယ် ။ တတ်နိုင်သလောက် ကျွန်တော်ရှာပြီးတင်ပေးပါ့မယ် ။

PS One Hervest Moon For Android

ငယ်ငယ်တုန်းက Playstation one ဂိမ်းလေးတွေမှာ ထမင်းမေ့ဟင်းမေ့ဖြစ်ခဲ့ဖူးပါသလား ။
တစ်ခါတစ်လေကျရင် အခုခေတ်ပေါ်ဂိမ်းတွေထက် ငယ်ငယ်တုန်းက ကစားခဲ့တဲ့ဂိမ်းလေးတွေကို
လွမ်းသလိုလိုဖြစ်နေတတ်တဲ့ ဂိမ်းသမားတွေ ရှိကြပါတယ် ။
အခု အဲ့ဒီအိပ်မက်လေးတွေကို စက်ရုပ်လေးနဲ့ ပြန်အသက်သွင်းရအောင် ။
ဒီပို့စ်မှာတော့ ကျွန်တော်အကြိုက်ဆုံးဂိမ်းလေးတစ်ခုဖြစ်တဲ့ Hervest Moon Back to Nature လေးကို
တင်ပေးပါ့မယ် ။ ကျန်တဲ့ဂိမ်းတွေ လိုချင်ရင်လဲ သွားဒေါင်းလို့ရအောင် ဒေါင်းရမဲ့နေရာပြပေးပါ့မယ် ။

ကဲ . . . . ကျွန်တော်တို့ Dream To Come True ကြရအောင် ။း))



စက်ရုပ်ဖုန်းလေးမှာ PS 1 ဂိမ်းတွေ ဆော့ဖို့အတွက် Emulator လိုအပ်ပါတယ် ။
ဒီတော့ Emulator အရင်ဒေါင်းကြရအောင် ။
လိုအပ်တဲ့ Emulator လေးကို  ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ Crack လုပ်ပြီးသားပါ ။
တိုက်ရိုက်တန်းသုံးနိုင်ပါတယ် ။ အကယ်၍ Activate လုပ်ခိုင်းတာတို့ ဘာတို့ဖြစ်လာရင်တော့
အောက်မှာဆက်ရေးထားတဲ့နည်းကို ဆက်လုပ်ပေးပါ ။ ကျွန်တော်တင်ထားတဲ့ Cracked Version က
အဆင်ပြေပါလိမ့်မယ် ။ ကျွန်တော်ကိုယ်တိုင်အထပ်ထပ်စမ်းပြီးသားပါ ။ တစုံတစ်ခုလွဲချော်ခဲ့မှသာ
Activate လုပ်ဖို့အောက်ကနည်းလမ်းကို ဆက်သုံးပါ ။

( တကယ်လို့များ တိုက်ရိုက်တန်းသုံးဖို့အဆင်မပြေမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင်တော့ 
 Activator ကို ဒီနေရာမှာ ဒေါင်းပြီး Activate လုပ်ပေးလိုက်ပါ ။ Activate လုပ်ပုံလုပ်နည်းက
 Emulator ကို အင်စတောလုပ်ပါ ။ ထို့နောက် Activator ကို အင်စတောလုပ်ပါ ။
 ပြီးရင် Activator ကိုဖွင့်ပါ ။ Pitch ဆိုတဲ့ခလုပ်လေးတစ်ခုထဲ ထင်ထင်ရှားရှားမြင်ရပါမယ် ။
 အဲ့ဒါလေးကို နှိပ်ပေးလိုက်ပါ ။ ဒါဆိုရင် သင့်ရဲ့ Emulator ဟာ Activate လုပ်ပြီးသားဖြစ်သွားပါပြီ ။
 အသုံးပြုလို့ရပါပြီ ။ ဒီနည်းလမ်းကို MMUC က ကိုဘိုဆန်နီလွင်ဆီမှ ရယူထားခြင်းဖြစ်သောကြောင့်
ကိုဘိုဆန်နီလွင်ကို ခရက်ဒစ်ပေးပါတယ် ။ ဒီနည်းလမ်းကိုအသုံးပြုဖို့ Root လုပ်ထားပြီးသားဖြစ်ရပါမယ် )

Emulator ဒေါင်းပြီးပြီဆိုရင်တော့ Bios ဆက်ဒေါင်းပါမယ် ။ ( ဒေါင်းရလွန်းလို့ စိတ်တော့မညစ်
ပါနဲ့ဗျို့ )

လိုအပ်တဲ့ Bios အတွက် ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ 

တလက်စတည်း Game Rom ပါ ဆက်ဒေါင်းလိုက်ကြပါဗျာ ။ 
စိုက်ပျိုးရေးဂိမ်းလို့ ခေါ်ကြတဲ့ Hervest Moon Back To Nature ပါ ။
ဒီနေရာမှာ ဒေါင်းပါ ။

အခုဆိုရင် ကျွန်တော်တို့မှာ လက်နက်စုံပါပြီ ။ တိုက်ပွဲဝင်ကြရအောင် . . . . 
ပထမဆုံး ဒေါင်းတဲ့ Emulator ကို ဖုန်းမှာ Install လုပ်ပါ ။ 
ပြီးရင် ဒေါင်းထားတဲ့ Bios နဲ့ Game Rom ကို Sd Card ထဲသို့ထည့်ပါ ။ 
ပြီးရင် Emulator ကို Run ပါ ။ ပေါ်လာပါမယ် ။း)) 
Load Bios ကိုနေရာမှာ စောစောက ဒေါင်းထားခဲ့တဲ့ Bios ဖိုင် SCPH1001.Bin ကို ရွေးပါ ။
ပြီးရင် Load Game မှာ Sd Card ထဲမှာသိမ်းထားခဲ့တဲ့ Hervest Moon ကိုရွေးပါ ။

သင်ဘာမြင်ရပါမည်နည်း ။ ကျွန်တော်မပြောတော့ပါ ။ တွေ့ပါလိမ့်မည် ။း))
ကဲ . . . လယ်လေးထွန်လိုက် ခွေးလေးကျောင်းလိုက် ဖွန်လေးကြောင်လိုက် ငါးလေးမျှားလိုက်နဲ့
အလေလိုက်နိုင်ပါပြီ ။ အော် . . . တစ်ခုသင်ပေးပါဦးမယ် ။
ဂိမ်းစစချင်း သင့်မှာပိုက်ဆံအနည်းငယ်ပါပါမယ် ။ စတိုးဆိုင်ကိုသွားပါ ။ မျိုးစေ့ဝယ်ပါ ။
ဝယ်တဲ့အခါ တန်ဖိုးကြီးကြီးတစ်ခုကိုရွေးပြီး ပမာဏအများဆုံးအထိရွေးပြီးဝယ်လိုက်ပါ ။
ပိုက်ဆံမလောက်မှာ မပူပါနဲ့ ။ သင့်ကို အကြွေးရောင်းပါလိမ့်မယ် ။ 
နောက်ကျတော့မသိချင်ယောင်ဆောင်ပြီး ပြန်မပေးနဲ့တော့ပေါ့ဗျာ ။း))
စတိုးဆိုင်ကိုသွားတိုင်းလဲ ဆိုင်ရှင်ကိုစကားသွားမပြောပါနဲ့ ။ အကြွေးတောင်းမှာတော့မဟုတ်ဘူး ။
သင့်ကို တယောထိုးပြပါလိမ့်မယ် ။ ဒါမျိုးကတော့ ဂိမ်းထဲတောင်လက်မခံနိုင်ဘူး ။း))

- ဟိုရောင်းဒီရောင်းလုပ်ပြီး ပိုက်ဆံရတဲ့အခါ ကျောပိုးအိတ်ကို အရင်ဝယ်သင့်ပါတယ် ။
  ပြီးရင် ခြင်းတောင်း ၀ယ်ပါ ။ သင့်အတွက်အများကြီးအထောက်အကူပြုပါမယ် ။
 ရွှေသွားတူးပါ ။ တောင်းနဲ့သွားတဲ့အခါ ပိုများများစုနိုင်ပါမယ် ။ မောပြီးလဲခါနီးအထိတူး ။
 ပြီးရင် သွားရောင်း ။ ပြီးရင် မိုင်းတွင်းအရှေ့က ရေပူစမ်းမှာ ရေ၀င်ချိုး ။ အိပ်ငိုက်သလိုဖြစ်တဲ့အထိ
နေလိုက်ရင် အားပြန်ပြည့်ပါတယ် ။ ရွှေထပ်တူး ။ ထပ်ရောင်း ။ တနေ့ကို သုံးခါလောက်တော့
တူးလို့ရပါတယ် ။ ပိုက်ဆံတအောင့်လေးချမ်းသာတာပေါ့ ။

- ကိုယ့်ရဲ့ ကိရိယာတွေကို အဆင့်မြှင့်ဖို့ ပါဝါလိုနေတယ်ဆို၇င်လဲ လွယ်ပါတယ် ။
  အပြင်မှာလုပ်စရာတွေလုပ်ပြီးတဲ့အခါ အိမ်ထဲပြန်ဝင်ပြီး ကိုယ်အဆင့်မြှင့်ချင်တဲ့ကိရိယာကို သုံးနေပါ ။
ဥပမာ . . ပုဆိန်ကို မြှင့်ဖို့လိုတယ်ဆိုပါစို့ ။ အလုပ်တွေပြီးတဲ့အခါ ရေသွားချိုးပြီး အိမ်ထဲပြန်ဝင် ။
အိမ်ထဲမှာ တနေရာရာကို ပုဆိန်နဲ့သာထိုင်ခုတ်နေ ။ ပက်လက်လှန်မောတဲ့အထိ ခုတ်နေ ။
နောက်ဆုံးအဆင့်မောတဲ့ပုံပြရင်တော့ အပြင်မထွက်နဲ့တော့ ။ တန်းပြီးအိပ်ယာဝင်လိုက်ပါ ။
ဒီလိုနဲ့ဆိုရင် တပတ်လောက်နေ့တိုင်းခုတ်နေရင် ပုဆိန်ပါဝါဟာ ခဏလေးပြည့်သွားမှာပါ ။း)

ကဲ . . . စိုက်ပျိုးရေးချည်းပဲလားဆိုတော့ မဟုတ်ပါဘူး ။ ဒိပြင်ဂိမ်းတွေကိုဒေါင်းချင်ရင်
ဒီနေရာမှာ သွားရောက်ဒေါင်းလုပ်ရယူနိုင်ပါတယ် ။ မန်မိုရီကဒ်ပမာဏများများသာ ၀ယ်ထားဗျို့ ။း)
 
Emulator Download Link !!
Activator Download Link !!
Bios Download Link !!
Hervest Moon (BTN ) Download Link !!

0 comments:

Post a Comment